Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်က မိုးဗြဲမြို့ကို တကျော့ပြန်ထိုးစစ်ဆင်လာဟု PDF အသိပေး

ထို့နောက် နေ့စဥ်တိုက်ပွဲများပြင်းထန်ခဲ့ပြီး စက်တင်ဘာ ၁၂ ရက်တွင် စစ်ကောင်စီတပ်စွဲထားသည့်နေရာကို ကရင်နီပူးပေါင်းတပ် နယ်မြေရှင်းလင်းနိုင်ခဲ့သည်။

(ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မိုးဗြဲတိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNDF)
(ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မိုးဗြဲတိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNDF)

သေဆုံးမှုများ၍ တပ်ဆုတ်သွားရသည့် အကြမ်းဖက် စစ်ကောင်စီတပ်က တကျော့ပြန်ထိုးစစ်ဆင်လာကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ယနေ့(စက်တင်ဘာ ၁၅ ရက်) ထုတ်ပြန်သည်။

လက်ရှိစစ်ကောင်စီစစ်ကြောင်းသည် ဝှါရီဆူးပလိုင်ရွာနှင့် မိုးဗြဲမြို့ကြား ရထားလမ်းတွင် ရောက်ရှိနေပြီး မိုးဗြဲမြို့အတွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု ဆိုသည်။

ထို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသောနေရာတွင် နေပေးရန်နှင့် ပြည်သူများအနေဖြင့် မိုးဗြဲလမ်းကို အသုံးမပြုသေးရန် MB PDFက တိုက်တွန်းသည်။

(ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မိုးဗြဲတိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNDF)
(ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မိုးဗြဲတိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ – KNDF)

“စခ အင်အား ၁၀၀နီးပါးအပြင်တင့်ကား နှစ်စီး ပါလာတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းကထက် တိုက်ပွဲပိုပြင်းထန် လာနိုင်တယ်လို့ သုံးသပ်ရမယ်”ဟု MBPDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ယခုလ ၈ ရက်ကစ၍ အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီတပ်သည် မိုးဗြဲမြို့တွင်တပ်စွဲရန် ကြိုးပမ်းလာခြင်းကြောင့် ကရင်နီပူးပေါင်းတပ်များက ခုခံတိုက်ခိုက်ခဲ့သည်။

Public Service Announcement
Public Service Announcement

ထို့နောက် နေ့စဥ်တိုက်ပွဲများပြင်းထန်ခဲ့ပြီး စက်တင်ဘာ ၁၂ ရက်တွင် စစ်ကောင်စီတပ်စွဲထားသည့်နေရာကို ကရင်နီပူးပေါင်းတပ် နယ်မြေရှင်းလင်းနိုင်ခဲ့သည်။

(ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မိုးဗြဲတိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNDF)
(ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မိုးဗြဲတိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ – KNDF)

အဆိုပါ ၅ ရက်တာ တိုက်ပွဲ၌စစ်ကောင်စီတပ်ထံမှ MA1 – ၃ လက်၊ MA2 – ၃ လက်၊ MA3 – ၆ လက်၊ ငါးကြင်းမှီး – ၁ လက် အပါအဝင်လက်နက်ကြီးကျည်များအပါအဝင် ခဲယမ်းများသိမ်းဆည်းရရှိခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်သား ၆၀ဦးထက်မနည်းသေဆုံးခဲ့ကာ အများအပြားဒဏ်ရာရရှိခဲ့ပြီး ကရင်နီပူးပေါင်းတပ်မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။