Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့အဝင်ဂိတ်ကို CDF နှစ်ကြိမ်ပစ်ခတ် တိုက်ခိုက်၊ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိ

စစ်ကောင်စီတပ်သည် ယမန်နေ့ ဇွန်လ ၁၈ရက်တွင်မြို့ပေါ်၌ ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်က လူမှုကွန်ရက် ၌ရေးသား အသိပေးထားသည်။

(မင်းတပ်မြို့ဝင်ဂိတ်တစ်ခုကို CDF ရဲဘော်များ သွားရောက်၍ စနိုက်ပါဖြင့် ချိန်ရွယ်ခဲ့သည်ကို ယခင်က တွေ့ရစဉ်။ ဓာတ်ပုံ - HKL- Mindat)
(မင်းတပ်မြို့ဝင်ဂိတ်တစ်ခုကို CDF ရဲဘော်များ သွားရောက်၍ စနိုက်ပါဖြင့် ချိန်ရွယ်ခဲ့သည်ကို ယခင်က တွေ့ရစဉ်။ ဓာတ်ပုံ - HKL- Mindat)

ချင်းပြည်နယ် မင်းတပ်မြို့အရှေ့ပြင် မြို့ဝင်ဂိတ်ကို ပစ်ခတ်တိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က ဇွန်လ ၁၈ရက်တွင် ထုတ်ပြန်သည်။

ဇွန်လ ၁၁ရက်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးပြီး ဇွန်လ ၁၃ရက်တွင် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲအသေးစိတ်အခြေအနေကို မင်းတပ် CDF က ထုတ်ပြန်ထားခြင်းမရှိပေ။ မင်းတပ် CDF သတင်းပြန်ကြားရေး တာဝန်ရှိသူထံသို့ မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရပေ။

စစ်ကောင်စီတပ်သည် ယမန်နေ့ ဇွန်လ ၁၈ရက်တွင်မြို့ပေါ်၌ ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်က လူမှုကွန်ရက် ၌ရေးသား အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ယမန်နေ့ညပိုင်း၌ မင်းတပ်မြို့နှင့် ကျေးရွာများပေါ်သို့ လေယာဉ် နှစ်စင်းပျံသန်းမှုရှိကြောင်း၊မြို့ပေါ်မှ စစ်ကောင်စီတပ်များက ရမ်းသမ်းပစ်ခတ်မှု ဆက်လုပ်ခဲ့ကြောင်း ၎င်းက ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့အနောက်ဘက် ပျဉ်းဝစစ်ဆေးရေးဂိတ်အနီးရှိ ဘုရားတောင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကုန်းအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့များ စခန်းစွန့် ထွက်ပြေးသွားကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) -အရှို ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။

သတင်း

ချင်းညီနောင်မဟာမိတ်များက တိုက်ခိုက် သိမ်းပိုက်ခဲ့သည့် ချင်းပြည်နယ်၊ မင်းတပ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်မည့် ပြည် သူများအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ​၏ ထောက်ခံချက်ဖြင့် ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)နှင့် မင်းတပ်ချင်းဒေသကာကွယ်ရေးတပ်(CDF)က ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်သည်။

သတင်း

အာရက္ခတပ်တော်(AA)နှင့် ချင်းညီ‌နောင်တပ်ဖွဲ့ဝင်များ၏ စစ်အာဏာရှင်ဖြုတ်ချရေး ပူးပေါင်းတိုက်ပွဲများနှင့်အတူ ဝိတိုရိယတောင်ထိပ်တွင် ချင်းပြည်အလံ လွှင့်ထူနိုင်ခဲ့ပြီဟု ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်) CDF Kanpetletက ကြေညာသည်။

သတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကိုအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလအတွင်း ပြည်သူ၁၃ ဦးသေဆုံးခဲ့ပြီး ၂၆ဦးဒဏ်ရာရရှိခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။