သတင်း လွိုင်ကော်မြို့ရှိ ကက်သလစ်ဘာသာ ခရစ္စတူးဘုရင် ဗဟိုဘုရားကျောင်းကို စစ်တပ် အဓမ္မဝင်ရောက်တပ်စွဲ ခရစ္စတူးဘုရင် ဗဟိုဘုရားကျောင်းကို စစ်ကောင်စီက တပ်စွဲရန်သုံးကြိမ်တိုင် ကြိုးပမ်းခဲ့ပြီးဆရာတော်နှင့် ဌာနေဘုန်ကြီးများက သာသနာ့နယ်မြေ၏ အရေးပါပုံကို ရှင်းပြ၍ လွတ်ကင်းရန် ကြိုးပမ်းခဲ့ရသည်ဟု ဆိုသည်။ LuduNwayOoနိုဝင်ဘာ 28, 2023
သတင်း KNUနယ်မြေများသို့ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်၍ ကိုရင်နှစ်ပါးနှင့် အမျိုးသမီး နှစ်ဦး ဒဏ်ရာရ KNU တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်တွင်လည်း နိုဝင်ဘာ ၂၇ရက်က စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဘုန်းကြီးကျောင်း ထိမှန်ပြီး သာမဏေ(ကိုရင်) နှစ်ပါး ဒဏ်ရာရခဲ့သည်။ LuduNwayOoနိုဝင်ဘာ 28, 2023
သတင်း မုံရွာမြို့နယ်တွင် ကင်းစောင့်နေသော ပျူများအား အမျိုးသမီးရဲဘော်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် တိုက်ခိုက်ခံရချိန် စစ်ကောင်စီက အနီးရှိ စွမ်းရည်ထက်ဆီဆိုင်ဂိတ်မှ လက်နက်ကြီးများပစ်ကူခဲ့သော်လည်း ထိခိုက်မှုမရှိကြောင်း သိရသည်။ LuduNwayOoနိုဝင်ဘာ 28, 2023
သတင်း ရှမ်းမြောက် တစ်လတာတိုက်ပွဲတွေအတွင်း အရပ်သား ၉၀ နီးပါးသေဆုံး အရပ်သားသေဆုံးမှုဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရတာ ၊ လက်နက်ကြီးထိမှန်တာ ၊ မြေမြှုပ်မိုင်းနဲ့ တိုက်ပွဲအတွင်း ပစ်ခတ်ခံရပြီး သေဆုံးရတာတွေကြောင့်ဖြစ်တယ်လို့သိရပါတယ်။ LuduNwayOoနိုဝင်ဘာ 28, 2023
သတင်း ကလေးမြို့နယ်၌ တိုက်ပွဲအရှိန်မြှင့်တော့မည်ဖြစ်၍ စစ်ကောင်စီ စစ်ရေးပစ်မှတ်များအနီးမှ လာမည့်ဒီဇင်ဘာ၂၅ရက်နောက်ဆုံးထားတိမ်းရှောင်ကြရန် PDF သတိပေး စစ်ကောင်စီ တပ်ရင်းများ၊ တပ်စခန်းများ၊ ရဲစခန်းများ၊ ဂိတ်များ၊ တပ်စွဲရာနေရာများ နှင့်ပျူစောထီးကျေးရွာများ အနီးရှိ ပြည်သူများ ရှောင်တိမ်း ကြပါရန် အလေးအနက်တိုက်တွန်းအပ်ပါသည်ဟု ထုတ်ပြန်ထားသည်။ LuduNwayOoနိုဝင်ဘာ 28, 2023
သတင်း ဟားခါးမြို့ နှစ်ရက်ဆက်တိုက်ပွဲ စစ်ကောင်စီတပ်ခုနစ်ဦးသေဟု CDF ပြော ၁၀၂၇ စစ်ဆင်ရေးမှ အစပြုခဲ့သည့် စခန်းသိမ်းတိုက်ပွဲများ ကြိုဆိုထောက်ခံသည့် အနေဖြင့် CDF ဟားခါး ကလည်း Rung Operation ပထမအဆင့် မြို့သိမ်းအကြို တိုက်ပွဲကို နိုဝင်ဘာ ၂၆ရက်တွင် စတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoနိုဝင်ဘာ 28, 2023
သတင်း ရွှေပန်းကုံးရဲစခန်းမှ စခန်းမှူးနှင့် ဒုရဲအုပ်နှစ်ဦးအပါအဝင် ၁၆ဦး အရှင်ဖမ်းဆီးထားဟု NUG အသိပေး ရွှေပန်းကုံးရွာရဲစခန်းကို ပြီးခဲသည့် ၂၀၂၁ စက်တင်ဘာနှင့် ၂၀၂၂ အောက်တိုဘာအတွင်းကလည်း PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့သည်။ LuduNwayOoနိုဝင်ဘာ 28, 2023
သတင်း စစ်ကောင်စီလက်ချက်ကြောင့် ၁လအတွင်း အရပ်သား ၇၀ခန့်သေ၊ ၁၀၀ကျော် ဒဏ်ရာရဟု TNLA ထုတ်ပြန် TNLA အပါအဝင် မဟာမိတ်တပ်များက ယခုရက်ပိုင်းတွင် တိုက်ခိုက်နေသည့် မူဆယ် (၁၀၅) မိုင်တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးထိခိုက်ခဲ့သည့် အခြေအနေများကိုလည်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။ LuduNwayOoနိုဝင်ဘာ 28, 2023
သတင်း ကျောက်မဲမြို့အဝင်တိုးဂိတ် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ပြည်သူများ၏ ကုန်တင်ယာဥ်များ မီးလောင်ပျက်စီး ယမန်နေ့က ကျောက်မဲမြို့နယ်၊ ကောင်းမူးလိန်ကျေးရွာအနီးတွင် အင်အား ၁၀၀ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။ LuduNwayOoနိုဝင်ဘာ 28, 2023
သတင်း SSPPက ကျားဖြန့်ဂိုဏ်းစီးနင်းပြီး တရုတ်နိုင်ငံသား ၈၈ဦးကို ဖမ်းဆီးပြန်ပို့ပေး နိုဝင်ဘာ ၂၃ ရက်တွင် SSPP/SSA ထိန်းချုပ်နယ်မြေရှိ အဆောက်အဦးတစ်ခုအတွင်း၌ တရုတ်နိုင်ငံသား ၈၈ဦး နှင့် မြန်မာ ၂၈ဉီး စုစုပေါင်း ၁၁၆ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoနိုဝင်ဘာ 28, 2023