Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အရာတော်ရှိ အမှတ်(၁၀)လေ့ကျင်ရေးတပ်ကို ပစ်ခတ်တိုက်ခိုက်

အဆိုပါ ပစ်ခတ်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သားများကလည်း (၆၀) မမ၊ (၁၂၀) မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

Danger Force LPDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Danger Force LPDF
Danger Force LPDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Danger Force LPDF

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ အမှတ်(၁၀)လေ့ကျင်ရေးတပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိကြောင်း Danger Force LPDF၏ စစ်ဆင်​ရေးတာဝန်ခံ ကိုမာန်ဟုန်က ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၂ရက်) ညနေ ၅နာရီခွဲခန့်က အရာတော်မြို့နယ်ရှိ စစ်ကောင်စီ၏ လေ့ကျင့်ရေး (၁၀)တပ် အရပ်ခေါ် အရှေ့တပ်အား (၈၀) မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ကိုးဦး အပြင်းအထန် ဒဏ်ရာရရှိသွားပြီး သေဆုံးမှုများရှိကြောင်း Danger Force LPDF၏ စစ်ဆင်​ရေးတာဝန်ခံ ကိုမာန်ဟုန်က ပြောသည်။

“ပထမဆုံးပြောင်းက ချို့ယွင်းမှုဖြစ်ပြီးတော့ ပြောင်းကွဲပြီး ကျွန်တော်တို့ရဲဘော် မစိုးရိမ်ရဒဏ်ရာရတယ်။ နောက်တစ်ပြောင်းက ငါးလုံးပစ်တာ ရန်သူ့စခန်းထဲချည့် အကုန်ကျတယ်။”ဟု ကိုမာန်ဟုန်က ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ ပစ်ခတ်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သားများကလည်း (၆၀) မမ၊ (၁၂၀) မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စခန်းများနှင့်ဝေးရာတွင်နေထိုင်ပြီး ပြည်သူ့ရဲဘော်များအား ဝိုင်းဝန်းကူညီပေးကြရန် Danger Force LPDFအဖွဲ့က မေတ္တာရပ်ခံသည်။

အဆိုပါ စစ်ဆင်ရေးကို Danger Force LPDF၊ ကြယ်နီတပ်ဦး၊ ပင်လယ်ပျော်သိမ်းငှက်(SF2)၊ People’s Revolution Force (PRF)၊ တမန်တော်ပျောက်ကြားတပ်ဖွဲ့(APOSTLE)တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း အသိပေးထားသည်။

အမှတ်(၁၀)လေ့ကျင်ရေးတပ်ကို (၅)ကြိမ်မြောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယခင်အကြိမ်များတွင်လည်း စစ်အုပ်စုထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မတ်လ ၁၄ ရက်ကလည်း BWM နှင့် MKCDF အဖွဲ့တို့ပူးပေါင်း၍ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့သည်။

သတင်း

ရွာငံမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၅ရက်၊၁၇ရက်နှင့် ၁၉ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။

သတင်း

ရတနာပုံခန်းမကို အာဏာသိမ်းခဲ့သည့် ၂၀၂၁ မေလအတွင်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

သတင်း

BWM အဖွဲ့သည် ဇန်နဝါရီ ၂၃ရက်ကလည်း မြို့ပြအထူးစစ်ဆင်ရေး (U.S.O) ၊Security and Special Task Force (SSTF - MDY)တို့နှင့် ပူးပေါင်း၍ မန္တလေးမြို့ တံတားဦးလေဆိပ်ကို (၁၀၇) မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သေးသည်။