Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် လာရောက်ပုန်းအောင်းနေသည့် စစ်ကိုင်းတိုင်းမှပျူသုံးဦးကိုစစ်ကိုင်းအခြေစိုက်PDFကလိုက်လံသုတ်သင်ရှင်းလင်း

သေနတ်ဖြင့် ပစ်ခတ်သုတ်သင်ရှင်းလင်းခံရသူသုံးဦး၏ ရုပ်အလောင်းကို ဖားကန့်မြို့ မှော်ဆီစာကျေးရွာနှင့် လုံးခင်းကျေးရွာအုပ်စုကြား ဆက်သွယ်ထားသော လမ်းဘေးတွင် ဒေသခံများက စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဖားကန့်တွင် လာရောက်ပုန်းအောင်းနေသည့် စစ်ကိုင်းတိုင်းမှပျူသုံးဦးကိုစစ်ကိုင်းအခြေစိုက်PDFကလိုက်လံသုတ်သင်ရှင်းလင်း
ဖားကန့်တွင် လာရောက်ပုန်းအောင်းနေသည့် စစ်ကိုင်းတိုင်းမှပျူသုံးဦးကိုစစ်ကိုင်းအခြေစိုက်PDFကလိုက်လံသုတ်သင်ရှင်းလင်း

ဖားကန့်မြို့တွင် လာရောက်ပုန်းအောင်းနေသည့် စစ်ကိုင်းတိုင်းမှ ပျူစောထီးသုံးဦးကို စစ်ကိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က လာရောက်သုတ်သင်ရှင်းလင်းသွားသည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်မြို့တွင် ဒေသခံမဟုတ်သည့် အမျိုးသားသုံးဦး၏ ရုပ်အလောင်းများကို ဇွန်လ ၁၉ရက်ညကတွေ့ရှိခဲ့ပြီး စစ်ကိုင်းတိုင်းဘက်မှ လာရောက်တိမ်းရှောင်နေသည့် ပျူစောထီးသုံးဦးဟု အတည်ပြုနိုင်ကြောင်း ဒေသခံများက ပြောသည်။

မည်သည့်မြို့က ဖြစ်သည်ကို သက်ဆိုင်ရာမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်မည်ဟု ဆိုသည်။

“စစ်ကိုင်းတိုင်းဘက်က ဒလန်နဲ့ပျုတွေ အရှင်းခံရတာ။ သူ့နယ်ကနေ လိုက်လာပြီးလာရှင်းတာလို့ သိရတယ်။ ဒီဘက်(ဖားကန့်)က ရှင်းတာတော့ မဟုတ်ဘူး”ဟု ဖားကန့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက People’s Speingသို့ ပြောသည်။

Public Service Announcement

Public Service Announcement

သေနတ်ဖြင့် ပစ်ခတ်သုတ်သင်ရှင်းလင်းခံရသူသုံးဦး၏ ရုပ်အလောင်းကို ဖားကန့်မြို့ မှော်ဆီစာကျေးရွာနှင့် လုံးခင်းကျေးရွာအုပ်စုကြား ဆက်သွယ်ထားသော လမ်းဘေးတွင် ဒေသခံများက စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ကျောက်စိမ်းတူးသည့် လုပ်ငန်းနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းမှ လူအများစု လာရောက်အခြေချ နေထိုင်လေ့ရှိသည့် ဖားကန့်တွင် လက်ရှ်ိတော်လှန်ရေးအရှိန်မြင့်နေသည့် စစ်ကိုင်းတိုင်းမြို့နယ်အချို့မှ စစ်ကောင်စီသတင်းပေးနှင့် ပျူစောထီး အချို့ လာရောက်တိမ်းရှောင်လေ့ရှ်ိသည်။

ယခင်ကလည်း ယင်းကဲ့သို့ ထွက်ပြေးတိမ်းရှောင်နေသည့် ပျူးစောထီးနှင့် ဒလန်အချို့ကို သက်ဆိုင်ရာမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖားကန့်အထိလိုက်လာပြီး သုတ်သင်ရှင်းလင်းခဲ့ဖူးသည်။

“ပျူတွေ၊ ဒလန်တွေ ပေးတဲ့ ဒုက္ခကတော်တော်ဆိုးတယ်။ ဒါကြောင့်လည်း ရေဆုံးမြေဆုံး လိုက်ရှင်းလင်းတာ။ ကိုယ့်ဘာသာ ကိုယ်နေရင်းကနေ ဒလန်ကြောင့် ပျက်ရတဲ့ဘဝတွေ စစ်ကိုင်းမှာ လက်ညိုးထိုးမလွဲဘူး” ဟု ရေဦးမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။