Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ် ရေခါးရွာအနီးရှိ ရေနံတွင်းပေါင်း ၂၀၀ ကျော်ကို အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွား

ရေနံတွင်း ၂၃၁ တွင်းအပြင် ပေ ၂၀ ပိုက် ၁၃၅ လုံး၊ တရုတ်နိုင်ငံထုတ် အင်ဂျင် ၁၆၉ လုံးတို့အား သိမ်းဆည်းခဲ့ပြီး ၎င်းပစ္စည်းများကိုပါ အကြမ်းဖက်စစ်ကာင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

(ရေခါးရွာအနီး ရေနံတွင်းများအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်။ဓာတ်ပုံ-Cj)
(ရေခါးရွာအနီး ရေနံတွင်းများအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်။ဓာတ်ပုံ-Cj)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ် ကောင်စီတပ်က ရေနံတွင်းပေါင်း ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဇူလိုင် ၂၄ ရက်က မြိုင်မြို့နယ်၊ ရေခါးကျေးရွာအနီးရှိ ရေနံတွင်း ၂၃၁ တွင်းအား အကြမ်းဖက်စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

ဒေသတွင်း PDFများကို အခွန်ပေးပြီး ရေနံတူးဖော်နေ၍ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီက ဝါဒဖြန့်သည်။

ရေနံတွင်း ၂၃၁ တွင်းအပြင် ပေ ၂၀ ပိုက် ၁၃၅ လုံး၊ တရုတ်နိုင်ငံထုတ် အင်ဂျင် ၁၆၉ လုံးတို့အား သိမ်းဆည်းခဲ့ပြီး ၎င်းပစ္စည်းများကိုပါ အကြမ်းဖက်စစ်ကာင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သ​ည့် ဇူလိုင် ၁၃ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်သည် ကျောက်ခွက်ရွာအနီးရှိ ရေနံတွင်း (၁၀၂)တွင်းကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားခဲ့သည်။

ယမန်နေ့ကလည်း ပခုက္ကူ-မြိုင်လမ်းအနီး လေညှင်းတောင်ကုန်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDF များ တိုက်ပွဲဖြစ်ပွားနေပြီး အဆိုပါလမ်းပိုင်းအား ယာယီပိတ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ခြမ်းက ရေနံမြေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပခုက္ကူခရိုင်ဒေသတွင်းက ရဲဘော်တွေဟာ မြိုင်မြို့နယ်အတွင်းရောက်နေတဲ့ စစ်တပ် စစ်ကြောင်းကို တားဆီးဖို့ မိုးထဲရေထဲမှာ ကြိုးစားနေတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင်-ပကဖ)က ထုတ်ပြန်ပါတယ်။

Facebook