Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေးစာတန်း​များ ချိတ်ဆွဲရာအနီးရှိ ပစ္စည်းများအား ကိုင်တွယ်ခြင်းမပြုရန် ဝက်လက်တော်လှန်ရေးတပ်ဦး သတိပေး

သတိပေးရခြင်းနှင့်ပတ်သက်၍ ဝက်လက်တော်လှန်ရေးတပ်ဦး၏တာဝန်ရှိသူအား မေးမြန်းရာတွင် “အဲဒါကတော့ ကျွန်တော်တို့ မစ်ရှင်အောင်မြင်တဲ့အချိန်မှ ဖြေလို့ရမှာပါ။ ပြည်သူတွေ မထိခိုက်အောင် ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါဗျ။”ဟု ပြောသည်။

(ရန်ကုန်မြို့ သာကေတမြို့နယ်တွင် ချိတ်ဆွဲထားသော စစ်အာဏာရှင်ဆန့်ကျင်ရေး စာတန်းတစ်ခုအား ယမန်နေ့က တွေ့ရစဉ်၊ ဓာတ်ပုံ-CJ)
(ရန်ကုန်မြို့ သာကေတမြို့နယ်တွင် ချိတ်ဆွဲထားသော စစ်အာဏာရှင်ဆန့်ကျင်ရေး စာတန်းတစ်ခုအား ယမန်နေ့က တွေ့ရစဉ်၊ ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးစာတန်း​များ ချိတ်ဆွဲရာအနီးရှိ ပစ္စည်းများအား ကိုင်တွယ်ခြင်းမပြုရန် ဝက်လက်ဘတော်လှန်ရေးတပ်ဦးက သတိပေးကြေညာသည်။

ဝက်လက်မြို့နယ်အတွင်းရှိ ကျောင်းသားပြည်သူများအနေဖြင့် စစ်အာဏာရှင်ဆန့်ကျင်သည့် စာသားပါ ပိတ်စများ ချိတ်ဆွဲထားသည့် နေရာများအနီးရှိ ပစ္စည်းများကို ကိုင်တွယ်ခြင်းမပြုကြရန် မေတ္တာရပ်ခံကြောင်း ဝက်လက်တော်လှန်ရေးတပ်ဦးက ယနေ့(ဇူလိုင်၂၆ရက်) သတိပေးကြေညာသည်။

သတိပေးရခြင်းနှင့်ပတ်သက်၍ ဝက်လက်တော်လှန်ရေးတပ်ဦး၏တာဝန်ရှိသူအား မေးမြန်းရာတွင် “အဲဒါကတော့ ကျွန်တော်တို့ မစ်ရှင်အောင်မြင်တဲ့အချိန်မှ ဖြေလို့ရမှာပါ။ ပြည်သူတွေ မထိခိုက်အောင် ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါဗျ။”ဟု ပြောသည်။

ရန်ကုန်မြို့နှင့်ဒေသအချို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးစာတန်းများအား ချိတ်ဆွဲထားပြိီးနောက် အကြမ်းဖက်စစ်တပ်က လာဖြုတ်ချိန် မိုင်းပေါက်ကွဲသည့်ဖြစ်စဥ်များလည်း ဖြစ်ပွားခဲ့ဖူးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

မေးမြန်းခန်း

ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း