Connect with us

Hi, what are you looking for?

သတင်း

ဟားခါးမြို့ နှစ်ရက်ဆက်တိုက်ပွဲ စစ်ကောင်စီတပ်ခုနစ်ဦးသေဟု CDF ပြော

၁၀၂၇ စစ်ဆင်ရေးမှ အစပြုခဲ့သည့် စခန်းသိမ်းတိုက်ပွဲများ ကြိုဆိုထောက်ခံသည့် အနေဖြင့် CDF ဟားခါး ကလည်း Rung Operation ပထမအဆင့် မြို့သိမ်းအကြို တိုက်ပွဲကို နိုဝင်ဘာ ၂၆ရက်တွင် စတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(ဟားခါးမြို့တနေရာ၌ တွေ့ရသော စစ်ကောင်စီဝင်များ။ ဓာတ်ပုံ - CJ)
(ဟားခါးမြို့တနေရာ၌ တွေ့ရသော စစ်ကောင်စီဝင်များ။ ဓာတ်ပုံ - CJ)

“ကျနော်တို့ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ဖို့ ပြင်ဆင်ထားတာ။ အဲဒါကို အကြိုအနေနဲ့ တိုက်ပွဲဖော်ဆောင်ခဲ့တာဖြစ်ပါတယ်”

ချင်းပြည်နယ် ဟားခါးမြို့ပေါ်တွင် နိုဝင်ဘာ ၂၆ရက်နှင့် ၂၇ရက်က တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ခုနစ်ဦးထက်မနည်း သေဆုံးကာ ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) ဟားခါး ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ကျနော်တို့ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ဖို့ ပြင်ဆင်ထားတာ။ အဲဒါကို အကြိုအနေနဲ့ တိုက်ပွဲဖော်ဆောင်ခဲ့တာဖြစ်ပါတယ်”ဟု CDF ဟားခါး ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

၁၀၂၇ စစ်ဆင်ရေးမှ အစပြုခဲ့သည့် စခန်းသိမ်းတိုက်ပွဲများ ကြိုဆိုထောက်ခံသည့် အနေဖြင့် CDF ဟားခါး ကလည်း Rung Operation ပထမအဆင့် မြို့သိမ်းအကြို တိုက်ပွဲကို နိုဝင်ဘာ ၂၆ရက်တွင် စတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“အခုက အကြိုဆိုတော့ တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းမှုတော့မရှိသေးဘူးဗျ။ဒါပေမဲ့ ကျနော်တို့CDF ဟားခါးက CNA(ချင်းအမျိုးသားတပ်မတော်)နဲ့ MOU ထိုးထားတာဆိုတော့ သူတို့နဲ့ အတူတကွ ပူးပေါင်းပြီးတော့ ကျန်တဲ့နေရာတွေမှာလည်း စစ်ရေးလှုပ်ရှားမှုတော့ လုပ်ဆောင်နေပါတယ်”ဟု CDF ဟားခါး ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင်လည်း ဟားခါးမြို့နယ် ဧရိယာ၏ ၈၀ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားပြီးဖြစ်သည်ဟု ပြောသည်။

“စကစက ဘုံဇုန်းရွာနဲ့ ဟားခါးမြို့တွင်း အဲဒီ နှစ်ခုမှာပဲ သူတို့ နေရာယူထားတယ်။ အခုက ဘုံဇုန်းကလည်း ကျနော်တို့က လှုပ်ရှားနေပြီ။ ပြီးတော့ ဟားခါးမှာ ဆိုရင် သူတို့က မြို့အပြင်မထွက်ရဲဘူး။ မြို့ကနေ ၁မိုင်ကိုတောင် မသွားရဲဘူး။ တချို့ရပ်ကွက်တွေမှာ ဆိုရင် သူတို့ မလာရဲတော့ဘူး။ တချို့ရပ်ကွက်တွေမှာ လွတ်မြောက်နယ်မြေ သဘောရှိတဲ့ရပ်ကွက်တွေလည်းရှိတယ်ဗျ။ အဲဒီလောက်အထိ ကျနော်တို့ ဟားခါးမြို့ကို ထိန်းချုပ်နိုင်ပါတယ်”ဟု CDF ဟားခါးပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ၂ရက်တာ တိုက်ပွဲအတွင်း CDF ရဲဘော်အချို့ထိခိုက်မှု ရှိသော်လည်း စိုးရိမ်ရသည့် အခြေအနေမဟုတ်ဟုလည်း အသိပေးသည်။

“ကျနော်တို့ ဒီထက်မက ဟားခါးမြို့ထဲကို တိုက်ပွဲတွေ ပိုပြီးဖော်ဆောင်မှာ ဖြစ်တဲ့အတွက် ပြည်သူတွေကိုလည်း သတိထားစေချင်တယ်။ ပြီးတော့ ပြည်သူတွေရဲ့ အားပေးထောက်ပံ့မှုကိုလည်း အများကြီး လိုလားတယ်လို့ ပြောချင်ပါတယ်”ဟု CDF ဟားခါးပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဟားခါး CDF အနေဖြင့် နိုင်ငံရေး ရည်မှန်းချက် တူညီသော တော်လှန်ရေး အဖွဲ့များနှင့် ဟန်ချက်ညီ တိုက်ပွဲများ ဆက်တိုက်ဆင်နွှဲမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။