Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတွင် စစ်တပ်က ဇွန်လဝက်အတွင်း ကျေးရွာ၁၁ရွာမှ နေအိမ်၁,၅၀၀ကျော် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ၎င်း၏ အပေါင်းအပါများ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၁ မေလ ၁ ရက်မှ ၂၀၂၃ မေ ၃၁ ရက်အထိ နေအိမ်ပေါင်း၅၃,၈၁၆ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း Data For Myanmar က ထုတ်ပြန်ထားသည်။

(စစ်ကောင်စီတပ်​၏ မီးရှို့ဖျက်ဆီးခံရသော သာဇင်ကျေးရွာအား ဝေဟင်မှတွေ့ရစဥ်။ ဓာတ်ပုံ-CJ
(စစ်ကောင်စီတပ်​၏ မီးရှို့ဖျက်ဆီးခံရသော သာဇင်ကျေးရွာအား ဝေဟင်မှတွေ့ရစဥ်။ ဓာတ်ပုံ-CJ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ဇွန်လဝက်အတွင်း ကျေးရွာ၁၁ရွာမှ နေအိမ် ၁,၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဇွန်လဆန်းမှ ၁၇ ရက်အထိ လဝက်အတွင်း စစ်ကိုင်းမြို့နယ်ရှိ ကျေးရွာပေါင်း ၁၁ ရွာမှ နေအိမ်ပေါင်း ၁,၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကာ သာဇင်ရွာမှာ အများဆုံးဖြစ်ပြီး အိမ်ခြေ ၆၀၀ ကျော် ပြာကျခဲ့ကြောင်း ဒေသခံများက ပြောသည်။

အိမ်ခြေ ၁,၅၀၀ကျော်ရှိသည့် ပဒူကျေးရွာကိုလည်း စစ်ကောင်စီတပ်က တပ်စွဲထားပြီး ရက်ခြား မီးရှို့ဖျက်ဆီးနေသည်မှာ ဆယ်ကြိမ်ထက်မနည်းရှိနေကြောင်း ဒေသတွင်း စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

“မီးဘေးသင့်စစ်ဘေးရှောင်လူထု များစွာသောအခက်အခဲများကြုံတွေ့နေရပါတယ်။ ဝိုင်း၀န်းကူညီပေးကြပါလို့ အနူးညွှတ်တောင်းဆိုပါတယ်။”ဟု Sagaing District Medical Team အဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းမြို့နယ်တွင် ၂၀၂၂‌ ဧပြီမှ​ ယနေ့အထိ ကျေးရွာပေါင်း ၄၈ရွာမှ နေအိမ် ၄,၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသတွင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။

စစ်ကိုင်းတိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ၎င်း၏ အပေါင်းအပါများ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၁ မေလ ၁ ရက်မှ ၂၀၂၃ မေ ၃၁ ရက်အထိ နေအိမ်ပေါင်း၅၃,၈၁၆ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း Data For Myanmar က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။