Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတက်ခွင့်မရတဲ့အိန္ဒိယ − အာဆီယံအစည်းအဝေး

အိန္ဒိယ− အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအဆင့်အစည်းအဝေးကို အိန္ဒိယနဲ့အာဆီယံကြားဆက်ဆံရေး နှစ် ၃၀ ပြည့်အထိမ်းအမှတ်အနေနဲ့ကျင်းပတာလည်းဖြစ်ပါတယ်။

အာဆီယံအစည်းအဝေး
အာဆီယံအစည်းအဝေး

အာဏာသိမ်းစစ်ကောင်စီတက်ရောက်ခွင့်မရတဲ့ အိန္ဒိယ − အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးဟာမနေ့က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာကျင်းပပြီးစီးသွားပါပြီ။

အစည်းအဝေးမှာ ယူကရိန်းစစ်ပွဲ ၊ အင်ဒို − ပစိဖိတ်ဒေသအရေးနဲ့ ဒေသတွင်းမှာ တရုတ်ရဲ့လွှမ်းမိုးလာမှု ကိစ္စရပ်တွေကိုထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

အာဆီယံအစည်းအဝေး
အာဆီယံအစည်းအဝေး

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကိုအာဆီယံအဖွဲ့ရဲ့ဆုံးဖြတ်ချက်မူအတိုင်း အစည်းအဝေးတက်ရောက်ခွင့် အိန္ဒိယက မဖိတ်ပေမယ့် အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ပူးတွဲထုတ်ပြန်ချက်မှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီးထည့်သွင်းဖော်ပြတာမျိုးမရှိဘူးလို့ အိန္ဒိယဘက်က သတင်းဌာနတွေမှာဖော်ပြကြပါတယ်။

အာဆီယံအစည်းအဝေး
အာဆီယံအစည်းအဝေး

အိန္ဒိယ − အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမစတင်မီ နှစ်ရက်အလိုက စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကိုနေပြည်တော်မှာ အိန္ဒိယ သံအမတ်ကြီးဟာ သွားရောက်တွေ့ဆုံထားတာရှိပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒိယ − အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအဆင့်အစည်းအဝေးကို အိန္ဒိယနဲ့အာဆီယံကြားဆက်ဆံရေး နှစ် ၃၀ ပြည့်အထိမ်းအမှတ်အနေနဲ့ကျင်းပတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ မကြာခင်တွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ဇွန်လ ၁၀ရက်မှာ ပြောကြားပါတယ်။