Connect with us

Hi, what are you looking for?

သတင်း

ရုပ်အလောင်း ၁၅၀ခန့်တွေ့ရှိထားသည့် ငလျင်ဒဏ်ခံရသော စစ်ကိုင်းမြို့မြင်ကွင်းများ

ဖျက်အားပြင်းငလျင်ကြီး၏ အနီးဆုံးမြို့ဖြစ်​သော စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် မြို့ပေါ်ရပ်ကွက်များရှိ တိုက်တာအဆောက်အဦးအားလုံးနီးပါးနှင့် သမိုင်းဝင်စေတီပုထိုးအများအပြား ထိခိုက်ပျက်စီးခဲ့​သော်လည်း မတ်လ ၂၉ ရက်​အထိ အ​ရေး​ပေါ်ကယ်ဆယ်ရေးများ အင်တိုက်အားတိုက်မလုပ်နိုင်​သေးဘဲ အကူအညီများလိုအပ်​နေကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ – KO M

ဖျက်အားပြင်းငလျင်ကြီး၏ အနီးဆုံးမြို့ဖြစ်​သော စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် မြို့ပေါ်ရပ်ကွက်များရှိ တိုက်တာအဆောက်အဦးအားလုံးနီးပါးနှင့် သမိုင်းဝင်စေတီပုထိုးအများအပြား ထိခိုက်ပျက်စီးခဲ့​သော်လည်း မတ်လ ၂၉ ရက်​အထိ အ​ရေး​ပေါ်ကယ်ဆယ်ရေးများ အင်တိုက်အားတိုက်မလုပ်နိုင်​သေးဘဲ အကူအညီများလိုအပ်​နေကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းမြို့သည် ငလျင်ဗဟိုချက်နှင့် အနီးဆုံးဖြစ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအလွန်များပြားခဲ့သည်။ ငလျင်လှုပ်ပြီး ဒုတိယမြောက်နေ့အထိ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ မရောက်ရှိသေးကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“အကူအညီတွေလာပေးကြပါဗျာ။ ဒီကနေ့အထိဘာမှ မတွေ့ရသေးဘူး။ဒီမှာကနှစ်ကာလကြာတဲ့အိမ်တွေများတယ်။မပျက်တဲ့အိမ်ဆိုတာမရှိသလောက်ပဲ။ အချင်းချင်းကူညီရအောင်လည်း အကုန်လုံးဒုက္ခရောက်နေတာ”ဟု မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်း – မန္တလေးလမ်းပေါ် ကန်တော်ကြီးအ‌ရှေ့ခြမ်း၌ အပျက်အစီးအလွန်များပြီး တစ်အိမ်ထဲတွင် မိသားစုဝင် ရှစ်ဦးအထိ သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

မြသိန်းတန်စေတီအပါအဝင် ရှေးဟောင်းဘာသာရေးအဆောက်အအုံအများအပြားလည်း ပြိုကျပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်ကိုင်းမြို့ရှိ အကြီးဆုံးစာသင်တိုက်ဖြစ်သော ဇိနောဒယစာသင်တိုက် ပြိုကျပျက်စီးမှုကြောင့် သံဃာတော်များနှင့် သာမဏေများ ထိခိုက်သေဆုံးမှု များပြားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတစ်မြို့လုံးတွင် သေဆုံးသူအရေအတွက်ကို မခန့်မှန်းနိုင်သေးဘဲ မတ်လ ၂၉ ရက် နေ့လယ်အထိစာရင်းများအရ ရုပ်အလောင်း ၁၅၀ခန့် တွေ့ရှိထားကြောင်း မြို့ခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

ဆောင်းပါး

၂၀၂၅ မတ် ၂၈ စစ်ကိုင်းငလျင်ကြီးက​ပေးတဲ့ ငလျင်သင်ခန်းစာသစ်

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။