Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်နှင့် သပိတ်ကျင်းကို စစ်ကောင်စီ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ အရပ်သားသုံးဦးသေဆုံး၊ ၁၁ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နှင့် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ကို စစ်ကောင်စီက ယမန်နေ့ သင်္ကြန်အကြိုနေ့ညနေနှင့် ညပိုင်းတွင် ပေါင်၅၀၀ဗုံးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား သုံးဦးသေဆုံးပြီး ၁၁ဦးဒဏ်ရာရရှိခဲ့သည်။

သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာအား စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - Min Khant Kyaw

ဧပြီ ၁၄၊၂၀၂၅။ခွာညို၊ဟန်နွေPeople’s Spring

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နှင့် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ကို စစ်ကောင်စီက ယမန်နေ့ သင်္ကြန်အကြိုနေ့ညနေနှင့် ညပိုင်းတွင် ပေါင် ၅၀၀ ဗုံးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား သုံးဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့သည်။

တန့်ဆည်မြို့နယ်၊ လယ်မကျေးရွာဘုန်းကြီးကျောင်းကို ဧပြီ ၁၃ ရက် ညနေ ၃ နာရီခွဲခန့်တွင် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦးဒဏ်ရာရခဲ့သည်။

ထို့အပြင် သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာကို ဧပြီ ၁၃ရက်ည ၁၀နာရီ ၁၄မိနစ်နှင့် ၁၀နာရီ ၂၄မိနစ်၌ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံ နှစ်ဦး သေဆုံးကာ ၈ဦးဒဏ်ရာရခဲ့သည်ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“အရပ်သားပြည်သူတွေကို ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်တွေပါ။ဒီတကြိမ်နဲ့ဆို အဲဒီရွာကို ဗုံးကြဲတာ ၄ကြိမ်မြောက်ပါ”ဟု သပိတ်ကျင်းမြို့နယ်သတင်းတာဝန်ခံက ပြောသည်။

“တောက်လျှောက် လေကြောင်းကြဲနေတာ။စကစက သူ့ရဲ့ စကားနဲ့ လုပ်ရပ်နဲ့ဘယ်တော့မှ မတည်ဘူး။ “ဟု ပြင်ဦးလွင်ခရိုင် ပကဖ တာဝန်ခံက စစ်ကောင်စီ၏ အပစ်ရပ်ကြေညာထားပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေသည့်အပေါ် ပြောသည်။

စစ်ကောင်စီထောက်ခံသူများမှအပ ပြည်သူအများစုသည် စစ်ကောင်စီ၏အလိမ်အညာများကို သိရှိနေကြပြီဖြစ်ကြောင်း၊ ငလျင်ဘေးသင့်နေချိန် ပြည်သူများစိတ်ဒုက္ခကြုံနေရချိန် စစ်ကောင်စီကပြည်သူကိုရက်ရက်စက်စက်လုပ်ဆောင်နေကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ တာဝန်ခံက ပြောသည်။

စစ်ကောင်စီသည် ယနေ့(ဧပြီ ၁၄ရက်) နံနက်တွင်လည်း စစ်ကိုင်းတိုင်း၊ ကနီမြို့ကို လေကြောင်းမှာဗုံးကြဲတိုက်ခိုက်ရာ သံဃာတော်တစ်ဦး ပျံလွန်တော်မူပြီး အရပ်သားတစ်ဦးသေဆုံးခဲ့သည်။

စစ်ကောင်စီသည် ယာယီအပစ်ရပ်မည်ဟုကြေညာထားသော်လည်း သင်္ကြန်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြင့်ပြုလုပ်နေသည်။

သင်္ကြန်အကြိုနေ့နှင့် ယနေ့အထိ စစ်ကိုင်းတိုင်းအတွင်း ကနီ၊ တန့်ဆည်၊ ကောလင်းနှင့် ဝန်းသိုမြို့၊ မန္တလေးတိုင်း သပိတ်ကျင်းမြို့၊ ချင်းပြည်နယ်မင်းတပ်မြို့၊ ရခိုင်ပြည်နယ် ကျောက်တော်မြို့တို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာ စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ပြင်ဆင်နေပြီး လူငယ် တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေပိုလုပ်နေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း တန့်ဆည်နဲ့ ကောလင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာကူညီထောက်ပံ့တာ​တွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ ဒီက​နေ့ (သြဂုတ် ၂၆) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

နောက်တန်းပြန်ဝင်ထားတဲ့ စစ်တပ်ရဲ့စစ်ကိုင်းမြို့ အခြေစိုက် တပ်မ(၃၃)ဟာ ကချင်ပြည်နယ်က ဗန်းမော်မြို့ကိုထိုးစစ်ဆင်ဖို့ဆိုပြီး မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်မှာ စုဖွဲ့မှုတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးနဲ့ တန့်ဆည်မြို့နယ်က စစ်ရှောင်စခန်း ၄ ခုထက်မနည်း ရေကြီးနစ်မြုပ်နေပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။

Facebook