Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်ကော်မြို့ရှိ ကက်သလစ်ဘာသာ ခရစ္စတူးဘုရင် ဗဟိုဘုရားကျောင်းကို စစ်တပ် အဓမ္မဝင်ရောက်တပ်စွဲ

ခရစ္စတူးဘုရင် ဗဟိုဘုရားကျောင်းကို စစ်ကောင်စီက တပ်စွဲရန်သုံးကြိမ်တိုင် ကြိုးပမ်းခဲ့ပြီးဆရာတော်နှင့် ဌာနေဘုန်ကြီးများက သာသနာ့နယ်မြေ၏ အရေးပါပုံကို ရှင်းပြ၍ လွတ်ကင်းရန် ကြိုးပမ်းခဲ့ရသည်ဟု ဆိုသည်။

(လွိုင်ကော်မြို့ရှိ ခရစ္စတူးဘုရင်ဗဟိုဘုရားကျောင်းအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(လွိုင်ကော်မြို့ရှိ ခရစ္စတူးဘုရင်ဗဟိုဘုရားကျောင်းအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ကရင်နီပြည်နယ် လွိုင်ကော်မြို့ရှိ ကက်သလစ်ဘာသာဝင်များ အထွဋ်အမြတ်ထားသည့် ခရစ္စတူးဘုရင် ဗဟိုဘုရားကျောင်းကို စစ်ကောင်စီက အဓမ္မဝင်ရောက်တပ်စွဲကြောင်း လွိုင်ကော်ကက်သလစ်သာသနာက အသိပေးထုတ်ပြန်သည်။

ခရစ္စတူးဘုရင် ဗဟိုဘုရားကျောင်းကို စစ်ကောင်စီက တပ်စွဲရန်သုံးကြိမ်တိုင် ကြိုးပမ်းခဲ့ပြီးဆရာတော်နှင့် ဌာနေဘုန်ကြီးများက သာသနာ့နယ်မြေ၏ အရေးပါပုံကို ရှင်းပြ၍ လွတ်ကင်းရန် ကြိုးပမ်းခဲ့ရသည်ဟု ဆိုသည်။

သို့သော် နိုဝင်ဘာ ၂၆ ရက် ညပိုင်းကစ၍ (၁၂၀) မမ အမြောက်များဖြင့် သင်အုပ်စင်တာအား ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ပြီး ခေါင်းမိုးကိုထိမှန်ကာ မျက်နှာကျက်ပျက်စီးခဲ့ကြောင်း အသိပေးသည်။

“ဘုရားကျောင်းထဲမှာ ဆရာတော်နဲ့ စစ်ရှောင်ပြည်သူ ၊နာမကျန်း ၊လမ်းမလျှောက်နိုင်တဲ့ ပြည်သူတွေအပါ ၄၀ဦး ကျော်ခန့်ရှိတယ်။ဆရာတော်ကော ပြည်သူတွေ၊ စစ်ရှောင်တွေကော ဘုရားကျောင်းထဲမှာ ဘယ်လိုမှနေလို့မဖြစ်တော့လို့ ထွက်ဖို့ပြင်နေကြတဲ့အချိန် မနေ့က(နိုဝင်ဘာ ၂၇ ရက်)စစ်တပ် ထပ်ရောက်လာပြီး ရိုင်းစိုင်းဆဲဆိုတာ ၊တံခါးတွေ ရိုက်ဖွင့်တာ ၊ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်”ဟု လွိုင်ကော်ကက်သလစ်သာသနာမှ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ဘာသာရေးဆိုင်ရာ နယ်မြေဖြစ်သည့်အပြင် စစ်ကျင့်ဝတ်အရ ဘာသာရေးအဆောက်အဦးများကို တပ်စွဲမှုကို စစ်ကောင်စီအနေဖြင့် ချိုးဖောက်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

“ဆရာတော်အပါအဝင် စစ်ရှောင်ပြည်သူတွေတော့ မနေ့က ညပိုင်းက ထွက်လာနိုင်ပါပြီ။ ဒါပေမယ့် စခ(စစ်ကောင်စီတပ်သား)တွေက တစ်ဦးချင်းစစ်ဆေးတာတွေလုပ်ခဲ့တယ်”ဟု လွိုင်ကော်မြို့ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

လက်ရှိတွင် ခရစ္စတူးဘုရင်ဗဟို ဘုရားကျောင်၌ စစ်ကောင်စီက အင်အား ၅၀ခန့်ဖြင့် တပ်စွဲထားပြီး အချို့မှာ ဆရာတော်နှင့် ဘုန်ကြီးအဝတ်အစားများကို ဝတ်ဆင်ထားကြောင်းလည်း ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

သတင်း

ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံး PDF နှင့် ပူးပေါင်းအဖွဲ့များမှ မောင်းမကန်ရဲစခန်းအား ၄၀ မမ ခြောက်လုံး၊ ၇၉ ဗုံးသီး ၄၂ လုံးအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။