Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုအန္တရာယ်ပြုမည်ကိုကြောက်၍ တိမ်းရှောင်လာသော တွံတေးနယ်မှ မိသားစုလေးစု အမြန်လမ်းတွင် ဖမ်းဆီးခံရ

“လက်ရှိမှာတော့ အမျိုးသမီးနဲ့ခလေးတွေ ပြန်လွတ်သွားပါပြီ။ အမျိုးသားငါးဦးကို ဘယ်မှာဖမ်းဆီးထားလဲမသိရဘူးဗျ”ဟု ဖမ်းဆီးခံမိသားစုများနှင့် နီးစပ်သူက ပြော သည်။

People's Spring
People's Spring

▪️အမျိုးသမီးနှင့် ကလေးများကို ပြန်လွှတ်ပေးသော်လည်း အမျိုးသားငါးဦးကို ဆက်ဖမ်းထားဟုဆို

စစ်အုပ်စုအန္တရာယ်ပြုမည်ကိုကြောက်၍ တိမ်းရှောင်လာသော တွံတေးနယ်မှ မိသားစုလေးစုကို အမြန်လမ်း (၁၁၅)မိုင်တွင် စစ်အုပ်စုက ဖမ်းဆီးလိုက်ကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။

စက်တက်ဘာ ၄ ရက်က ခိုင်မန္တလေးအမြန်ယာဥ်ဖြင့် လိုက်ပါခဲ့သည့် တွံတေးမြို့နယ် ဇီးဖြူကုန်းကျေးရွာမှ မိသားစုလေးစု(မိသားစုဝင် ၁၉ ဦး)အား အမြန်လမ်း (၁၁၅)မိုင်အရောက်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်းမိသားစုများနှင့် နီးစပ်သူများက ပြောသည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသားငါးဦး၊ အမျိုးသမီးကိုးဦးနှင့် ကလေးငါးဦး အသီးသီးပါဝင်ရာ ယင်းတို့အနက် အမျိုးသမီးနှင့် ကလေးများကို စက်တင်ဘာ ၁၃ ရက် (တစ်ပတ်ကျော်အကြာ)တွင် ပြန်လွှတ်ပေးခဲ့သော်လည်း အမျိုးသားငါးဦးကို စစ်အုပ်စုက ဆက်လက်ဖမ်းဆီးထားသည်ဟု ဆိုသည်။

“လက်ရှိမှာတော့ အမျိုးသမီးနဲ့ခလေးတွေ ပြန်လွတ်သွားပါပြီ။ အမျိုးသားငါးဦးကို ဘယ်မှာဖမ်းဆီးထားလဲမသိရဘူးဗျ”ဟု ဖမ်းဆီးခံမိသားစုများနှင့် နီးစပ်သူက ပြော သည်။

Public Service Announcement

Public Service Announcement

အဆိုပါမိသားစုများသည် ဇီးဖြူကုန်းကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ပစ်ခတ်ရှင်းလင်းခံရသည့်အပေါ် စစ်အုပ်စုက ပစ်ခတ်မှုဖြစ်စဥ်နှင့် သက်ဆိုင်ခြင်းမရှိသည့် ပြည်သူများအား ဖမ်းဆီးနှိပ်စက်နေခြင်းအား ကြောက်ရွံ့၍ ဘေးလွတ်ရာရှောင်တိမ်းရန် ကြိုပမ်းစဥ် အထက်ပါကဲ့သို့ အဖမ်းခံရခြင်းဖြစ်သည်။

“ဇီးဖြူကုန်းရွာမှာအုပ်ကြီးအဖွဲ့ ပစ်ခတ်ခံရတဲ့ကိစ္စနဲ့ပတ် သက်ပြီး ကျေးရွာထဲက ဒီမိုကရေစီထောက်ခံသူတွေကို လိုက်လံဖမ်းဆီးနေတာပါ”ဟု တွံတေးမြို့ပြပြောက်ကျား တပ်မှ ရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။

ပြီးခဲ့သည့် သြဂုတ် ၂၄ ရက်က ဇီးဖြူကုန်းအုပ်ချုပ်ရေးမှူး ခင်ညွှန့်၊ ရာအိမ်မှူးများဖြစ်သော အေးမြင့်၊ သန်းထွေး(ခ) ဗေဒါ၊ ဆယ်အိမ်မှူးများဖြစ်သော ဝင်းဇော်(ခ) မိုးထိ၊ ဆန်းလွင်(ခ)ဂျပန်ကော့၊ အကြမ်းဖက်စစ်ကာင်စီထောက်တိုင် ဘိုဘိုနှင့် ၎င်းတို့၏ကားသမားတို့အား မြို့ပြပြောက်ကျားတပ်ဖွဲ့မှ အရေးယူဆောင် ရွက်ခဲ့ရာခြောက်ဦးသေဆုံးပြီး ဆယ်အိမ်မှုးဆန်းလွင်(ခ)ဂျပန်ကော့မှာ ပြင်းထန် ဒဏ်ရာရရှိခဲ့သည်။

အထက်ပါ ဇီးဖြူကုန်းအုပ်ကြီးနှင့်အဖွဲ့ ပစ်ခတ်ရှင်းလင်းခံရသည့်နောက်ပိုင်းတွင် စစ်အုပ်စုက ကျေးရွာအတွင်းရှိ ပြည်သူအနည်းဆုံးခြောက်ဦးကို ဖမ်းဆီးရိုက်နှက် နှိပ် စက်ခဲ့ရာ သြဂုတ်လနောက်ဆုံးအပတ်က အသက် ၄၀ခန့်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။