Connect with us

Hi, what are you looking for?

သတင်း

ရှမ်းမြောက် တစ်လတာတိုက်ပွဲတွေအတွင်း အရပ်သား ၉၀ နီးပါးသေဆုံး

အရပ်သားသေဆုံးမှုဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရတာ ၊ လက်နက်ကြီးထိမှန်တာ ၊ မြေမြှုပ်မိုင်းနဲ့ တိုက်ပွဲအတွင်း ပစ်ခတ်ခံရပြီး သေဆုံးရတာတွေကြောင့်ဖြစ်တယ်လို့သိရပါတယ်။

ဓာတ်ပုံ - ရှမ်းမြောက် မူဆယ်မြို့နယ် ၊စယ်လန့်ရွာ နိုဝင်ဘာလ ၂၄ရက် မနက်အစောပိုင်းမှာ ဗုံးကြဲခံရစဉ်
ဓာတ်ပုံ - ရှမ်းမြောက် မူဆယ်မြို့နယ် ၊စယ်လန့်ရွာ နိုဝင်ဘာလ ၂၄ရက် မနက်အစောပိုင်းမှာ ဗုံးကြဲခံရစဉ်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး တစ်လတာကာလအတွင်း ဒေသခံအရပ်သား ပြည်သူ ၉၀ နီးပါး သေဆုံးခဲ့ရတယ်လို့ အချက်အလက်ပြုစုထားတဲ့ Shan People အဖွဲ့က စာရင်းဖော်ပြပါတယ်။

မြို့နယ် ၁၂ မြို့နယ်ကအရပ်သား ၈၈ ဦးသေဆုံးခဲ့ရပြီး အသက်မပြည့်သေးတဲ့ ကလေးအရွယ် ၁၄ ဦးပါဝင်တယ်လို့သိရပါတယ်။

စာရင်းအရ လောက်ကိုင်မြို့မှာ ၂၀ ဦး ၊ မူဆယ် ၁၄ ဦး၊ လားရှိုး ၁၄ ဦး ၊ ကွတ်ခိုင် ၁၀ ဦး၊ သီပေါ ၁ ဦး ၊ ကျောက်မဲ ၂ ဦး ၊ကွမ်းလုံ ၂ ဦး ၊ဟိုပင် ၃ ဦး၊နမ့်ခမ်း ၅ ဦး ၊ နမ့်ဆန် ၄ ဦး ၊သိန္နီ ၈ ဦး ၊နောင်ချို မြို့မှာ ၅ ဦး သေဆုံးခဲ့ရတာပါ။

အရပ်သားသေဆုံးမှုဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရတာ ၊ လက်နက်ကြီးထိမှန်တာ ၊ မြေမြှုပ်မိုင်းနဲ့ တိုက်ပွဲအတွင်း ပစ်ခတ်ခံရပြီး သေဆုံးရတာတွေကြောင့်ဖြစ်တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် လူထုရဲ့နေအိမ်ခြေတွေနဲ့ ဘာသာရေးဆိုင်ရာအဆောက်အဦး ၂၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။

ဒီစာရင်းဟာ သျှမ်းတက်ကြွလှုပ်ရှားသူလူငယ်တွေ ၊ နိုင်ငံရေးလေ့လာသုံးသပ်သူတွေ နဲ့ ကျောင်းသားတွေ စုစည်းထားတဲ့ သတင်းအချက်အလက်ဖြစ်ပြီး မြေပြင်မှာ ပိုများနိုင်တယ်လို့ Shan People အဖွဲ့ ကဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။