Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အုပ်စုအန္တရာယ်ပြုမည်ကိုကြောက်၍ တိမ်းရှောင်လာသော တွံတေးနယ်မှ မိသားစုလေးစု အမြန်လမ်းတွင် ဖမ်းဆီးခံရ

“လက်ရှိမှာတော့ အမျိုးသမီးနဲ့ခလေးတွေ ပြန်လွတ်သွားပါပြီ။ အမျိုးသားငါးဦးကို ဘယ်မှာဖမ်းဆီးထားလဲမသိရဘူးဗျ”ဟု ဖမ်းဆီးခံမိသားစုများနှင့် နီးစပ်သူက ပြော သည်။

People's Spring
People's Spring

▪️အမျိုးသမီးနှင့် ကလေးများကို ပြန်လွှတ်ပေးသော်လည်း အမျိုးသားငါးဦးကို ဆက်ဖမ်းထားဟုဆို

စစ်အုပ်စုအန္တရာယ်ပြုမည်ကိုကြောက်၍ တိမ်းရှောင်လာသော တွံတေးနယ်မှ မိသားစုလေးစုကို အမြန်လမ်း (၁၁၅)မိုင်တွင် စစ်အုပ်စုက ဖမ်းဆီးလိုက်ကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။

စက်တက်ဘာ ၄ ရက်က ခိုင်မန္တလေးအမြန်ယာဥ်ဖြင့် လိုက်ပါခဲ့သည့် တွံတေးမြို့နယ် ဇီးဖြူကုန်းကျေးရွာမှ မိသားစုလေးစု(မိသားစုဝင် ၁၉ ဦး)အား အမြန်လမ်း (၁၁၅)မိုင်အရောက်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်းမိသားစုများနှင့် နီးစပ်သူများက ပြောသည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသားငါးဦး၊ အမျိုးသမီးကိုးဦးနှင့် ကလေးငါးဦး အသီးသီးပါဝင်ရာ ယင်းတို့အနက် အမျိုးသမီးနှင့် ကလေးများကို စက်တင်ဘာ ၁၃ ရက် (တစ်ပတ်ကျော်အကြာ)တွင် ပြန်လွှတ်ပေးခဲ့သော်လည်း အမျိုးသားငါးဦးကို စစ်အုပ်စုက ဆက်လက်ဖမ်းဆီးထားသည်ဟု ဆိုသည်။

“လက်ရှိမှာတော့ အမျိုးသမီးနဲ့ခလေးတွေ ပြန်လွတ်သွားပါပြီ။ အမျိုးသားငါးဦးကို ဘယ်မှာဖမ်းဆီးထားလဲမသိရဘူးဗျ”ဟု ဖမ်းဆီးခံမိသားစုများနှင့် နီးစပ်သူက ပြော သည်။

Public Service Announcement

Public Service Announcement

အဆိုပါမိသားစုများသည် ဇီးဖြူကုန်းကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ပစ်ခတ်ရှင်းလင်းခံရသည့်အပေါ် စစ်အုပ်စုက ပစ်ခတ်မှုဖြစ်စဥ်နှင့် သက်ဆိုင်ခြင်းမရှိသည့် ပြည်သူများအား ဖမ်းဆီးနှိပ်စက်နေခြင်းအား ကြောက်ရွံ့၍ ဘေးလွတ်ရာရှောင်တိမ်းရန် ကြိုပမ်းစဥ် အထက်ပါကဲ့သို့ အဖမ်းခံရခြင်းဖြစ်သည်။

“ဇီးဖြူကုန်းရွာမှာအုပ်ကြီးအဖွဲ့ ပစ်ခတ်ခံရတဲ့ကိစ္စနဲ့ပတ် သက်ပြီး ကျေးရွာထဲက ဒီမိုကရေစီထောက်ခံသူတွေကို လိုက်လံဖမ်းဆီးနေတာပါ”ဟု တွံတေးမြို့ပြပြောက်ကျား တပ်မှ ရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။

ပြီးခဲ့သည့် သြဂုတ် ၂၄ ရက်က ဇီးဖြူကုန်းအုပ်ချုပ်ရေးမှူး ခင်ညွှန့်၊ ရာအိမ်မှူးများဖြစ်သော အေးမြင့်၊ သန်းထွေး(ခ) ဗေဒါ၊ ဆယ်အိမ်မှူးများဖြစ်သော ဝင်းဇော်(ခ) မိုးထိ၊ ဆန်းလွင်(ခ)ဂျပန်ကော့၊ အကြမ်းဖက်စစ်ကာင်စီထောက်တိုင် ဘိုဘိုနှင့် ၎င်းတို့၏ကားသမားတို့အား မြို့ပြပြောက်ကျားတပ်ဖွဲ့မှ အရေးယူဆောင် ရွက်ခဲ့ရာခြောက်ဦးသေဆုံးပြီး ဆယ်အိမ်မှုးဆန်းလွင်(ခ)ဂျပန်ကော့မှာ ပြင်းထန် ဒဏ်ရာရရှိခဲ့သည်။

အထက်ပါ ဇီးဖြူကုန်းအုပ်ကြီးနှင့်အဖွဲ့ ပစ်ခတ်ရှင်းလင်းခံရသည့်နောက်ပိုင်းတွင် စစ်အုပ်စုက ကျေးရွာအတွင်းရှိ ပြည်သူအနည်းဆုံးခြောက်ဦးကို ဖမ်းဆီးရိုက်နှက် နှိပ် စက်ခဲ့ရာ သြဂုတ်လနောက်ဆုံးအပတ်က အသက် ၄၀ခန့်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

သေဆုံးသူရဲ့ လုပ်ငန်း အခြေအနေနဲ့ တခြား အသေးစိတ် အချက်အလက်တွေကို သိရှိဖို့ ဘန်ကောက် ရဲတပ်ဖွဲ့ဟာ မြန်မာသံရုံးနဲ့ ချိတ်ဆက် စုံစမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

သတင်း

အဆိုပါစစ်ကြောင်းမှာ ဆိပ်ဖြူမြို့နယ်၊ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)နှင့် ကပစ(၂၁)၊ (၂၂)တပ်များမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။

သတင်း

တရုတ်ဖက်ကထုတ်ပြန်သည့်သတင်း၌ ဖမ်းဆီးသွားသူများကို ​ခေါင်းအားအဝတ်အုပ်၍ခေါ်ဆောင်သွားပြီး တရုတ်လေဆိပ်အ​ရောက် သတင်းမီဒီယာများရှေ့၌ ဖွင့်ပြခဲ့သည်။