Connect with us

Hi, what are you looking for?

ဗီဒီယို

ယူကရိန်း စစ်ပွဲအရေး ပူတင်နဲ့ ဖုန်းဆက် ဆွေးနွေးခဲ့တယ်လို့ ကုလသမဂ္ဂ အကြီးအကဲပြော

ဂူတာရက်စ်ဟာ ပူတင်ဆီ ဖုန်းမဆက်ခင် ဩဂုတ် လလယ်လောက်တုန်းကလည်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ သွားရောက် တွေ့ဆုံခဲ့ဖူးပါတယ်။

ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ဖုန်းဆက် ဆွေးနွေးခဲ့ကြောင်း ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က ပြောပါတယ်။

နောက်ပြီးတော့ ရုရှားက ထုတ်လုပ်တဲ့ ဓာတ်မြေဩဇာတွေကို ယူကရိန်းရဲ့ ပင်လယ်နက် ဆိပ်ကမ်းတွေကနေတဆင့် နိုင်ငံတကာ စျေးကွက်ထဲ ဘယ်လို တင်ပို့နိုင်မလဲဆိုတဲ့ ဖြစ်နိုင်ခြေတွေအပေါ် ဆွေးနွေးခဲ့ကြကြောင်းလည်း ဂူတာရက်စ်က ဆိုပါတယ်။

ရုရှားနဲ့ ယူကရိန်းတို့ကြား ဖြစ်ပွားတဲ့ စစ်ပွဲဟာ နိုင်ငံတကာ စားနပ်ရိက္ခာ ထုတ်လုပ်ရေး ကဏ္ဍအပေါ် ကြီးမားတဲ့ ထိခိုက် သက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ယူကရိန်းနဲ့ ရုရှားတို့ဟာ ကမ္ဘာပေါ်မှာ ဂျုံထုတ်လုပ် တင်ပို့မှု အများဆုံး နိုင်ငံတွေ ဖြစ်သလို ရုရှားရဲ့ ဓာတ်မြေဩဇာကို မှီခိုနေရတဲ့ ကမ္ဘာ့နိုင်ငံ အများအပြား ရှိနေပါတယ်။

စစ်ပွဲကို အကြောင်းပြုပြီး ကမ္ဘာကြီးရဲ့ ကွဲပြားတဲ့ နေရာဒေသ တချို့မှာ စားနပ်ရိက္ခာ အကျပ်အတည်းနဲ့ အငတ်ဘေး ဆိုက်တာတွေ ကြုံတွေ့လာနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဂူတာရက်စ်က ပူတင်နဲ့ တွေ့ဆုံချိန်မှာ ဥရောပတိုက်ရဲ့ အကြီးဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံကြီးရဲ့ လုံခြုံရေး ကဏ္ဍအတွက်ပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ယူကရိန်းက ပိုင်ဆိုင်တဲ့ အဲဒီစက်ရုံကို လတ်တလောမှာ ရုရှားတပ်တွေက ထိန်းချုပ်ထားပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း စက်ရုံတဝိုက်မှာ တိုက်ပွဲတွေ အရှိန်မြင့်လာတာကြောင့် မတော်တဆ ထိခိုက်ပြီး နျူကလီးယား ကပ်ဘေးတစ်ခု ပေါ်ပေါက်လာမှာကို ဒေသတွင်း နိုင်ငံတွေက စိုးရိမ်နေကြပါတယ်။

စစ်ပွဲနဲ့ ပတ်သက်လို့တော့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မယ့် လမ်းကြောင်းမျိုးဆီ ဦးတည်ဖို့ အခွင့်အလမ်း ရှိနေဆဲလို့ ယုံကြည်ထားကြောင်း ဂူတာရက်စ်က ဆိုပါတယ်။ နောက်ပြီး နှစ်ဖက် စစ်သုံ့ပန်းတွေ လဲလှယ်ရေး ကိစ္စကလည်း ပြေပြေလည်လည် ဖြစ်ဖို့ မျှော်လင့်ထားတယ်လို့ ကုလသမဂ္ဂ အကြီးအကဲက ဆက်ပြောပါတယ်။

ဂူတာရက်စ်ဟာ ပူတင်ဆီ ဖုန်းမဆက်ခင် ဩဂုတ် လလယ်လောက်တုန်းကလည်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ သွားရောက် တွေ့ဆုံခဲ့ဖူးပါတယ်။

ယူကရိန်းအပေါ် ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့နောက် ပူတင်ဟာ အနောက်နိုင်ငံတွေရဲ့ ပြင်းထန်တဲ့ အရေးယူ ပိတ်ဆို့မှုတွေနဲ့ ကြုံတွေ့နေရပြီး လာမယ့် သီတင်းပတ်မှာ ပြုလုပ်မယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကိုလည်း တက်ရောက်မှာ မဟုတ်ပါဘူး။ ဂူတာရက်စ်ကတော့ ကမ္ဘာကြီးဟာ ရာသီဥတု ဖောက်ပြန်မှု၊ အမုန်းစကား ဖြန့်ဝေမှု၊ ဆင်းရဲကျပ်တည်းမှု၊ ဆာလောင်မွတ်သိပ်မှုတွေကြောင့် ရုန်းကန်နေရချိန်မှာ စစ်ပွဲတွေရဲ့ ထိုးနှက်မှုကိုပါ ခံနေရတဲ့အတွက် ဝမ်းနည်းမိကြောင်း ပြောကြားခဲ့ပါတယ်။

ရုရှား-ယူကရိန်း စစ်ပွဲဟာ သက်ဆိုင်ရာ နိုင်ငံနှစ်ခုတင် မကဘဲ ကမ္ဘာ့စီးပွားရေး ကဏ္ဍတစ်ခုလုံးကို တရွတ်ဆွဲသွားစေကြောင်း ဂူတာရက်စ်က ဆိုပါတယ်။ သူက ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ဖို့ မျှော်လင့်နေတယ် ဆိုပေမယ့် ဒီကိစ္စမျိုးက အချိန်တိုအတွင်း ဖြစ်မြောက်လာနိုင်စရာ မရှိသေးကြောင်းကိုတော့ ဝန်ခံသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။