သတင်း Total ၏ ဒေါ်လာ သန်း ၂၅၀ နှင့်အကျိုးအမြတ်များ စစ်အုပ်စုထံမရောက်ရေး ပြင်သစ် အစိုးရကို ဖိအားပေးရန် တောင်းဆို လာမည့် ဇူလိုင် ၂၀ တွင် Total စွမ်းအင်ကုမ္ပဏီသည် မြန်မာနိုင်ငံမှထွက်ခွာမည်ဖြစ်သော်လည်း အကြမ်းဖက်စစ်အုပ်စုကို ဒေါ်လာ သန်း ၂၅၀ နှင့် အကျိုးအမြတ်များစွာကို ပေးခဲ့ရန် ပြင်ဆင်နေရာ ပြင်သစ်အစိုးရ၏ အခန်းကဏ္ဍသည် အဆုံးအဖြတ်ပေးမည့် အဓိကနေရာတွင် ရှိနေသည်။ LuduNwayOoဇွန် 17, 2022
သတင်း PDFများလက်နက်အပ်ရန် စစ်ကောင်စီ ဖိတ်ခေါ်မှုလက်နက်အစားမုန့်ဟင်းခါးပွဲများသာရမည်ဟု ဧရာဝတီတိုင်းပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု တုန့်ပြန် စစ်ကောင်စီ၏ အထက်ပါ လုပ်ရပ်အပေါ် " လက်နက်အပ်စေချင်တဲ့ စကစအတွက် လက်နက်တော့မရဘူး။ မုန့်ဟင်းခါးတွေပဲရမယ်"ဟု ဧရာဝတီတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု(ဧရာဗေဒါ) က ဇွန် လ၁၆ရက်တွင် သတိပေးထုတ်ပြန်သည်။ LuduNwayOoဇွန် 17, 2022
သတင်း လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်က အကြမ်းဖက်နေ၍ ပြည်သူများစစ်ရေးသတိရှိရန် PDF သတိပေး ဂေါ့အင်းကျေးရွာ၊ ကြယ်တောင်အနီး အသက် (၂၀)ခန့်ရှိ လမ်းသွားလမ်းလာ အမျိုးသားနှစ်ဦးကိုလည်းစစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။ ထိုနှစ်ဦးအနက် တဦးသေဆုံးပြီး အခြားတဦးကို အချိန်မှီဆေးရုံတင်ပို့ခဲ့နိုင်သည်။ LuduNwayOoဇွန် 17, 2022
သတင်း တနင်္သာရီမြို့နယ် လယ်သစ်ရွာအနီး စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ကြား နှစ်ရက်ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် လေးဦးသေ ယမန့်နေ့(ဇွန် ၁၆ ရက်) ညနေ ၃ နာရီမှ ညနေ ၅နာရီအထိလယ်သစ်ရွာအနီးရှိ ကုလားသေတောင်တွင် စစ်ကောင်စီတပ်နှင့်တနင်္သာရီ ပြည်သူ့ကာကွယ်ရေး ပျောက်ကျားတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ LuduNwayOoဇွန် 17, 2022
သတင်း ရွှေဘိုတွင်ငါးရက်ကြာတိုက်ပွဲ၌စစ်ကောင်စီတပ်အထိနာ ထိုစစ်ကြောင်းသည် ရွာဆိုးကျေးရွာမှ ပေါက်ချိုင်ကျေးရွာသို့ ဦးတည်ရာတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း SNAKE EYES LPDFအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ LuduNwayOoဇွန် 17, 2022
သတင်း စစ်ကောင်စီတက်ခွင့်မရတဲ့အိန္ဒိယ − အာဆီယံအစည်းအဝေး အိန္ဒိယ− အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအဆင့်အစည်းအဝေးကို အိန္ဒိယနဲ့အာဆီယံကြားဆက်ဆံရေး နှစ် ၃၀ ပြည့်အထိမ်းအမှတ်အနေနဲ့ကျင်းပတာလည်းဖြစ်ပါတယ်။ LuduNwayOoဇွန် 17, 2022
သတင်း ပဲခူးမြို့ ကလျာဏီရပ်ကွက်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးရုံး သေနတ်ဖြင့်အပစ်ခံရ၊ ရာအိမ်မှူးနှစ်ဦး ကျည်ထိ ယမန်နေ့ည ၈ နာရီခန့်က ကလျာဏီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား အမည်မသိလူငယ်နှစ်ဦးက လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးအဖွဲ့ဝင် ဆယ်အိမ်မှူးနှစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း ၎င်းဒေသခံများက ပြော သည်။ LuduNwayOoဇွန် 17, 2022
သတင်း တန့်ဆည်တွင်ပျူခေါင်းဆောင်၏အိမ်သို့ရောက်နေသောစစ်တပ်ကိုတိုက်ခိုက်၁၇ဦးခန့်သေဟုတိုက်ခိုက်သောအဖွဲ့ပြော ဇွန် ၁၄ ရက်ည ၉ နာရီခန့်က အင်္ကုက္ကားရွာမှပျူစောထီးခေါင်းဆောင်စိန်ချို၏နေအိမ်၌ တပ်စွဲထားသော အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီတပ်ကို ၎င်းတို့စုဝေးနေချိန် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြသည်။ LuduNwayOoဇွန် 17, 2022
သတင်း လောင်းလုံမြို့နယ်တွင်ဆန္ဒပြသူများ၊ CDMများကိုစစ်ကောင်စီတပ်ကဖမ်းဆီးနေ၍ ရှောင်တိမ်းနေရန်ပ.က.ဖ သတိပေး စစ်ကောင်စီတပ်ကဖမ်းဆီးသူများထဲတွင် တော်လှန်ရေးဦးဆောင်သူများ၊ CDMဝန်ထမ်းများ၊ နိုင်ငံရေးပါတီဝင်များ နှင့်တက်ကြွလှုပ်ရှားသူများပါဝင်သည်ဟု လောင်းလုံးမြို့နယ်ပ.အ.ဖ ထုတ်ပြန်ချက်တွင်ပါရှိသည်။ LuduNwayOoဇွန် 17, 2022
သတင်း တက္ကသိုလ်ကျောင်းသူတစ်ဦးကို ရန်ကုန်မှာဖမ်းဆီးရာ ဖခင်ဖြစ်သူကိုပါ တပါတည်းစစ်ကောင်စီဖမ်းဆီးသွား လက်ရှိ အဖမ်းခံလိုက်ရတဲ့ မရွှေရည်ဝင်းအပါအဝင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် က ဖမ်းဆီးခံ ကျောင်းသား ၊ကျောင်းသူ ၁၄ ဦးရှိပြီး စစ်အုပ်စုလက်ချက်ကြောင့် သေဆုံးရသူ ၁ ဦးရှိတယ်လို့ သိရပါတယ်။ LuduNwayOoဇွန် 17, 2022