သတင်း မိတ္ထီလာမြို့သို့ သစ်များတရားမဝင်သယ်ဆောင်သည့် ယာဥ်တစ်စီးကို KNDFဖမ်းဆီးထိန်းသိမ်း ယာဥ်မောင်းအား တစ်ညတာ ထိန်းသိမ်းခဲ့ပြီး အငှားယာဥ်မောင်းလုပ်ကိုင်ခြင်းမှအပ ပြစ်မှုတစ်စုံတစ်ရာ မတွေ့ရှိသောကြောင့် KNDF၏ မူဝါဒနှင့်အညီ ခံဝန်ကတိဖြင့် ယနေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။ LuduNwayOoဇွန် 26, 2022
သတင်း 𝐄𝐚𝐫𝐭𝐡𝐪𝐮𝐚𝐤𝐞 𝐏𝐞𝐨𝐩𝐥𝐞’𝐬 𝐃𝐞𝐟𝐞𝐧𝐜𝐞 𝐅𝐨𝐫𝐜𝐞 – 𝐔𝐆 အဖွဲ့စခန်း မတော်တဆဖြစ်၍ လက်နက် တိုက်အပါအဝင် စခန်းမီးလောင်ဆုံးရှုံး 𝐄𝐚𝐫𝐭𝐡𝐪𝐮𝐚𝐤𝐞 𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐜𝐞 𝐅𝐨𝐫𝐜𝐞-𝐔𝐆 အဖွဲ့သည် စစ်ကောင်စီလက်အောက်ခံ ရေစကြိုမြို့ နယ်မှူးကားကို ဇွန်လ၁၇ ရက်က ဖမ်းဆီးသိမ်းယူနိုင်ခဲ့သည့် အဖွဲ့ဖြစ်သည်။ LuduNwayOoဇွန် 26, 2022
သတင်း စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေထဲမှာကျဆုံးသွားရသူ ၉၅ ဦးထိရှိပြီ စစ်အုပ်စုဟာ ဖမ်းဆီးခံရသူတွေကို သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်တာမလုပ်ခင် လက်စားချေလိုမှု ၊သတင်းအချက်အလက်ရယူလိုမှု စတဲ့အကြောင်းရင်းတွေနဲ့ ညှဉ်းပန်းနှိပ်စက်မှုကို လုပ်ရိုးလုပ်စဉ်အလေ့အထအဖြစ်လုပ်ကိုင်နေကြတယ်လို့လည်း AAPPက ဆိုပါတယ်။ LuduNwayOoဇွန် 26, 2022
သတင်း စစ်တပ်၏ ညှင်းပန်းနှိပ်စက်မှုနှင့် ရက်စက်ကြမ်းကြုတ်သောလူမဆန်မှုကို ပြင်သစ်သံရုံး ပြင်းထန်စွာရှုတ်ချ ဥရောပသမဂ္ဂ(EU)ကလည်း ရက်စက်ကြမ်းကြုတ်သော၊ လူမဆန်သော သို့မဟုတ် ယုတ်ညံ့သော ဆက်ဆံမှုပုံစံအားလုံးကို ဆန့်ကျင်လုပ်ဆောင်ရန် ဟူသော ကတိကဝတ်ကို ထပ်လောင်း အတည်ပြုကြောင်း ယနေ့ထုတ်ပြန်သည်။ LuduNwayOoဇွန် 26, 2022
သတင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုလုပ်ရပ်များအပေါ် ညောင်လေးပင်ခရိုင် ဒေသခံကရင်လူမှုရေးရာအဖွဲ့ ကန့်ကွက်ရှုတ်ချ လက်ရှိတွင် သက်ကြီးရွယ်အိုများသည် ဆိုးရွားသော ကျန်းမာရေး ပြဿနာနှင့် ရင်ဆိုင်နေရသည့်အပြင် ကလေးငယ်များ ကျောင်းဖွင့်ချိန်တွင် စစ်ဘေးကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံ ကရင်လူမှုရေးရာအဖွဲ့က ထုတ်ပြန်သည်။ LuduNwayOoဇွန် 26, 2022
သတင်း ဖားကန့်တွင် လာရောက်ပုန်းအောင်းနေသည့် စစ်ကိုင်းတိုင်းမှပျူသုံးဦးကိုစစ်ကိုင်းအခြေစိုက်PDFကလိုက်လံသုတ်သင်ရှင်းလင်း သေနတ်ဖြင့် ပစ်ခတ်သုတ်သင်ရှင်းလင်းခံရသူသုံးဦး၏ ရုပ်အလောင်းကို ဖားကန့်မြို့ မှော်ဆီစာကျေးရွာနှင့် လုံးခင်းကျေးရွာအုပ်စုကြား ဆက်သွယ်ထားသော လမ်းဘေးတွင် ဒေသခံများက စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ LuduNwayOoဇွန် 26, 2022
သတင်း တောင်ကြီး မြို့မစျေးအနီးဖောက်ခွဲတိုက်ခိုက်မှု ရဲနှစ်ဦးသေ၊ ယာဥ်ထိန်းရဲနှစ်ဦးထိခိုက် တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများတွင် ယာဥ်ထိန်းရဲနှစ်ဦးမှာ စိုးရမ်ရဒဏ်ရာရရှိပြီး ရဲ တပ်ဖွဲ့ဝင်နှစ်ဦးတွင် ရဲတပ်ကြပ်ကြီးတစ်ဦးနှင့် ရဲသားတစ်ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန် သည်။ LuduNwayOoဇွန် 26, 2022
သတင်း ဆလိုင်းတင်မောင်ဦးစိတ်ဓာတ်ကိုင်စွဲပြီး စစ် ၃ စစ်ကိုအမြစ်ပြတ်တိုက်ဖို့ ဗကသများအဖွဲ့ချုပ်တိုက်တွန်း ဒီနေ့မှာကျရောက်တဲ့ ၄၆ နှစ်မြောက်အခမ်းအနား ကို ဗကသများအဖွဲ့ချုပ် ကသဝဏ်လွှာပေးပို့ရာမှာ ဆလိုင်းတင်မောင်ဦးဟာ လူထုတရပ်လုံးရဲ့ဘုံရန်သူကိုနောက်ဆုံးအချိန်ထိ အလျော့မပေး အညံ့မခံဘဲ အသက်စွန့်ကာ ပြတ်ပြတ်သားသားတိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသားအာဇာနည် ဖြစ်ပြီး အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်လို့ပါရှိပါတယ်။ LuduNwayOoဇွန် 26, 2022
သတင်း မန္တလေး မှာ ဆိုင်ကယ်စီးအမျိုးသား ၂ ဦးကို အရပ်ဝတ်စစ်သားတွေကလိုက်ပစ်ခတ်လို့ ၁ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ အမျိုးသား ၂ဦးစီးနင်းလာတဲ့ဆိုင်ကယ်နောက်ကို အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဟာ ဆိုင်ကယ်နဲ့လိုက်လာပြီးပစ်ခတ်ပြီး ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဒေသခံအချို့ကပြောပါတယ်။ LuduNwayOoဇွန် 26, 2022
သတင်း ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းတွင် စစ်ကောင်စီတပ်ယာဥ်နှစ်စီးအား မိုင်းဆွဲတိုက်ခိုက် ဇွန်လ၂၄ရက်နံနက်ပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ရွှေဘိုမြို့နယ် စောင်တန်းကျေးရွာနေ အရပ်သားပြည်သူ သုံးဦးအား အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့သည်။ LuduNwayOoဇွန် 26, 2022