မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ် ကောင်စီတပ်က ရေနံတွင်းပေါင်း ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ဇူလိုင် ၂၄ ရက်က မြိုင်မြို့နယ်၊ ရေခါးကျေးရွာအနီးရှိ ရေနံတွင်း ၂၃၁ တွင်းအား အကြမ်းဖက်စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ဒေသတွင်း PDFများကို အခွန်ပေးပြီး ရေနံတူးဖော်နေ၍ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီက ဝါဒဖြန့်သည်။
ရေနံတွင်း ၂၃၁ တွင်းအပြင် ပေ ၂၀ ပိုက် ၁၃၅ လုံး၊ တရုတ်နိုင်ငံထုတ် အင်ဂျင် ၁၆၉ လုံးတို့အား သိမ်းဆည်းခဲ့ပြီး ၎င်းပစ္စည်းများကိုပါ အကြမ်းဖက်စစ်ကာင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
ပြီးခဲ့သည့် ဇူလိုင် ၁၃ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်သည် ကျောက်ခွက်ရွာအနီးရှိ ရေနံတွင်း (၁၀၂)တွင်းကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားခဲ့သည်။
ယမန်နေ့ကလည်း ပခုက္ကူ-မြိုင်လမ်းအနီး လေညှင်းတောင်ကုန်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDF များ တိုက်ပွဲဖြစ်ပွားနေပြီး အဆိုပါလမ်းပိုင်းအား ယာယီပိတ်ထားသည်။
