Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေကြည်တွင် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

ဦးတာဘူးပစ်သတ်ခံရသည့်ဖြစ်စဥ်သည် ယမန်နေ့(စက်တင်ဘာ ၁၄ရက်) ညနေ ၃နာရီခန့်က ဖြစ်ခဲ့ပြီး ယခုအခါ စစ်ကောင်စီတပ်က ပုသိမ် – ရေကြည် – ဟင်္သာတ လမ်းပိုင်းတစ်လျှောက် စစ်ဆေးမှုများ တင်ကျပ်ထားသည်ဟု သတင်းရရှိသည်။

ဦးတာဘူး ရှင်းလင်းခံရသည့်နေရာ၊ ဓာတ်ပုံ - CJ
ဦးတာဘူး ရှင်းလင်းခံရသည့်နေရာ၊ ဓာတ်ပုံ - CJ

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် အဝေးပြေးလမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ရှင်းလင်းခံလိုက်ရသည်။

ရေကြည်မြို့နယ်၊ ဇရပ်လှကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတာဘူးသည် ရေကြည် – ငါးသိုင်းချောင်းလမ်းတစ်နေရာတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

” ဦးတာဘူးက ကျွန်တော်တို့ဒေသ စစ်အာဏာရှင်တော်လှန်ရေးအတွက် အန္တရာယ်ရှိတဲ့သူ။ ဒီလူက စစ်ကောင်စီနဲ့ အတော်ပင်း(အလွန်ရင်းနီး)တဲ့သူ။ အခု ဆိုင်ကယ်မောင်းနေချိန် ပစ်သတ်ခံလိုက်ရတာ”ဟု ရေကြည်မြို့ခံတစ်ဦးက ပြောသည်။

ဦးတာဘူးပစ်သတ်ခံရသည့်ဖြစ်စဥ်သည် ယမန်နေ့(စက်တင်ဘာ ၁၄ရက်) ညနေ ၃နာရီခန့်က ဖြစ်ခဲ့ပြီး ယခုအခါ စစ်ကောင်စီတပ်က ပုသိမ် – ရေကြည် – ဟင်္သာတ လမ်းပိုင်းတစ်လျှောက် စစ်ဆေးမှုများ တင်ကျပ်ထားသည်ဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

ဦးတာဘူးအား သုတ်သင်ရှင်းလင်းသည့်အဖွဲ့ကို မသိရသေးပေ။ ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီနှင့် စစ်ကောင်စီထောက်တိုင်များအား တိုက်ခိုက်မှုမှန်သမျှမှာ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် လှုပ်ရှားခြင်းဟု တော်လှန်ရေးအင်အားစုများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။