Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စု၏ မိုက်ရိုင်းရူးသွပ်စွာကွပ်မျက်မှုက နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးကို ပြောင်ကျကျ အဆုံးသတ်ခြင်းဖြစ်ဟု DPNS ထုတ်ပြန်

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ ၄ ဦးကို ပြစ်ဒဏ်စီရင်ခြင်းသည် အာဏာသိမ်း စစ်အုပ်စုအနေဖြင့် ဥပဒေမဲ့ လူသတ်မှုကျူးလွန်ခြင်း ဖြစ်ကြောင်း DPNS က ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ​၏ ထုတ်ပြန်ချက်
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ​၏ ထုတ်ပြန်ချက်

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ၄ ဦးကို စစ်အုပ်စုက မိုက်ရိုင်းရူးသွပ်စွာ သတ်ဖြတ်ကျူးလွန်လိုက်ခြင်းသည် နိုင်ငံရေးပြဿနာအဝဝကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး အခွင့်အလမ်းတံခါး အပြီးအပိုင် ပိတ်လိုက်ပြီဟု ‘ပြောင်’ ကြေညာလိုက်ခြင်းဖြစ်ကြောင်း လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီ(DPNS)က ထုတ်ပြန်သည်။

စစ်အုပ်စုသည် နိုင်ငံတကာက လိုလားနေသည့် စေ့စပ်ဆွေးနွေး ညှိနှိုင်းရေးနည်းလမ်းအား ယတိပြတ်ပယ်ချကြောင်း ‘ပြောင်’ကြေညာလိုက်ခြင်းဖြစ်သည်ဟုလည်း DPNS က အလေးအနက်မှတ်ယူသည်ဟု ဆိုသည်။

ထို့အတွက် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်သုတ်သင်ရေး၊ ၂၀၀၈ ခြေ/ဥ ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဟူသည့် နွေဦးတော်လှန်ရေး၏ အဓိက ဦးတည်ချက်များအနက် အခြေခံအကျဆုံး ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ဖြတ်သုတ်သင်ရေး တာဝန်ကို လူမျိုးပေါင်းစုံ မြန်မာပြည်သူတရပ်လုံးနှင့်အတူ ပူးပေါင်းလက်တွဲလျက် အကျေအပွန် ထမ်းရွက်သွားမည်ဟု DPNS က ကတိပြုသည်။

ကိုဂျင်မီ ၊ကို​ဇေယျာ​သော်အပါအဝင် မြန်မာ့ဒီမိုက​ရေစီအ​ရေးလှုပ်ရှား​ဆောင်ရွက်သူ​လေးဦးကိုစစ်​ကောင်စီက သတ်ဖြတ်မှုအ​ပေါ် ဆန့်​ကျင်​ကြောင်းထိုင်းနိုင်ငံဘန်​ကောက်ရှိမြန်မာသံရုံး​ရှေ့တွင်မြန်မာနိုင်ငံသားများကဇူလိုင် ၂၆ တွင်ဆန္ဒပြ​နေစဥ် ဓါတ်ပုံ-People's Spring
ကိုဂျင်မီ ၊ကို​ဇေယျာ​သော်အပါအဝင် မြန်မာ့ဒီမိုက​ရေစီအ​ရေးလှုပ်ရှား​ဆောင်ရွက်သူ​လေးဦးကိုစစ်​ကောင်စီက သတ်ဖြတ်မှုအ​ပေါ် ဆန့်​ကျင်​ကြောင်းထိုင်းနိုင်ငံဘန်​ကောက်ရှိမြန်မာသံရုံး​ရှေ့တွင်မြန်မာနိုင်ငံသားများကဇူလိုင် ၂၆ တွင်ဆန္ဒပြ​နေစဥ် ဓါတ်ပုံ-People’s Spring

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ ၄ ဦးကို ပြစ်ဒဏ်စီရင်ခြင်းသည် အာဏာသိမ်း စစ်အုပ်စုအနေဖြင့် ဥပဒေမဲ့ လူသတ်မှုကျူးလွန်ခြင်း ဖြစ်ကြောင်း DPNS က ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချသည်။

Public Service Announcement

Public Service Announcement

တပြိုင်တည်းတွင် DPNS ပါတီခေါင်းဆောင်ဟောင်း ဦးဂျင်မီအား လူမျိုးစုံမြန်မာပြည်သူများအတွက် အသက်ခန္ဓာ စွန့်လွှတ်ရသည်အထိ ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ခြင်းကို လေးစားဂုဏ်ယူ မှတ်တမ်းတင်ပါကြောင်းလည်း ဖော်ပြသည်။

ထိုနည်းတူ ကြိုးပေးသတ်ဖြတ်ခံရသူ ရဲဘော် ၄ ဦးလုံး၏ မိသားစုများနှင့်ထပ်တူ DPNS က အထူးကြေကွဲ ဝမ်းနည်းရပါကြောင်း အလေးအနက်ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။