Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် ပေ(၃၀၀)ခန့်မြင့်သော မြေစာပုံပြိုကျပြီး ရေမဆေးသမား နှစ်ဦးသေဆုံး

ဖားကန့်မြို့၊လုံးခင်းကျေးရွာအုပ်စု၊ ကုဋေကျေးရွာမှ စွန့်ပစ်မြေစာပုံသည် ယမန်နေ့(ဖေဖော်ဝါရီ ၁၃ရက်) ညက ပြိုကျခဲ့ရာ ရေမဆေးကျောက်ရှာဖွေသူများ မြေပိသွားခဲ့သည်ဟု ဒေသခံများကပြောသည်။

မြေစာပုံပြိုကျမှုကို ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေစဉ်၊ ဓာတ်ပုံ - CJ
မြေစာပုံပြိုကျမှုကို ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေစဉ်၊ ဓာတ်ပုံ - CJ

▪️ဒဏ်ရာရသူသုံးဦးတွေ့ရှိထားပြီး ပျောက်ဆုံးနေသူများကို ရှာဖွေနေ

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ပေ(၃၀၀)ခန့်မြင့်သော မြေစာပုံတစ်ခုပြိုကျပြီး ရေမဆေးကျောက်ရှာသူနှစ်ဦးသေဆုံးကာ ဒဏ်ရာရသူသုံးဦးတွေ့ရှိထားပြီး ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေသည်။‌

ဖားကန့်မြို့၊လုံးခင်းကျေးရွာအုပ်စု၊ ကုဋေကျေးရွာမှ စွန့်ပစ်မြေစာပုံသည် ယမန်နေ့(ဖေဖော်ဝါရီ ၁၃ရက်) ညက ပြိုကျခဲ့ရာ ရေမဆေးကျောက်ရှာဖွေသူများ မြေပိသွားခဲ့သည်ဟု ဒေသခံများကပြောသည်။

“အရေအတွက် နည်းလား၊များလား မသိရဘူး။ ပြောနေတာတော့ အမျိုးမျိုးပဲ။ အခုမနက်အထိတော့ ရုပ်အလောင်းနှစ်လောင်းနဲ့ ဒဏ်ရာရသူ သုံးဦးတွေ့တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

မြေစာပုံသည် ပေ(၃၀၀)ခန့်​မြင့်ပြီး ပြိုကျချိန် ည ၁၀ နာရီခန့်သည် ရေမဆေးကျောက်ရှာဖွေသူအများအပြားရှိနေချိန်ဟု သိရသည်။

Public Service Announcement

Public Service Announcement

“၁၀ယောက်ထက်တော့ မလျော့ဘူးဗျ။ ဆက်ရှာနေကြတယ်”ဟု ရှာဖွေကယ်ဆယ်ရေးတွင် ပါဝင်သူတစ်ဦးက ပြောသည်။

ဒဏ်ရာရသူသုံးဦးသည် ဖားကန့်ဆေးရုံ၌ ကုသ နေရဆဲဖြစ်သည်။

ဖားကန့်တွင် ဇန်နဝါရီ ၃၀ရက်ကလည်း ပေ (၁၀၀)ခန့်မြင့်သော ကျောက်ကမ်းပါးယံတစ်ခုပြိုကျပြီး ရေမဆေးကျောက်ရှာသူ လေးဦးသေဆုံးခဲ့သည်။

ဖားကန့်တွင် ရခိုင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းအပါအဝင်အနယ်နယ်အရပ်ရပ်မှ လာရောက်ပြီး ကျောက်တူးနေသူ နှစ်သိန်းမှ သုံးသိန်းကြားရှိနေသည်။

အဆိုပါ ကျောက်တူးသမားများကို စစ်ကောင်စီက အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်မှုများ ရှိခဲ့သည်ဟု ​ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။