Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ် လယ်သစ်​ရွာအနီး စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ကြား နှစ်ရက်ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ​လေးဦးသေ

ယမန့်နေ့(ဇွန် ၁၆ ရက်) ညနေ ၃ နာရီမှ ညနေ ၅နာရီအထိလယ်သစ်ရွာအနီးရှိ ကုလားသေတောင်တွင် စစ်ကောင်စီတပ်နှင့်တနင်္သာရီ ပြည်သူ့ကာကွယ်ရေး ပျောက်ကျားတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

တနင်္သာရီမြို့နယ် လယ်သစ်​ရွာ တိုက်ပွဲ
တနင်္သာရီမြို့နယ် လယ်သစ်​ရွာ တိုက်ပွဲ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် လယ်သစ်​ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ် ရေးတပ်တို့ကြား နှစ်ရက်ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ​လေးဦးသေဆုံးခဲ့ကြောင်း Tanintharyi Defense Force က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား ဇွန် ၁၆ ရက်နှင့် ယနေ့ (ဇွန် ၁၇ ရက်)တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်များ စစ်အင်အားတိုးမြှင့်ထားခြင်းကြောင့် တိုက်ပွဲများပြင်းထန်လာနိုင်လာ၍ ကျေးရွာ​ဒေသခံပြည်သူများအ​နေဖြင့် ဘေးလွတ်ရာရှောင်နေကြရန်လည်း ပြည်သူ့ကာ ကွယ်ရေးအဖွဲ့က သတိ​ပေးထားသည်။

ယမန့်နေ့(ဇွန် ၁၆ ရက်) ညနေ ၃ နာရီမှ ညနေ ၅နာရီအထိလယ်သစ်ရွာအနီးရှိ ကုလားသေတောင်တွင် စစ်ကောင်စီတပ်နှင့်တနင်္သာရီ ပြည်သူ့ကာကွယ်ရေး ပျောက်ကျားတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယနေ့ နံနက်တွင် ဖြစ်ပွားသည့် တိုက်ပွဲအခြေအနေကို အသေးစိပ်မရှိရသေးကြောင်း ဒေသခံကာကွယ်ရေးတပ်များနှင့် နီးစပ်သူများထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

Facebook