Connect with us

Hi, what are you looking for?

သတင်း

ဟားခါးမြို့ နှစ်ရက်ဆက်တိုက်ပွဲ စစ်ကောင်စီတပ်ခုနစ်ဦးသေဟု CDF ပြော

၁၀၂၇ စစ်ဆင်ရေးမှ အစပြုခဲ့သည့် စခန်းသိမ်းတိုက်ပွဲများ ကြိုဆိုထောက်ခံသည့် အနေဖြင့် CDF ဟားခါး ကလည်း Rung Operation ပထမအဆင့် မြို့သိမ်းအကြို တိုက်ပွဲကို နိုဝင်ဘာ ၂၆ရက်တွင် စတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(ဟားခါးမြို့တနေရာ၌ တွေ့ရသော စစ်ကောင်စီဝင်များ။ ဓာတ်ပုံ - CJ)
(ဟားခါးမြို့တနေရာ၌ တွေ့ရသော စစ်ကောင်စီဝင်များ။ ဓာတ်ပုံ - CJ)

“ကျနော်တို့ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ဖို့ ပြင်ဆင်ထားတာ။ အဲဒါကို အကြိုအနေနဲ့ တိုက်ပွဲဖော်ဆောင်ခဲ့တာဖြစ်ပါတယ်”

ချင်းပြည်နယ် ဟားခါးမြို့ပေါ်တွင် နိုဝင်ဘာ ၂၆ရက်နှင့် ၂၇ရက်က တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ခုနစ်ဦးထက်မနည်း သေဆုံးကာ ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) ဟားခါး ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ကျနော်တို့ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ဖို့ ပြင်ဆင်ထားတာ။ အဲဒါကို အကြိုအနေနဲ့ တိုက်ပွဲဖော်ဆောင်ခဲ့တာဖြစ်ပါတယ်”ဟု CDF ဟားခါး ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

၁၀၂၇ စစ်ဆင်ရေးမှ အစပြုခဲ့သည့် စခန်းသိမ်းတိုက်ပွဲများ ကြိုဆိုထောက်ခံသည့် အနေဖြင့် CDF ဟားခါး ကလည်း Rung Operation ပထမအဆင့် မြို့သိမ်းအကြို တိုက်ပွဲကို နိုဝင်ဘာ ၂၆ရက်တွင် စတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“အခုက အကြိုဆိုတော့ တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းမှုတော့မရှိသေးဘူးဗျ။ဒါပေမဲ့ ကျနော်တို့CDF ဟားခါးက CNA(ချင်းအမျိုးသားတပ်မတော်)နဲ့ MOU ထိုးထားတာဆိုတော့ သူတို့နဲ့ အတူတကွ ပူးပေါင်းပြီးတော့ ကျန်တဲ့နေရာတွေမှာလည်း စစ်ရေးလှုပ်ရှားမှုတော့ လုပ်ဆောင်နေပါတယ်”ဟု CDF ဟားခါး ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင်လည်း ဟားခါးမြို့နယ် ဧရိယာ၏ ၈၀ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားပြီးဖြစ်သည်ဟု ပြောသည်။

“စကစက ဘုံဇုန်းရွာနဲ့ ဟားခါးမြို့တွင်း အဲဒီ နှစ်ခုမှာပဲ သူတို့ နေရာယူထားတယ်။ အခုက ဘုံဇုန်းကလည်း ကျနော်တို့က လှုပ်ရှားနေပြီ။ ပြီးတော့ ဟားခါးမှာ ဆိုရင် သူတို့က မြို့အပြင်မထွက်ရဲဘူး။ မြို့ကနေ ၁မိုင်ကိုတောင် မသွားရဲဘူး။ တချို့ရပ်ကွက်တွေမှာ ဆိုရင် သူတို့ မလာရဲတော့ဘူး။ တချို့ရပ်ကွက်တွေမှာ လွတ်မြောက်နယ်မြေ သဘောရှိတဲ့ရပ်ကွက်တွေလည်းရှိတယ်ဗျ။ အဲဒီလောက်အထိ ကျနော်တို့ ဟားခါးမြို့ကို ထိန်းချုပ်နိုင်ပါတယ်”ဟု CDF ဟားခါးပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ၂ရက်တာ တိုက်ပွဲအတွင်း CDF ရဲဘော်အချို့ထိခိုက်မှု ရှိသော်လည်း စိုးရိမ်ရသည့် အခြေအနေမဟုတ်ဟုလည်း အသိပေးသည်။

“ကျနော်တို့ ဒီထက်မက ဟားခါးမြို့ထဲကို တိုက်ပွဲတွေ ပိုပြီးဖော်ဆောင်မှာ ဖြစ်တဲ့အတွက် ပြည်သူတွေကိုလည်း သတိထားစေချင်တယ်။ ပြီးတော့ ပြည်သူတွေရဲ့ အားပေးထောက်ပံ့မှုကိုလည်း အများကြီး လိုလားတယ်လို့ ပြောချင်ပါတယ်”ဟု CDF ဟားခါးပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဟားခါး CDF အနေဖြင့် နိုင်ငံရေး ရည်မှန်းချက် တူညီသော တော်လှန်ရေး အဖွဲ့များနှင့် ဟန်ချက်ညီ တိုက်ပွဲများ ဆက်တိုက်ဆင်နွှဲမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဝိုင်းမော်တွင် အင်အားထောင်ချီစုစည်းကာ KIA သိမ်းပိုက်ထားသည့် ပန်ဝါ၊ ချီဖွေ၊ ကန်ပိုက်တီကို ထိုးစစ်ဆင်ရန် စစ်ကောင်စီပြင်ဆင်နေဟုဆို

သတင်း

လားရှိုးမြို့ပေါ် ရပ်ကွက်များအတွင်း PDF များရှိနေသည်ဟု ဆိုကာ စစ်ကောင်စီက လိုက်လံစစ်ဆေးနေပြီး လူငယ်သုံးဦးကိုလည်း TNLA တပ်ဖွဲ့ဝင်များဖြစ်သည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း ​​ဒေသခံအချို့က​ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊တမူးမြို့နယ်၊ပန်းသာရွာအနီးရှိ ခမိတ်ရွာ၌ ယမန်နေ့ညပိုင်းတွင်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး ​ဒေသခံပြည်သူများလေကြောင်းအန္တရာယ်သတိပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သတိပေးသည်။