Connect with us

Hi, what are you looking for?

သတင်း

ဖား​ဆောင်းတိုက်ပွဲ စစ်သား ၄ ဦးထက်မနည်း​သေ

တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ အနည်းဆုံးနှစ်ယောက်သေဆုံးနိုင်ပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကာ ကရင်နီပူးပေါင်းတပ်မှ ထိခိုက်မှုမရှိခဲ့ဟု အသိ​ပေးထားသည်။

(ဖား​ဆောင်း PDF တပ်ဖွဲ့ဝင်အချို့)
(ဖား​ဆောင်း PDF တပ်ဖွဲ့ဝင်အချို့)

ကရင်နီ(ကယား)ပြည်နယ်၊ ဖားဆောင်းမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား လေးဦးထက်မနည်းသေဆုံးကြောင်း ဖားဆောင်း PDF မှတာဝန်ရှိသူက​ပြောသည်။

ယမန်နေ့(ဇွန် ၁၈) ည ၉ နာရီခွဲခန့်က ဖားဆောင်းမြို့နယ် သံလွင်အရှေ့ဖက်ကမ်းရှိ ကျောက်ပန်းညိုကျေးရွာအတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးလာခဲ့သည်။ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် ၊ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်၊Loikaw PDF နှင့် EAO အဖွဲ့နှစ်ဖွဲ့ ပူးပါင်းထား​သောတော်လှန်ရေးရဲဘော်များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ အနည်းဆုံးနှစ်ယောက်သေဆုံးနိုင်ပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကာ ကရင်နီပူးပေါင်းတပ်မှ ထိခိုက်မှုမရှိခဲ့ဟု အသိ​ပေးထားသည်။

Public Service Announcement
Public Service Announcement

“အင်အား၁၀၀ကျော်ပါတယ်။သံလွင်အရှေ့ဖက်ခြမ်းကို ၁၆ ရက်လောက်ကတည်းက စတိုးလာတဲ့စစ် ကြောင်းပါပဲ။လက်ရှိအခြေအနေအရ တိုက်ပွဲ ဆက်ဖြစ်နေဦးမှာပဲ”ဟု ဖားဆောင်း PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဇွန်လ ၁၇ ရက်ကလည်း သံလွင်အရှေ့ဖက်ခြမ်းတိုက်ပွဲတွင်လည်း စစ်ကောင်စီဖက်မှ အနည်းဆုံးနှစ်ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုလည်းရှိခဲ့သည်ဟု ဆိုသည်။ဇွန် ၁၇ရက်တိုက်ပွဲတွင်မူ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် မှရဲဘော်နှစ် ဦး ဒဏ်ရာရရှိခဲ့သည်။

မယ်စဲ့ မြို့ရှိစစ်ကောင်စီစခန်း ၃ ခုနှင့် ရဲစခန်း တစ်ခုတိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီက ဇွန် ၁၅ ရက်က ဖားဆောင်းမြို့နယ်အတွင်းစစ်တပ် အင်အားတိုးမြှင့်ချထားပြီး စစ်ကြောင်းထိုးလှုပ်ရှားလာပြီးနောက် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။

ဖားဆောင်းမြို့နယ်၌ စစ်ကောင်စီ၏ ခလရ ၁၃၄ နှင့် ၁၃၅ တို့ အခြေစိုက်တပ်များရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook