သတင်း အရာတော်ရှိ အမှတ်(၁၀)လေ့ကျင်ရေးတပ်ကို ပစ်ခတ်တိုက်ခိုက် အဆိုပါ ပစ်ခတ်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သားများကလည်း (၆၀) မမ၊ (၁၂၀) မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 13, 2023
သတင်း “ညနေခင်းသတင်း” ဒီနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring ကတင်ဆက်ပေးပါမယ်။ LuduNwayOoဖေဖော်ဝါရီ 13, 2023
သတင်း ရွှေဘိုမြို့နယ်ရှိ ကျားရွာအိမ်ခြေထောင်ချီ မီးရှို့ခံရပြီး သက်ကြီးရွယ်အို သုံးဦး အမောဖောက်သေဆုံး စစ်ကောင်စီတပ်သည် ကျားရွာကို ပြီးခဲ့သည့် ၂၀၂၁ ဧပြီအတွင်းက ပထမဆုံးအကြိမ် ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ၂၀၂၂ ဧပြီတွင်လည်း ဒုတိယအကြိမ်မြောက်ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ဖူးသည်။ LuduNwayOoဖေဖော်ဝါရီ 13, 2023
သတင်း အုပ်ချုပ်ရေးမှူးမိသားစုဝင် ၇ ဦး အစုလိုက်အသတ်ခံရမှု ပုလော PDF ရှုတ်ချ အမျိုးသမီးတွေနဲ့အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါ ပါဝင်တဲ့အတွက် အစုလိုက် အပြုံလိုက် လူမဆန်စွာ သတ်ဖြတ်မှုဖြစ်တယ်လို့ ပုလော PDF က ဆိုထားပါတယ်။ LuduNwayOoဖေဖော်ဝါရီ 13, 2023
သတင်း ဆားလင်းကြီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် ထိပ်တိုက်တိုး၍ PDFရဲဘော် ခုနစ်ဦးကျဆုံး ဖေဖော်ဝါရီ ၉ ရက်က ဆားလင်းကြီးမြို့ပေါ်မှ ထွက်လာသော အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူများသည် ၉ ရက်နှင့် ၁၀ ရက်များက ငွေသာကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသတွင်း Pdfအဖွဲ့များနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။ LuduNwayOoဖေဖော်ဝါရီ 13, 2023
သတင်း ဒေါနစစ်ကြောင်းမှရဲဘော်များ ဗိုလ်ချုပ်အောင်ဆန်းမွေ့နေ့ပွဲ ကျင်းပ ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၈)နှစ်မြောက် မွေးနေ့ အမှတ်တရအဖြစ် ဒေါနစစ်ကြောင်း၏ ချေမှုန်းရေးတပ်ခွဲ (၁) မှရဲဘော်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွအာဇာနည်သူရဲကောင်းများကို အလေးပြုခြင်း၊ ပဲပြုတ်နှင့်နံပြားကျွေးမွေးခြင်းများပြုလုပ်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 13, 2023
သတင်း ဖားကန့်တွင် ပေ(၃၀၀)ခန့်မြင့်သော မြေစာပုံပြိုကျပြီး ရေမဆေးသမား နှစ်ဦးသေဆုံး ဖားကန့်မြို့၊လုံးခင်းကျေးရွာအုပ်စု၊ ကုဋေကျေးရွာမှ စွန့်ပစ်မြေစာပုံသည် ယမန်နေ့(ဖေဖော်ဝါရီ ၁၃ရက်) ညက ပြိုကျခဲ့ရာ ရေမဆေးကျောက်ရှာဖွေသူများ မြေပိသွားခဲ့သည်ဟု ဒေသခံများကပြောသည်။ LuduNwayOoဖေဖော်ဝါရီ 13, 2023
သတင်း ကျောက်တံခါးမြို့နယ်မှ ပြည်သူ့စစ်သင်တန်းဆင်း ပျူခေါင်းဆောင် ပစ်ခတ်ခံရ ကျောက်တံခါးမြို့နယ် ကညင်ကျိုးကျေးရွာမှ ပျူစောထီးခေါင်းဆောင် ကျော်ဦးဆိုသူကို ယမန်နေ့(ဖေဖော်ဝါရီ ၁၂)ညနေ ၅နာရီခန့်တွင် ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များက ပစ်ခတ်ရှင်းလင်းလိုက်ခြင်းဖြစ်သည်။ LuduNwayOoဖေဖော်ဝါရီ 13, 2023
သတင်း မန္တလေးဗဟိုအကျဥ်းထောင်(အိုးဘို)တွင် နိုင်ကျဥ်းအမျိုးသမီး ၁၀၀ကျော်ကို ထောင်ဝန်ထမ်းအမျိုးသားများက အကြမ်းဖက်ရိုက်နှက် အလားတူ အိုးဘိုအကျဥ်းထောင် အိပ်ဆောင် (၄)သို့ အသစ်ရောက်ရှိလာသော နိုင်ကျဥ်းအမျိုးသမီးတစ်ဦးကို ရိုက်နှက်သည့်အပြင် အိပ်ဆောင် (၅)မှ အကျဥ်းသူများကိုလည်း စစ်ကောင်စီ ထောင်ဝန်ထမ်းအမျိုးသားများက အကြမ်းဖက်ရိုက်နှက် နှိပ်စက်ခဲ့ကြောင်း ဖော်ပြသည်။ LuduNwayOoဖေဖော်ဝါရီ 13, 2023
သတင်း ရွှေဘိုအနောက်ခြမ်း၌ စစ်အုပ်စုနှင့် တိုက်ပွဲဖြစ် စစ်ကောင်စီတပ်သည် ယနေ့(ဖေဖော်ဝါရီလ ၁၃ ရက်) နံနက်ပိုင်းတွင် ရွှေဘိုမြိုနယ် ချီပါအုပ်စု ငါးဆူကုန်းရွာကိုပါ မီးများ စတင်ရှို့နေကြောင်း WetLet Information Networks အဖွဲ့က ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 13, 2023