သတင်း ရေးမြို့နယ် တံတားကြီးထိပ်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကိုဝင်ပစ်ပြီး သွေးကြွေးတောင်း၊ စစ်ကောင်စီတပ်သား တစ်ဦးသေ "ဂိတ်အတွင်း အနီးနားထိသွားပြီး ပစ်ခတ်ခဲ့ပါတယ်။ မနေ့ကတည်းက ဆင်းသွားတာ ပစ်ခွင့်မသာလို့ ဒီနေထပ်ဆင်းပြီး လုပ်တာပါ"ဟု MSRO မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။ LuduNwayOoဇူလိုင် 27, 2022
သတင်း သေဒဏ်ချမှတ်စီရင်ခဲ့သည့် စစ်ကောင်စီလုပ်ရပ် ပြည်သူလူထုနှင့် နိုင်ငံတကာအား မထီမဲ့မြင်ပြုခြင်း ဖြစ်ဟု KPICT ထုတ်ပြန်ရှုတ်ချ KIO/KIA ခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော်အနေဖြင့်လည်း စစ်ကောင်စီ၏ သေဒဏ်ပြစ်ဒဏ်စီရင်မှု သတင်းသာ မှန်ကန်ပါက မိုက်မဲသည့်လုပ်ရပ်ဖြစ်ပြီး သက် ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသည်ဟု အသိပေးခဲ့သည်။ LuduNwayOoဇူလိုင် 27, 2022
သတင်း စစ်အာဏာရှင်ဆန့်ကျင်ရေးစာတန်းများ ချိတ်ဆွဲရာအနီးရှိ ပစ္စည်းများအား ကိုင်တွယ်ခြင်းမပြုရန် ဝက်လက်တော်လှန်ရေးတပ်ဦး သတိပေး သတိပေးရခြင်းနှင့်ပတ်သက်၍ ဝက်လက်တော်လှန်ရေးတပ်ဦး၏တာဝန်ရှိသူအား မေးမြန်းရာတွင် "အဲဒါကတော့ ကျွန်တော်တို့ မစ်ရှင်အောင်မြင်တဲ့အချိန်မှ ဖြေလို့ရမှာပါ။ ပြည်သူတွေ မထိခိုက်အောင် ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါဗျ။"ဟု ပြောသည်။ LuduNwayOoဇူလိုင် 27, 2022
သတင်း စစ်အုပ်စု၏ မိုက်ရိုင်းရူးသွပ်စွာကွပ်မျက်မှုက နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးကို ပြောင်ကျကျ အဆုံးသတ်ခြင်းဖြစ်ဟု DPNS ထုတ်ပြန် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ ၄ ဦးကို ပြစ်ဒဏ်စီရင်ခြင်းသည် အာဏာသိမ်း စစ်အုပ်စုအနေဖြင့် ဥပဒေမဲ့ လူသတ်မှုကျူးလွန်ခြင်း ဖြစ်ကြောင်း DPNS က ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချသည်။ LuduNwayOoဇူလိုင် 27, 2022
သတင်း ဒေါ်လာနှင့် ရွှေဈေး စံချိန်တင်တက် “မနက်က ၂၅၅၀ကျပ်နဲ့ အတင်းလာဝယ်တယ်။ အဲ့တာကိုမရောင်းချင်သေးလို့ မရောင်းလိုက်တာ ။ ညနေပိုင်းမှာ ဒေါ်လာက ကြိုက်ရောင်း ကြိုက်ဝယ် ပုံစံဖြစ်သွားတယ်”ဟု ဒေါ်လာရောင်းချရန် စီစဉ်ခဲ့သူတစ်ဦးကပြောသည်။ LuduNwayOoဇူလိုင် 27, 2022
