Hi, what are you looking for?
ဧရာဝတီတိုင်း၊ပုသိမ်မြို့နယ်ရှိ စစ်ကောင်စီ သတင်းရဲတပ်ဖွဲ့ ကို သတင်းပေါက်ကြားမှုနေပြည်တော်မှ လာရောက်စစ်ဆေးသည့် အထူးစစ်ဆေးရေးအဖွဲ့မှ ရဲမှူးအဆင့်ရှိသူ နှစ်ဦးအား ပုသိမ်မြို့နယ် သတင်းရဲတပ်ဖွဲ့ တပ်ကြပ်ကြီး မင်းမင်းနှင့် အဖွဲ့ကဓါးဖြင့်တိုက်ခိုက်၍ ဒုရဲမှူး တစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်စွာဒဏ်ရာရခဲ့ကြောင်းသိရသည်။
တောင်တရုတ်ပင်လယ်မှ အပူပိုင်းမုန်တိုင်းသက်ရောက်မှုကြောင့်စက်တင်ဘာလ ၂၀ရက်နေ့မှစတင်၍ ရှမ်းပြည်နယ်၊ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ခန့်မှန်းချက်ထုတ်ပြန်သည်။