Connect with us

Hi, what are you looking for?

သတင်း

တောင်ကြီး မြို့မစျေးအနီးဖောက်ခွဲတိုက်ခိုက်မှု ရဲနှစ်ဦးသေ၊ ယာဥ်ထိန်းရဲနှစ်ဦးထိခိုက်

တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများတွင် ယာဥ်ထိန်းရဲနှစ်ဦးမှာ စိုးရမ်ရဒဏ်ရာရရှိပြီး ရဲ တပ်ဖွဲ့ဝင်နှစ်ဦးတွင် ရဲတပ်ကြပ်ကြီးတစ်ဦးနှင့် ရဲသားတစ်ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန် သည်။

(၂၀၂၁ မေလ၂၀ရက်က အဆိုပါ မီးပွိုင့်တွင် ပေါက်ကွဲမှုဖြစ်ပြီးနောက်တွေ့ရသော ပုံအဟောင်းကို အသုံးပြုထားပါသည်)
(၂၀၂၁ မေလ၂၀ရက်က အဆိုပါ မီးပွိုင့်တွင် ပေါက်ကွဲမှုဖြစ်ပြီးနောက်တွေ့ရသော ပုံအဟောင်းကို အသုံးပြုထားပါသည်)

တောင်ကြီးမြို့ မြို့မစျေးမီးပွိုင့်အနီးဖောက်ခွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီလက်အောင်ခံ ရဲနှစ်ဦးသေဆုံးပြီး ယာဥ်ထိန်းရဲနှစ်ဦးထိခိုက်ဒဏ်ရာရသွားကြောင်း ပြောက်ကျားတပ်ဖွဲ့SUM (UGPDF) က ယနေ့(ဇွန် ၂၆)အသိပေးထုတ်ပြန်သည်။

ဇွန်လ ၂၄ ရက်က တောင်ကြီးသို့လာသော အကြမ်းဖက်စစ်တပ် ဒုချုပ်စိုးဝင်း၏ခရီးစဥ်အား ရည်ရွယ်၍ မြို့မစျေးမီးပွိုင့်အနီးတွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အထက်ပါအတိုင်း ထိခိုက်သေ ဆုံးခဲ့ခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်း မြစ်ကိုကိုးကားပြီး ဖော်ပြသည်။

တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများတွင် ယာဥ်ထိန်းရဲနှစ်ဦးမှာ စိုးရမ်ရဒဏ်ရာရရှိပြီး ရဲ တပ်ဖွဲ့ဝင်နှစ်ဦးတွင် ရဲတပ်ကြပ်ကြီးတစ်ဦးနှင့် ရဲသားတစ်ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန် သည်။

ထို့အပြင် စစ်ကောင်စီတပ်မှ ကားနှစ်စီးဗုံးစထိမှန်ကာ ကားမှန်များကွဲသွားကြောင်း ထပ်မံကြားသိရသဖြင့် ပြည်သူများလည်း ၎င်းတို့နှင့်ထပ်တူ ကြေနပ်ကြလိမ့်မည်ဟုယုံကြည်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“နောက်နောင်တွင်လည်း ဒီထက်မကအောင်မြင်မှုရအောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ကတိစကားပါးချင်ပါတယ်”ဟု SUM(UGPDF)မှ ရဲ ဘော်တစ်ဦးက သတင်းစကားပါးသည်။

လက်ရှိတွင် SUM(UGPDF)အနေဖြင့် စစ်ရေးတိုက်ခိုက်မှုများအတွက် မိဘပြည်သူများထံမှ အလှူငွေကောက်ခံခြင်းမျိုးလုံးဝ(လုံးဝ)မရှိသေးကြောင်း အသိပေးကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် (၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တရားမဝင်‌ရွေးကောက်ပွဲအတွက် အစည်းအဝေးပြုလုပ်နေသော အုပ်ချုပ်ရေးအဖွဲ့ကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြင်းအားမြင့် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက ပြောသည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့အနီးဗဟိုပြု၍ ရစ်(ခ်)တာစကေး ၄ ဒဿမ ၄အဆင့်ရှိ ငလျင်တစ်ခု ယနေ့ (မေလ ၃၀ရက်) နေ့ခင်းပိုင်းက လှုပ်ရှားသွားသည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ယနေ့(ဧပြီ ၂ရက်) နေ့လည်ပိုင်းက အင်အားပြင်းငလျင်လှုပ်မည်ဟု ကောလာဟလများပျံ့နှံ့နေပြီး ရုံးဌာနများနှင့် စျေးဆိုင်များပိတ်သွားပြီး အထပ်မြင့် အဆောက်အအုံများရှိ ဒေသခံများလည်း လမ်းမများပေါ် ထွက်နေကြသည်ဟု သညမြို့ခံများက ပြောသည်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၁၄၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား မတ်လ ၈ရက် ည ၁၀ နာရီခန့်တွင် လက်ပစ်ဗုံးသုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA)အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။