သတင်း မြန်မာပြည်သူများအပေါ် ရက်စက်ပြီး လူမဆန်သည့်လုပ်ရပ်များကို ရပ်တန့်စေရေး စစ်အာဏာရှင်များကို ဖိအားပေးရန် နိုင်ငံတကာအစိုးရများကို ဒေါ်အောင်ဆန်းစုကြည်၏သားဖြစ်သူ တောင်းဆို လာမည့်နှစ်မွေးနေ့တွင် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို လူကိုယ်တိုင်တွေ့ဆုံ မွေးနေ့ဆုမွန်စကားပြောကြားလိုကြောင်း ကိုထိန်လင်းက ယခုကဲ့သို့ ပြောသည်။ LuduNwayOoဇွန် 19, 2023
သတင်း ရန်ကုန်မြို့တွင် စစ်တပ်က ပန်းပန်သူအချို့ ဖမ်းဆီး၊ ပန်းဆိုင်အချို့ ပိတ်ခိုင်း ပြည်လုံးကျွတ်ပန်းသပိတ်တွင် ပြည်သူများအနေဖြင့် တော်လှန်ရေးသတိဖြင့် ပါဝင်ဆင်နွှဲကြရန်လည်း လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက သတိပေး ပြောကြားထားသည်။ LuduNwayOoဇွန် 19, 2023
သတင်း ဖားဆောင်းတိုက်ပွဲ စစ်သား ၄ ဦးထက်မနည်းသေ တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ အနည်းဆုံးနှစ်ယောက်သေဆုံးနိုင်ပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကာ ကရင်နီပူးပေါင်းတပ်မှ ထိခိုက်မှုမရှိခဲ့ဟု အသိပေးထားသည်။ LuduNwayOoဇွန် 19, 2023
သတင်း မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ နေရာနှစ် ခုအား CDF ယနေ့ ထပ်မံတိုက်ခိုက် ယနေ့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ၏ မင်းတပ်အခြေစိုက် ခလရ(၂၇၄)တပ်က ကျေးရွာများဘက်သို့ လက်နက်ကြီးများ ရမ်းပစ်နေသည် ဟု ဒေသခံက အသိပေးသည်။ LuduNwayOoဇွန် 19, 2023
သတင်း ချုပ်နှောင်ခံထားရသော်လည်း နွေဦးတော်လှန်ရေးတွင်နိုင်ရာဝန်ထမ်းဆောင်နေသည့် လူထုခေါင်းဆောင်အား လေးစားဦးညွှတ်ကြောင်း CRPH ထုတ်ပြန် ယနေ့ကျရောက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဆုတောင်းသဝဏ်လွှာကို CRPHက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoဇွန် 19, 2023
သတင်း မင်းတပ်မြို့အဝင်ဂိတ်ကို CDF နှစ်ကြိမ်ပစ်ခတ် တိုက်ခိုက်၊ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိ စစ်ကောင်စီတပ်သည် ယမန်နေ့ ဇွန်လ ၁၈ရက်တွင်မြို့ပေါ်၌ ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်က လူမှုကွန်ရက် ၌ရေးသား အသိပေးထားသည်။ LuduNwayOoဇွန် 19, 2023
သတင်း ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ်ယာဥ်တန်းနှင့် တပ်စခန်းတစ်ခုကို PDF ပူးပေါင်းတပ်များ တပြိုင်နက် တိုက်ခိုက် အထက်ပါ တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ထားဝယ်-ထီးခီးလမ်းတလျှောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်လျှက်ရှိရာ ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲအသေးစိပ်အခြေအနေအား မသိရသေးပေ။ LuduNwayOoဇွန် 19, 2023
သတင်း ရန်ကုန်တွင် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်အတွက် “မွေးနေ့ရှင်ကို ပြည်သူများက သတိရနေပါတယ်” စာတန်းချိတ်စွဲဆန္ဒပြ ရန်ကုန်မြို့တွင် စစ်ကောင်စီက လုံခြုံရေးများ တင်းကြပ်စွာ စစ်ဆေးနေသည့်ကြားမှ YRF ၏ Soft Strike Community မှ ဒေါ်အောင်ဆန်းစုကြည်၏ ပုံနှင့်အတူ "We Miss You" ဟူသော စာသားပါ ဘန်နာအား ချိတ်စွဲခဲ့ခြင်း ဖြစ်သည်။ LuduNwayOoဇွန် 19, 2023
သတင်း စစ်ကိုင်းတွင် စစ်တပ်က ဇွန်လဝက်အတွင်း ကျေးရွာ၁၁ရွာမှ နေအိမ်၁,၅၀၀ကျော် မီးရှို့ဖျက်ဆီး စစ်ကိုင်းတိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ၎င်း၏ အပေါင်းအပါများ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၁ မေလ ၁ ရက်မှ ၂၀၂၃ မေ ၃၁ ရက်အထိ နေအိမ်ပေါင်း၅၃,၈၁၆ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း Data For Myanmar က ထုတ်ပြန်ထားသည်။ LuduNwayOoဇွန် 19, 2023
သတင်း ရေးအခြေစိုက် စစ်ကောင်စီတပ်ရင်း ၃ရင်းနှင့် မိုင်အနည်းငယ်အကွာတွင် KNLA/PDF ပူးပေါင်းတပ်ကစိုးမိုးနေရာယူပြီး ယာဉ်များကို စစ်ဆေး KNLA/PDF ပူးပေါင်းတပ် စစ်ဆေးမှု ပြုလုပ်သည့် နေရာများသည် စစ်ကောင်စီတပ်နှင့် မိုင်အနည်းငယ်သာဝေးကွာသည်ဟုသိရသည်။ ရေးမြို့နယ် မော့ကနင်ရွာတွင်စစ်ကောင်စီတပ် ခလရ (၁၀၆)၊ ခမရ (၅၈၈) တပ်တို့ အခြေစိုက်ပြီး ရွာသစ်ရွာအနီးတွင်လည်း အမှတ်(၃၁၇) အမြောက်တပ် အခြေစိုက်တပ်စွဲထားသည်။ LuduNwayOoဇွန် 19, 2023