Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီထုတ်ကုန် ဒဂုံဘီယာများကို ဇိုမီး PDFနှင့် ကလေးမြို့ရဲတပ်ဖွဲ့ (KPS)တို့ ဖမ်းဆီးပြီး ဖျက်ဆီး

ယခုတကြိမ်တွင် ယာဥ်နှင့် ယာဥ်မောင်းသမားကို လွှတ်ပေးခဲ့သော်လည်း နောက်နောင်တွင် စစ်ကောင်စီနှင့်တန်းတူ အရေးယူသွားမည်ဟု ဇိုမီး PDFက ဖော်ပြထားသည်။

ဓာတ်ပုံ - People's Defense Force - Zomi / Zomi PDF
ဓာတ်ပုံ - People's Defense Force - Zomi / Zomi PDF

ဇိုမီး PDFနှင့် ကလေးမြို့ပြည်သူ့ရဲတပ်ဖွဲ့ (KPS)တို့ ပူးပေါင်းပြီး စစ်ကောင်စီ ထုတ်ကုန် ဒဂုံဘီယာ များကို ဖမ်းဆီးဖျက်ဆီးခဲ့ကြောင်း ဇိုမီး PDFက သတင်းထုတ်ပြန်သည်။

နယ်မြေလုံခြုံရေးအတွက် စစ်ဆေးမှုများဆောင်ရွက်နေစဉ် စစ်ကောင်စီထုတ် ဒဂုံဘီယာနှင့် အခြားထုတ်ကုန်များကို သယ်ဆောင်လာသည့်ကားတစ်စီးကို ဇူလိုင် ၂၆ ရက်က ဖမ်းဆီးမိခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

ဓာတ်ပုံ - People's Defense Force - Zomi / Zomi PDF
ဓာတ်ပုံ – People’s Defense Force – Zomi / Zomi PDF

အဆိုပါ ယာဥ်နှင့် ယာဥ်မောင်းသမားကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း စစ်ကောင်စီ ထုတ်ကုန်များကို ဖမ်းမိသည့်နေရာတွင် ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဇိုမီး PDFက ဆိုသည်။

ယခုတကြိမ်တွင် ယာဥ်နှင့် ယာဥ်မောင်းသမားကို လွှတ်ပေးခဲ့သော်လည်း နောက်နောင်တွင် စစ်ကောင်စီနှင့်တန်းတူ အရေးယူသွားမည်ဟု ဇိုမီး PDFက ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - People's Defense Force - Zomi / Zomi PDF
ဓာတ်ပုံ – People’s Defense Force – Zomi / Zomi PDF

ကလေးမြို့နှင့် ချိတ်ဆက်ထားသည့် ချင်းတောင်မြို့များကြားတွင် စစ်ကောင်စီ တပ် ထုတ်ကုန်များဖြစ်သည့် မြန်မာဘီယာ၊ ဒဂုံဘီယာ၊ Red Ruby စသည့်တို့ကို ဒေသခံကာကွယ်ရေးတပ်များက တင်းတင်းကျပ်ကျပ်တားမြစ် စစ်ဆေးနေခြင်းဖြစ်သည်။

ဓာတ်ပုံ - People's Defense Force - Zomi / Zomi PDF
ဓာတ်ပုံ – People’s Defense Force – Zomi / Zomi PDF

စစ်အာဏာရှင်ဆန့်ကျင်နေသည့် ပြည်သူများက စစ်ကောင်စီထုတ်ကုန်များကို အသုံးမပြုရန် သပိတ်မှောက်နေခြင်းဖြစ်သည်။ ကာကွယ်ရေးတပ်ဖွဲ့များ ကလည်း စစ်ကောင်စီထုတ်ကုန်များကို သယ်ယူရောင်းချခြင်းမပြုရန် တားမြစ်ထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook