Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုလုပ်ရပ်များအပေါ် ညောင်လေးပင်ခရိုင် ဒေသခံကရင်လူမှုရေးရာအဖွဲ့ ကန့်ကွက်ရှုတ်ချ

လက်ရှိတွင် သက်ကြီးရွယ်အိုများသည် ဆိုးရွားသော ကျန်းမာရေး ပြဿနာနှင့် ရင်ဆိုင်နေရသည့်အပြင် ကလေးငယ်များ ကျောင်းဖွင့်ချိန်တွင် စစ်ဘေးကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံ ကရင်လူမှုရေးရာအဖွဲ့က ထုတ်ပြန်သည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ယနေ့မနက်ထိ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ဒေသခံများ တိမ်းရှောင်နေရ၊ အခက်အခဲကြုံနေရ

ဒေသခံလူထုများ ထိခိုက်နစ်နာစေသည့် လက်နက်ကြီးများ ပစ်ခတ်ခြင်းအပါအဝင် စစ်ကောင်စီ ၏ အကြောင်းမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ၊ လူသားမဆန်သည့် အကြမ်းဖက်လုပ်ရပ် ၊ ဖက်ဆစ် ဆန်သည့် အာဏာရှင် လုပ်ရပ်တို့ကို မည်သို့မျှ လက်ခံနိုင်ခြင်း လုံး၀ မရှိကြောင်းနှင့် အတိအလင်း ကန့်ကွက်ရှုတ်ချလိုက်ကြောင်း ညောင်လေးပင်ခရိုင် ဒေသခံ ကရင်လူမှုရေးရာအဖွဲ့ က ယနေ့ ထုတ်ပြန်သည်။

ညောင်လေးပင်ခရိုင်အတွင်းရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း အမြဲတစေ စားဝတ်နေရေးအတွက် သွားလာလှုပ်ရှားရာ၌ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုနှင့် ကြုံတွေ့နေရပြီး လက်ရှိ အချိန်တွင်လည်း လက်နက်ကြီးများဖြင့် ကျေးရွာအတွင်း အဆက်မပြတ် ပစ်ခတ်ခြင်းကြောင့် ပြည်သူလူထုများ စားဝတ်နေရေး အခက်အခဲ နှင့် ရင်ဆိုင်နေရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ – KNU

“လက်နက်ကြီး လွတ်တဲ့နေရာရှောင်နေရတာပေါ့။ လတ်တလောဖြစ်နေတာက ဒီမနက်အထိ လက်နက်ကြီးက ပစ်တုန်းပဲလေ။ နောက်ပြီး သူတို့က နယ်မြေကျူးကျော်ပြီး ဒီဘက်မှာ ရှိနေတဲ့ အနေအထားဆိုတော့ ပြည်သူတွေက ဒီအတိုင်းပဲ နေနေရအုံးမှာပေါ့”ဟု ဒေသခံ ကရင်လူမှုရေးရာအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်အတွင်းသို့ စစ်ကောင်စီတပ်များ ဝင်ရောက်ကျူးကျော်လာ၍ နယ်မြေခံKNLA တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဇွန်လ ၁၇ရက်မှစ၍ မကြာခဏ ဖြစ်ပွားနေသည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့တွင် စစ်ကောင်စီတပ်က ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ် ဒေသရှိ ကျေးရွာများသို့ လက်နက်ကြီးဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့၍ ပြည်သူ ၅ဦး ဒဏ်ရာရရှိပြီး

ဒေသတွင်းရှိ ကျေးရွာ ၈ရွာမှ ဒေသခံ ၃၅၀၀ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း KNUက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ – KNU

လက်ရှိတွင် သက်ကြီးရွယ်အိုများသည် ဆိုးရွားသော ကျန်းမာရေး ပြဿနာနှင့် ရင်ဆိုင်နေရသည့်အပြင် ကလေးငယ်များ ကျောင်းဖွင့်ချိန်တွင် စစ်ဘေးကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံ ကရင်လူမှုရေးရာအဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က ကျေးရွာအတွင်းလက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် ဒေသခံ ပြည်သူများ ထိခိုက်ဒဏ်ရာရမှု ပိုများလာသည်သာမက အများပြည်သူ အသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများအပေါ် စစ်ဆေးရေး ဂိတ်ချပြီး သွားလာမှုများကို တားဆီးနှောက်ယှက် ပိတ်ပင်ခြင်း၊ ငွေကြေးတောင်းခံခြင်း များ ပြုလုပ်နေကြောင်း ဖော်ပြထားသည်။

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီ၏ အကြောင်းမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု လူသားမဆန်သည့် လုပ်ရပ်ကို ပြည်သူများအနေဖြင့် တစ်ဦးချင်းစီ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုကို အချက်အလက် စုံလင်စွာ မှတ်သားထားပြီး ဒေသခံ ကရင်လူမှုရေးရာအဖွဲ့ နှင့် နီးစပ်သည့် အဖွဲ့အစည်း တစ်ခုခုသို့ အချီမီသတင်းပေးပို့ရန်၊ တစ်ရွာနှင့်တစ်ရွာ စုပေါင်းကူညီကြရန် အသိပေးထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။