Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်တွင်ကင်းလှည့်လာသည့်ရဲများကို PDFတိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်သည် စစ်ကောင်စီတပ်အား လက်နက်ကိုင်ခုခံမှုအားကောင်းရာဒေသဖြစ်ပြီး စစ်ကိုင်းတိုင်းPDFများနှင့်ပါ ပူးပေါင်းတိုက်ခိုက်လျက်ရှိသည်။

(သေဆုံးခဲ့​သောစစ်​ကောင်စီရဲထံမှ သိမ်းဆည်းရမိသော လက်နက်နှင့်ကျည်များ။ ။ဓါတ်ပုံ-MVRF)
(သေဆုံးခဲ့​သောစစ်​ကောင်စီရဲထံမှ သိမ်းဆည်းရမိသော လက်နက်နှင့်ကျည်များ။ ။ဓါတ်ပုံ-MVRF)

ရဲတစ်ဦးသေပြီးလက်နက်နှင့်ကျည်များ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရေနံမြေရဲကင်းစခန်းမှ ကင်းပတ်ထွက်လာသည့် ရဲ ၈ ဦးအား တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးသေဆုံးပြီး သေနတ်တစ်လက်နှင့်ကျည်များ သိမ်းဆည်းနိုင်ခဲ့ကြောင်း မြိုင်မြို့နယ် ကျေးရွာများ တော်လှန်ရေးတပ်ဦး MVRFက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (စက်တင်ဘာလ ၁၄ ရက်နေ့)က မြိုင်မြို့နယ် Well 2 ရေနံမြေရဲကင်းစခန်းမှ ကင်းပတ်ထွက်လာသည့် ရဲ ၈ ဦးအား ပခုက္ကူခရိုင်တပ်ရင်း အမှတ်( ၆ ) – MVRF နှင့် Eagle Fighter( MVRF အဖွဲ့ဝင်) အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲတွင် ရဲ ၁ ဦး သေဆုံးပြီး ၁ဦးဒဏ်ရာပြင်ပြင်းထန်ထန်ရသွားကြောင်း၊ ကျန်ရဲများ Well 2 စခန်းအတွင်း ပြန်လည်ထွက်ပြေးသွားခဲ့သည်ဟု MVRF ကဆိုသည်။

သေဆုံးရဲမှာ ရဲတပ်သား ရှင်းခန့်သူ ဖြစ်ပြီး ကိုယ်ပိုင်အမှတ် လ ၂၇၉၀၂၃ ကိုင်ဆောင်သူဖြစ်ကာ ထိုရဲထံမှ G3 တစ်လက်၊ကျည် ၁၁၅ တောင့်၊ဘောက်အပို ၁ ခု ၊ ငွေသား ၁ သိန်းကျော် သိမ်းဆည်းရမိခဲ့ကြောင်း၊ MVRF ၏ရဲဘော် ၁ ဦး ဒဏ်ရာ ( မစိုးရိမ်ရ) ရရှိခဲ့ကြောင်း MVRF က အသိပေးသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ MVRFထံ ဆက်သွယ်​မေးမြန်းရန်ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။

မကွေးတိုင်း၊ မြိုင်မြို့နယ်သည် စစ်ကောင်စီတပ်အား လက်နက်ကိုင်ခုခံမှုအားကောင်းရာဒေသဖြစ်ပြီး စစ်ကိုင်းတိုင်းPDFများနှင့်ပါ ပူးပေါင်းတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။