Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့အဝင်ဂိတ်ကို CDF နှစ်ကြိမ်ပစ်ခတ် တိုက်ခိုက်၊ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိ

စစ်ကောင်စီတပ်သည် ယမန်နေ့ ဇွန်လ ၁၈ရက်တွင်မြို့ပေါ်၌ ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်က လူမှုကွန်ရက် ၌ရေးသား အသိပေးထားသည်။

(မင်းတပ်မြို့ဝင်ဂိတ်တစ်ခုကို CDF ရဲဘော်များ သွားရောက်၍ စနိုက်ပါဖြင့် ချိန်ရွယ်ခဲ့သည်ကို ယခင်က တွေ့ရစဉ်။ ဓာတ်ပုံ - HKL- Mindat)
(မင်းတပ်မြို့ဝင်ဂိတ်တစ်ခုကို CDF ရဲဘော်များ သွားရောက်၍ စနိုက်ပါဖြင့် ချိန်ရွယ်ခဲ့သည်ကို ယခင်က တွေ့ရစဉ်။ ဓာတ်ပုံ - HKL- Mindat)

ချင်းပြည်နယ် မင်းတပ်မြို့အရှေ့ပြင် မြို့ဝင်ဂိတ်ကို ပစ်ခတ်တိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က ဇွန်လ ၁၈ရက်တွင် ထုတ်ပြန်သည်။

ဇွန်လ ၁၁ရက်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးပြီး ဇွန်လ ၁၃ရက်တွင် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲအသေးစိတ်အခြေအနေကို မင်းတပ် CDF က ထုတ်ပြန်ထားခြင်းမရှိပေ။ မင်းတပ် CDF သတင်းပြန်ကြားရေး တာဝန်ရှိသူထံသို့ မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရပေ။

စစ်ကောင်စီတပ်သည် ယမန်နေ့ ဇွန်လ ၁၈ရက်တွင်မြို့ပေါ်၌ ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်က လူမှုကွန်ရက် ၌ရေးသား အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ယမန်နေ့ညပိုင်း၌ မင်းတပ်မြို့နှင့် ကျေးရွာများပေါ်သို့ လေယာဉ် နှစ်စင်းပျံသန်းမှုရှိကြောင်း၊မြို့ပေါ်မှ စစ်ကောင်စီတပ်များက ရမ်းသမ်းပစ်ခတ်မှု ဆက်လုပ်ခဲ့ကြောင်း ၎င်းက ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။