သတင်း စစ်တပ်၏ ရိုင်းစိုင်းသော ကွပ်မျက်မှုအပေါ် နယူးဇီလန်လွှတ်တော် ကန့်ကွက်ရှုတ်ချ နိုင်ငံခြားရေးဝန်ကြီး Mahuta က ၎င်းတို့အစိုးရအနေဖြင့် မြန်မာနိုင်ငံ အရပ်သားအစိုးရ အုပ်ချုပ်မှုစနစ်ဆီပြန်သွားရေး တသတ်မတ်တည်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ ပြောသည်။ LuduNwayOoဇူလိုင် 27, 2022
သတင်း စစ်ကောင်စီထုတ်ကုန် ဒဂုံဘီယာများကို ဇိုမီး PDFနှင့် ကလေးမြို့ရဲတပ်ဖွဲ့ (KPS)တို့ ဖမ်းဆီးပြီး ဖျက်ဆီး ယခုတကြိမ်တွင် ယာဥ်နှင့် ယာဥ်မောင်းသမားကို လွှတ်ပေးခဲ့သော်လည်း နောက်နောင်တွင် စစ်ကောင်စီနှင့်တန်းတူ အရေးယူသွားမည်ဟု ဇိုမီး PDFက ဖော်ပြထားသည်။ LuduNwayOoဇူလိုင် 27, 2022
သတင်း စစ်ကောင်စီတပ်ကို ပြောက်ကျားနည်းဖြင့်တိုက်ခိုက်ခဲ့ဟု မြိုင်(ပကဖ)ထုတ်ပြန် လတ်တလော စစ်ရေးအခြေအနေများကြောင့် ပခုက္ကူ-မြိုင်လမ်းမကြီးအား ယာယီပိတ်ထား ကြောင်း ပခုက္ကူမြို့ပြ ပြောက်ကျားတပ်က ယနေ့တွင် အသိပေးထားသည်။ LuduNwayOoဇူလိုင် 27, 2022
သတင်း စစ်အုပ်စုကို တရားဝင်မှုနှင့် လက်နက်ထောက်ပံ့ခြင်းများ လုံးဝရပ်တန့်အောင် အိန္ဒိယအစိုးရကိုဖိအားပေးရန် အရပ်ဘက်အဖွဲ့ ၂၀၀နီးပါး တိုက်တွန်း အိန္ဒိယနိုင်ငံအစိုးရသည် ယနေ့အချိန်အထိ ဒီမိုကရေစီ လိုလားသော မြန်မာပြည်သူများနှင့် မရပ်တည်သည့်အပြင် ဖက်ဆစ်စစ်တပ်ကို လက်နက်ထောက်ပံ့ခြင်းများ ၊ နိုင်ငံရေးအရ တရား၀င်မှုပေးခြင်းများ ဆောင်ရွက်နေဆဲဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြသည်။ LuduNwayOoဇူလိုင် 27, 2022
သတင်း မြိုင်နယ် ရေခါးရွာအနီးရှိ ရေနံတွင်းပေါင်း ၂၀၀ ကျော်ကို အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွား ရေနံတွင်း ၂၃၁ တွင်းအပြင် ပေ ၂၀ ပိုက် ၁၃၅ လုံး၊ တရုတ်နိုင်ငံထုတ် အင်ဂျင် ၁၆၉ လုံးတို့အား သိမ်းဆည်းခဲ့ပြီး ၎င်းပစ္စည်းများကိုပါ အကြမ်းဖက်စစ်ကာင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoဇူလိုင် 27, 2022
သတင်း သေဒဏ်ချခံရသူတွေ တရားလက်လွတ်သတ်ဖြတ်ခံရမယ့်အလားအလာရှိနေ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ၄ ဦးကို တရားလက်လွတ် ဒီလိုစီရင်လိုက်တာဟာ နောက်ထပ်အလားတူ သေဒဏ်ကျခံရသူတွေအတွက်လည်း စိုးရိမ်စရာတွေဖြစ်လာပါတယ်။ LuduNwayOoဇူလိုင် 27, 2022
သတင်း စစ်ကော်စီအား ပြင်းထန်သောတုန့်ပြန်မှုပြုလုပ်သွားမည်ဟု ကရင်နီ(ကယား) တပ်ပေါင်းစု သတိပေး အကြမ်းဖက်စစ်ကောင်စီ၏လုပ်ရပ်သည် စစ်ဘက်ဆိုင်ရာ ရာဇဝတ်မှုများကို ကျူးလွန်ခြင်း၊ လူ့အခွင့်အရေးနှင့် လူသားမျိုးနွယ်အားလုံးအပေါ်ဆန့်ကျင်သည့် ရာဇဝတ်မှုဖြစ်၍ KRF မှ ပြင်းထန်စွာကန့်ကွက်ရှို့ချသည်ဟု ထုတ်ပြန်သည်။ LuduNwayOoဇူလိုင် 27, 2022
သတင်း စစ်ကောင်စီတပ်လှည့်ကင်းအား တိုက်ခိုက်ရန်ပြင်ဆင်ထားသည့်မိုင်းကို ပြည်သူတစ်ဦးမှကောက်ယူသွား၍ အစီအစဥ် ဖျက်သိမ်းခဲ့ရဟု မြိတ်(ပကဖ)အသိပေး ပြည်သူလူထုအား မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)အနေဖြင့် အကြိမ်ကြိမ်သတိပေးတားမြစ်ထားပြီးဖြစ်သော်လည်း ပြည်သူ့လူထုမှ လိုက်နာခြင်းမရှိခြင်းသည့်အပေါ် များစွာစိတ်မကောင်းဂရုဏာဒေါသလည်းဖြစ်ခဲ့ရပါသည်ဟု ဆိုသည်။ LuduNwayOoဇူလိုင် 27, 2022
သတင်း မြေနီကုန်း ခုံးတံတားတွင် “မင်းတို့အားလုံး ပြန်ပေးဆပ်ကြရလိမ့်မည်” ဟုရေးသား၍ သတိပေး အဆိုပါ လှုပ်ရှားမှုကို ဗမာ့လူငယ်ကွန်ရက် (ဗလက) မှ တနိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုများအားလုံး၏ ကိုယ်စား ယင်းစာသားကို ဆေးမှုတ်၍ စစ်အာဏာရှင်များကို ရာဇသံပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ LuduNwayOoဇူလိုင် 27, 2022
သတင်း စစ်ကိုင်းတိုင်း၊ မြို့နယ်သုံးခုတွင်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲရဟတ်ယာဥ်ဖြင့်ပစ်ခတ်နေ ရဟတ်ယာဉ် ၃ စီးဝဲပျံခဲ့ကာ ကံတော်ရွာနှင့် စပါးကျင်းရွာကြား၌ အကြမ်းဖက်စစ်ကောင်စီတပ်သားများချသွားခဲ့သည်ဟုဆိုသည်။ LuduNwayOoဇူလိုင် 27, 2022