Connect with us

Hi, what are you looking for?

သတင်း

မြန်မာပြည်သူများအပေါ် ရက်စက်ပြီး လူမဆန်သည့်လုပ်ရပ်များကို ရပ်တန့်စေ​ရေး စစ်အာဏာရှင်များကို ဖိအားပေးရန် နိုင်ငံတကာအစိုးရများကို ဒေါ်အောင်ဆန်းစုကြည်၏သားဖြစ်သူ တောင်းဆို

လာမည့်နှစ်မွေးနေ့တွင် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို လူကိုယ်တိုင်တွေ့ဆုံ မွေးနေ့ဆုမွန်စကားပြောကြားလိုကြောင်း ကိုထိန်လင်းက ယခုကဲ့သို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏သား
ဒေါ်အောင်ဆန်းစုကြည်၏သား

မြန်မာပြည်သူများအပေါ် ရက်စက်ပြီးလူမဆန်သည့် လုပ်ရပ်များကို ရပ်တန့်စေ​ရေး စစ်အာဏာရှင်များအား အဓိပ္ပာယ်ရှိသည့် ဖိအားများ စတင်ကျင့်သုံးရန် နိုင်ငံတကာ အစိုးရအားလုံးကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏သားဖြစ်သူ ကင်မ်က တောင်းဆိုသည်။

ယနေ့ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ကိုထိန်လင်း (ခေါ်) ကင်မ်က သတင်းစကားပြောကြားခဲ့ပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကတည်းက လက်ရှိအချိန်အထိ ၂နှစ်ကျော်ကြာ မိခင်ဖြစ်သူနှင့် အဆက်အသွယ် မရခဲ့ဘဲ ထိန်းသိမ်းထားသည့် နေရာနှင့် အခြေအနေများကို သိရှိခွင့်မရှိခဲ့ကြောင်း ပြောသည်။

“သူမ(မေမေ)ကို တရားမဝင်ဖမ်းဆီးထားခြင်းသာဖြစ်ပြီး စွဲချက်အားလုံးဟာလည်း လိမ်လည်မှုများသာဖြစ်ပါတယ်” ဟု သားဖြစ်သူ ကိုထိန်လင်းက ဆိုသည်။

ထို့အပြင် စစ်တပ်သည် လက်ရှိစစ်ပွဲကို မည်သို့မျှ အနိုင်မရသည်မှာ ရှင်းလင်းကြောင်း ​ဒေါ်​အောင်ဆန်းစုကြည်၏ သားငယ်က သုံးသပ်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်တပ် အနိုင်မရနိုင်သည့် အကြောင်းရင်းမှာ “မြန်မာနိုင်ငံမှ လူငယ်များဟာ ၎င်းတို့ရဲ့ လုယူမှုခံရခြင်းကို ဘယ်သောအခါမှ လက်ခံမှာမဟုတ်သလိုဆယ်စုနှစ်ပေါင်းများစွာ တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားများအနေနဲ့လည်း ခက်ခက်ခဲခဲရခဲ့တဲ့ တိုးတက်မှုအားလုံးကို အလဟဿဆုံးရှုံးသွားစေမှာမဟုတ်ပါဘူး” ဟု ၎င်းက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အိန္ဒိယ၊ ဂျပန်တို့တွင် နေထိုင်ခဲ့ဖူးသော ကိုထိန်လင်းသည် အဆိုပါ ဒီမိုကရေစီနိုင်ငံကြီးများက စစ်ကောင်စီနှင့်ပတ်သက်၍ မသိကျေးကျွံလုပ်ဆောင်နေမှုများက ၎င်းတို့၏ အကြောင်းအမျိုးမျိုးပြကာ စစ်အစိုးရကို အားပေးနေခြင်းဖြစ်ပြီး စိတ်ပျက်စရာကောင်းသည်ဟု ဝေဖန်သည်။ သို့ရာတွင် စစ်ကောင်စီနှင့်ပတ်သက်၍ ဂျပန်နှင့် အိန္ဒိယအစိုးရများ၏ ရပ်တည်ချက်မှာ သက်ဆိုင်ရာနိုင်ငံများရှိ ပြည်သူများ၏ သဘောထားကို ထင်ဟပ်ခြင်းမရှိကြောင်း ကိုထိန်လင်းက ဆိုသည်။

နိုင်ငံတကာအစိုးရများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် ၎င်းက တောင်းဆိုသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း အရေးကြီးသည့် ဒေသတွင်း တည်ငြိမ်ရေးနှင့် အိမ်နီးချင်းနိုင်ငံများနှင့် လွတ်လပ်စွာကူးသန်းရောင်းဝယ်ရေးအတွက် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသည့် အစိုးရတရပ် မရှိမဖြစ်လိုအပ်သည်ကို မြင်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။

လာမည့်နှစ်မွေးနေ့တွင် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို လူကိုယ်တိုင်တွေ့ဆုံ မွေးနေ့ဆုမွန်စကားပြောကြားလိုကြောင်း ကိုထိန်လင်းက ယခုကဲ့သို့ ပြောသည်။

“နောင်နှစ်ဒီအချိန်ရောက်ရင် မေမေ့ကို ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ပါစေလို့ ကိုယ်တိုင်တွေ့ဆုံဆုတောင်းပေးချင်ပါတယ်။ ဒီလိုမျှော်လင့်ချက်မျိုးကို ကျွန်တော်ထုတ်ဖော်ပြသတာ ဒါ ပထမဆုံးအကြိမ်မဟုတ်သလို အခုအချိန်မှာတော့ ကျွန်တော့်အတွေးက သူမနဲ့အတူရှိနေတယ်ဆိုတာ သူမသိဖို့ပဲ မျှော်လင့်ပါတယ်။ Happy Birthday မေမေ…”။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး မိသားစုနဲ့ ပြန်လည်တွေ့ဆုံနိုင်ကြပါစေလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်က နှစ်သစ်ကူးဆုတောင်းစကား ပြောကြားခဲ့ပါတယ်။

သတင်း

မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ကျန်းမာဘေးကင်းစေဖို့ ရည်ရွယ်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ မေတ္တာပို့ဆုတောင်းတာတွေ ပြုလုပ်ပေးကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုလူငယ်လုပ်ငန်းအဖွဲ့က မေတ္တာရပ်ခံလိုက်ပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂက အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့ နိုင်ငံ့အကြီးအကဲ၊ အစိုးရခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီးတွေကို အသိအမှတ်ပြုစာရင်းထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့အကြီးအကဲနေရာမှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးနေရာမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက်ထားရှိပါတယ်။