Connect with us

Hi, what are you looking for?

သတင်း

ပြည်သူ့တော်လှန်ရေး အဆုံးသတ်တိုက်ပွဲများ စတင်ပြီဟု NUG ၊ CRPH၊ NLDနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များ ပူးပေါင်းကြေညာ

ယခုကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ CRPH ၊ NLDနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပူးတွဲ၍ စစ်ကောင်စီကို အမြစ်ပြတ်တိုက်ခိုက်တော့မည်ဟု ထုတ်ပြန်ခြင်းသည် ယခုသည် ပထမဆုံးအကြိမ်ဖြစ်သည်။

ပြည်သူ့တော်လှန်ရေး အဆုံးသတ်တိုက်ပွဲများ စတင်ပြီဟု NUG ၊ CRPH၊ NLDနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များ ပူးပေါင်းကြေညာ

နိုင်ငံတကာအနေဖြင့် တော်လှန်ရေးအတွက်ကူညီပံ့ပိုးမှုကို လက်တွေ့ကျကျ ထိရောက်စွာအရှိန်မြှင့် ဆောင်ရွက်ပေးရန် တောင်းဆို

ဖက်ဆစ်ကို အမြစ်ဖြတ်မည့် ပြည်သူ့တော်လှန်ရေး၏ခရာအချက်ပေးသံဟု KNUပြောကြား

ပြည်သူ့တော်လှန်ရေး အဆုံးသတ်တိုက်ပွဲများ စတင် လိုက်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)တို့က ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။

ပြည်သူလူထုတစ်ရပ်လုံး၏ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်မှုဖြင့် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး၊ အုပ်ချုပ်ရေး စစ်မျက်နှာစုံတွင် ဖြစ်နိုင်သည့် နည်းလမ်းအားလုံးကို အသုံးပြုပြီး ဖက်ဆစ်စစ်အာဏာရှင်စနစ် အမြစ်ဖြတ်မည့် ပြည်သူ့တော်လှန်ရေး အမြန်ဆုံးအောင်မြင်အောင် ညီညီညွတ်ညွတ် မဆုတ်မနစ် ဆန့်ကျင်တွန်းလှန်တိုက်ပွဲဝင်သွားမည်ဟု ခိုင်မာသော သန္နိဌာန်ဖြင့် အဓိဌာန်ပြုကြောင်း ကြေညာလိုက်သည်ဟု ဖော်ပြထားသည်။

ပြည်သူ့တော်လှန်ရေး အဆုံးသတ်တိုက်ပွဲများ စတင်ပြီဟု NUG ၊ CRPH၊ NLDနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များ ပူးပေါင်းကြေညာ
ပြည်သူ့တော်လှန်ရေး အဆုံးသတ်တိုက်ပွဲများ စတင်ပြီဟု NUG ၊ CRPH၊ NLDနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များ ပူးပေါင်းကြေညာ

ဤကြေညာချက်သည် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများ ဆင်နွဲနေသည့် ဖက်ဆစ် စစ်အာဏာရှင် စနစ် မြေလှန်ပစ်မည့် ပြည်သူ့တော်လှန်ရေး အဆုံးသတ်တိုက်ပွဲများ၏ ခရာတွတ်သံဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီသည် ဦးဂျင်မီ (ခ) ဦးကျော်မင်းယု၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင် နှင့် ကိုအောင်သူရဇော်တို့ကို ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးကြောင်း ထုတ်ပြန်ခဲ့ရာ ယင်းပြစ်ဒဏ်စီရင်မှုသည် ပြဌာန်း သတ်မှတ်ထားသော ဥပဒေများ လုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်မှု လုံးဝမရှိသော အကြမ်းဖက် လူသတ်မှု သက်သက်သာ ဖြစ်ကြောင်း၊ ယမန်နှစ် (၂၀၂၁ ခုနှစ်) ဖေဖေါ်ဝါရီ ၉ရက်တွင် နေပြည်တော်၌ မမြသွဲ့သွဲ့ခိုင်အား ကျည်အစစ်ဖြင့် ဦးခေါင်း သို့ ပစ်ခတ်ချိန်မှ စ၍ နေ့စဉ်ရက်ဆက် အကြမ်းဖက် သတ်ဖြတ်မှုများကို ဥပဒေမဲ့ လက်ရဲဇက်ရဲကျူးလွန် နေသော ဖက်ဆစ်စစ်အုပ်စု၏ ခွင့်မလွှတ်နိုင်သော နောက်ထပ် ရာဇဝတ်မှုကြီးတစ်ခု ဖြစ်ကြောင်း ကြေညာခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ခေတ်အဆက်ဆက် ပြည်သူလူထုအား အထူးသဖြင့် လူနည်းစုတိုင်းရင်းသားများအား ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအား ထပ်မံအတည်ပြုခြင်းလည်းဖြစ်ကြောင်း ထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီအား အပြုသဘောဖြင့် ဆက်ဆံချဉ်းကပ်ခြင်းသည် ပြေလည် စေမည့် အဖြေဖြစ်နိုင်လိမ့်မည်ဟု ယုံကြည်နေသူများအနေဖြင့်လည်း အကြမ်းဖက်စစ်ခေါင်းဆောင်တို့၏ သဘောထားအမှန်ကို နားလည်သဘောပေါက်သင့်ပြီဖြစ်ကြောင်း အသိပေးခဲ့သည်။