သတင်း ရှေ့တန်းရောက် စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ KNU တပ်မဟာ(၅)ထံ အလင်းဝင် တပ်သားပြည်ဖြိုးအောင်သည် ဖာပွန်ခရိုင် ခူးသူးထာ၊ မယ်ဝေ(မဲဝိုင်) အတွင်း ထောက်ပို့ရိက္ခာ သယ်ယူပို့ဆောင်နေသူ ဖြစ်ကြောင်း၊ ၎င်းတွင် MA-3 တစ်လက်နှင့် ကျည် ၇၀ တောင့်ပါရှိကြောင်း ဖော်ပြထားသည်။ LuduNwayOoဇူလိုင် 27, 2022
သတင်း မန္တလေးမှာ နေရာညပါ စစ်ဆေးဖမ်းဆီးမှုတွေကို စစ်အုပ်စုပိုလုပ်လာ ဒီနေ့မှာဆိုရင်လည်း စစ်အုပ်စုဟာ မနက်အစောပိုင်းကစတင်ပြီး စစ်ဆေးနေပါတယ်။ ဒီနေ့မှာတော့ တစ်နေရာတည်းမှာ အထိုင်ချပြီး စစ်ဆေးတာမျိုးမဟုတ်ဘဲ ရွှေ့လျားပုံစံမျိုးနဲ့ စစ်ဆေးတာကိုတွေ့ရတယ်လို့ဒေသခံအချို့ကဆိုပါတယ်။ LuduNwayOoဇူလိုင် 26, 2022
သတင်း စစ်ကောင်စီကို ပိုဖိအားပေးဖို့ တရုတ်ကို အမေရိကန် တောင်းဆို၊ မြန်မာ့ပြည်တွင်းရေး ဝင်မစွက်လိုကြောင်း တရုတ်တုံ့ပြန် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က လက်ရှိ အဖမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ သေဒဏ် ချမှတ် ခံထားရသူ ၁၀၀ ကျော် ရှိနေသေးပြီး ဘက်ပေါင်းစုံ ဖိအားပေးမှုတွေသာ မရှိရင် အဲဒီ အကျဉ်းသားတွေ အတွက်ပါ စိုးရိမ်စရာ ဖြစ်လာနေကြောင်း သတိပေးထားပါတယ်။ LuduNwayOoဇူလိုင် 26, 2022
သတင်း ပြည်သူ့တော်လှန်ရေး အဆုံးသတ်တိုက်ပွဲများ စတင်ပြီဟု NUG ၊ CRPH၊ NLDနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များ ပူးပေါင်းကြေညာ ယခုကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ CRPH ၊ NLDနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပူးတွဲ၍ စစ်ကောင်စီကို အမြစ်ပြတ်တိုက်ခိုက်တော့မည်ဟု ထုတ်ပြန်ခြင်းသည် ယခုသည် ပထမဆုံးအကြိမ်ဖြစ်သည်။ LuduNwayOoဇူလိုင် 26, 2022
သတင်း ပင်းတယမြို့ ထွေအုပ်ရုံးအား နောက်တစ်ကြိမ် ဖောက်ခွဲတိုက်ခိုက်မည်ဖြစ်၍ Non CDMဝန်ထမ်းများ အမြန်ဆုံးရှောင်ရှားကြရန် ချိုးဖြူပြောက်ကျားတပ်ဖွဲ့ သတိပေး အကြမ်းဖက်စစ်ကောင်စီတပ်များ အပါအဝင် ၎င်းတို့၏ဆက်နွှယ်သောနေရာ၊ ဌာနများ ၊ ပျူစောထီးများနှင့် ၎င်းတို့၏ ထောက်တိုင်များကို အရှိန်အဟုန်မြှင့် တိုက်ခိုက်သွား မည်ဖြစ် ပါသောကြောင့် ပြည်သူများအနေဖြင့် ၎င်းတို့နှင့်ပတ်သက်ဆက်သွယ်ခြင်း လုံးဝမပြုလုပ်ကြ ပါရန်လည်း မေတ္တာရပ်ခံထားသည်။ LuduNwayOoဇူလိုင် 26, 2022