Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ နေရာညပါ စစ်ဆေးဖမ်းဆီးမှုတွေကို စစ်အုပ်စုပိုလုပ်လာ

ဒီနေ့မှာဆိုရင်လည်း စစ်အုပ်စုဟာ မနက်အစောပိုင်းကစတင်ပြီး စစ်ဆေးနေပါတယ်။ ဒီနေ့မှာတော့ တစ်နေရာတည်းမှာ အထိုင်ချပြီး စစ်ဆေးတာမျိုးမဟုတ်ဘဲ ရွှေ့လျားပုံစံမျိုးနဲ့ စစ်ဆေးတာကိုတွေ့ရတယ်လို့ဒေသခံအချို့ကဆိုပါတယ်။

မန္တလေးမြို့တွင်းကင်းလှည့်နေတဲ့စစ်ကောင်စီယာဉ်တန်း(ပုံဟောင်း)
မန္တလေးမြို့တွင်းကင်းလှည့်နေတဲ့စစ်ကောင်စီယာဉ်တန်း(ပုံဟောင်း)

မန္တလေးမြို့တွင်း နေရာအနှံ့အပြားမှာ စစ်အုပ်စုက အင်အားအများအပြားနဲ့ နေ့ရောညပါ စစ်ဆေးဖမ်းဆီးတာတွေကို ဒီရက်ပိုင်းမှာ ခပ်စိတ်စိတ်ပြုလုပ်လာပါတယ်။

မနေ့က ဇူလိုင်လ ၂၅ရက် ည၇နာရီလောက်ကစတင်ပြီး မြို့တွင်းက လမ်းမကြီးတွေမှာ ကား၊ ဆိုင်ကယ်တွေတားဆီးစစ်ဆေးတာ ၊ ဖုန်းတွေကိုပါ မွှေနှောက်စစ်ဆေးတာတွေရှိခဲ့တယ်လို့ဒေသခံအချို့ဆီကသိရပါတယ်။

“မနေ့က ညနေပိုင်းကစပြီး မြို့ထဲကော မြို့ပြင်ကော စစ်နေတာ၊ဖုန်းတွေကောစစ်တယ်လို့ပြောတယ်။ စစ်ရင်းနဲ့ မသင်္ကာလို့ဆိုပြီး ဖမ်းသွားတဲ့သူတွေလည်းရှိတယ်”လို့ မန္တလေးမြို့ခံတစ်ဦးကပြောပါတယ်။

ဒီလိုစစ်ဆေးမှုတွေမှာ တပါတည်းဖမ်းဆီးတာတွေရှိခဲ့တယ်လို့သိရပြီး ဖမ်းဆီးခံရတဲ့ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။

Public Service Announcement

Public Service Announcement

ဒီနေ့မှာဆိုရင်လည်း စစ်အုပ်စုဟာ မနက်အစောပိုင်းကစတင်ပြီး စစ်ဆေးနေပါတယ်။ ဒီနေ့မှာတော့ တစ်နေရာတည်းမှာ အထိုင်ချပြီး စစ်ဆေးတာမျိုးမဟုတ်ဘဲ ရွှေ့လျားပုံစံမျိုးနဲ့ စစ်ဆေးတာကိုတွေ့ရတယ်လို့ဒေသခံအချို့ကဆိုပါတယ်။

ဓာတ်ပုံ − AP

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။