ထို့ကြောင့် နိုင်ငံရေးပါတီများ တော်လှန်ရေးအင်အားစုများ နှင့် ပြည်တွင်းပြည်ပရှိ ပြည်ထောင်စုဖွားအားလုံးသည် အကြမ်းဖက်စစ်ကောင်စီနှင့် ဖက်ဆစ်စနစ်ကို ကျွန်ုပ်တို့နှင့် ပူးပေါင်း၍ ညီညီညွတ်ညွတ်ဖြင့် ဖြစ်နိုင်ချေရှိသည့် နည်းလမ်းပေါင်းစုံဖြင့် အမြစ်ပြတ်သည်အထိ ပြတ်ပြတ်သားသားတော်လှန်ကြရန်ဖြစ်ကြောင်း ထုတ်ပြန်သည်။

နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဖက်နိုင်ငံများအနေဖြင့် နိုင်ငံရေးနည်းလမ်းကို ငြင်းပယ်ထားသော အကြမ်းဖက်ဖက်ဆစ်စစ်ကောင်စီကို အပြစ်ပေးအရေးယူနိုင်ရေး၊ ပိတ်ဆို့ဟန့်တားရေးနှင့် တော်လှန်ရေး ကို ဆင်နွှဲနေသော ပြည်သူလူထုနှင့် အင်အားစုအားလုံးကို အဖက်ဖက်မှ ကူညီပံ့ပိုးရေး တို့ကို လက်တွေ့ကျကျ ထိရောက်စွာ အရှိန်မြှင့်ဆောင်ရွက်ပေးကြရန် တောင်းဆိုကြောင်း ဖော်ပြထားသည်။

ပြည်သူ့တော်လှန်ရေ၏ပန်းတိုင်သည် ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဆန့် ကျင် တိုက်ဖျက်ပြီးနောက် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည် ဆောက်ရန်ဖြစ်သည်ဟူသောအချက်မှာ တော်လှန်ရေး အင်အားစုများ၏ ဘုံတူညီသောရည်မှန်းချက်အဖြစ် ရှင်းလင်းပြတ်သားပြီးဖြစ်ကြောင်း အသိပေးခဲ့သည်။

ယခုကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ CRPH ၊ NLDနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပူးတွဲ၍ စစ်ကောင်စီကို အမြစ်ပြတ်တိုက်ခိုက်တော့မည်ဟု ထုတ်ပြန်ခြင်းသည် ယခုသည် ပထမဆုံးအကြိမ်ဖြစ်သည်။

ပြည်သူ့တော်လှန်ရေးအဆုံးသတ်တိုက်ပွဲဆင်နွှဲမှု နှင့်ပတ်သက်၍ KNU ပြောရေးဆိုခွင့်ရှိသူပဒိုစောတောနီးက “ဖက်ဆစ်ကို အမြစ်ဖြတ်မယ့် ပြည်သူ့တော်လှန်ရေးရဲ့ ခရာအချက်ပေးသံပဲနော်” ဟု ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်ကောင်စီနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ကြား တိုက်ရိုက် ဆွေးနွေးမှုတွေ စတင်ဖို့ သင့်တော်တဲ့ အခြေအနေ ဖြစ်လာပြီလို့ ယုံကြည်ကြောင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြောကြားခဲ့ပါတယ်။

သတင်း

ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်မှုတွင် ထိခိုက်ဒဏ်ရာရရှိသူများ၏ စိတ်ဒဏ်ရာကုစားရေးအတွက်အမျိုးသားညီညွတ်‌ရေးအစိုးရ(NUG)ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM) နှင့် ပညာရှင်များက နှစ်သိမ့်ဆွေးနွေးပေးခဲ့ကြသည်။

သတင်း

ပြည်သူကိုသတ်ဖြတ်နေသည့် စစ်ကောင်စီလုပ်ရပ်ကို ကမ္ဘာက လျစ်လျူရှုထား၍ အလုပ်ပိုလုပ်ကြရန် TNLA ခေါင်းဆောင်တိုက်တွန်း

သတင်း

စစ်ကောင်စီ၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲအား ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းမပြုကြရန် တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီက ယနေ့ ထုတ်ပြန်သည်။