Connect with us

Hi, what are you looking for?

သတင်း

ရေကြည်တွင် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

ဦးတာဘူးပစ်သတ်ခံရသည့်ဖြစ်စဥ်သည် ယမန်နေ့(စက်တင်ဘာ ၁၄ရက်) ညနေ ၃နာရီခန့်က ဖြစ်ခဲ့ပြီး ယခုအခါ စစ်ကောင်စီတပ်က ပုသိမ် – ရေကြည် – ဟင်္သာတ လမ်းပိုင်းတစ်လျှောက် စစ်ဆေးမှုများ တင်ကျပ်ထားသည်ဟု သတင်းရရှိသည်။

ဦးတာဘူး ရှင်းလင်းခံရသည့်နေရာ၊ ဓာတ်ပုံ - CJ
ဦးတာဘူး ရှင်းလင်းခံရသည့်နေရာ၊ ဓာတ်ပုံ - CJ

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် အဝေးပြေးလမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ရှင်းလင်းခံလိုက်ရသည်။

ရေကြည်မြို့နယ်၊ ဇရပ်လှကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတာဘူးသည် ရေကြည် – ငါးသိုင်းချောင်းလမ်းတစ်နေရာတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

” ဦးတာဘူးက ကျွန်တော်တို့ဒေသ စစ်အာဏာရှင်တော်လှန်ရေးအတွက် အန္တရာယ်ရှိတဲ့သူ။ ဒီလူက စစ်ကောင်စီနဲ့ အတော်ပင်း(အလွန်ရင်းနီး)တဲ့သူ။ အခု ဆိုင်ကယ်မောင်းနေချိန် ပစ်သတ်ခံလိုက်ရတာ”ဟု ရေကြည်မြို့ခံတစ်ဦးက ပြောသည်။

ဦးတာဘူးပစ်သတ်ခံရသည့်ဖြစ်စဥ်သည် ယမန်နေ့(စက်တင်ဘာ ၁၄ရက်) ညနေ ၃နာရီခန့်က ဖြစ်ခဲ့ပြီး ယခုအခါ စစ်ကောင်စီတပ်က ပုသိမ် – ရေကြည် – ဟင်္သာတ လမ်းပိုင်းတစ်လျှောက် စစ်ဆေးမှုများ တင်ကျပ်ထားသည်ဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

ဦးတာဘူးအား သုတ်သင်ရှင်းလင်းသည့်အဖွဲ့ကို မသိရသေးပေ။ ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီနှင့် စစ်ကောင်စီထောက်တိုင်များအား တိုက်ခိုက်မှုမှန်သမျှမှာ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် လှုပ်ရှားခြင်းဟု တော်လှန်ရေးအင်အားစုများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။