Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဒဏ်ခံရသည့် မြန်မာပြည်သူများကို ဥရောပဘောလုံးကလပ်အသင်းများက ဆုတောင်းပေး

ဥရောပနိုင်ငံများရှိ နာမည်ကျော် ဘောလုံးကလပ်အသင်းများ​က ငလျင်ဒဏ်ခံရတဲ့ မြန်မာပြည်သူများအတွက် ယမန်​နေ့ (မတ်လ ၂၈) ညပိုင်းက အသီးသီး ဆုတောင်းပေးခဲ့ကြသည်။

မတ် ၂၉၊၂၀၂၅။ သုည/People’s Spring

ဥရောပနိုင်ငံများရှိ နာမည်ကျော် ဘောလုံးကလပ်အသင်းများ​က ငလျင်ဒဏ်ခံရတဲ့ မြန်မာပြည်သူများအတွက် ယမန်​နေ့ (မတ်လ ၂၈) ညပိုင်းက အသီးသီး ဆုတောင်းပေးခဲ့ကြသည်။

အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်၊ မန်စီးတီး၊ စပါး၊ ဘရန့်ဖို့ဒ်၊ လက်စတာ၊ ပြင်သစ်လိဂ်ကလပ် PSG နှင့် ဂျာမနီကလပ် ဒေါ့မွန်အသင်း တို့က မြန်မာပြည်သူများအတွက် ဆုတောင်းပေးခဲ့ခြင်း ​ဖြစ်သည်။

“မန်ချက်စတာယူနိုက်တက်အသင်းရှိ လူတိုင်း၏ နှလုံးသားသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် ငလျင်ကြောင့် သက်သာခြင်းမရှိသော အခြေအနေတွင်ရှိကြသူများနှင့် အတူရှိပါသည်။အားလုံးကို ချစ်ခြင်းမေတ္တာနှင့် ခွန်အားပေးလွှတ်လိုက်ပါတယ်” ဟု မန်ယူအသင်းက ​မြန်မာဘာသာဖြင့် ရေးသားဆုတောင်းပေးခဲ့သည်။

Public Service Announcement

Public Service Announcement

ဒေါ့မွန်အသင်းကလည်း Stay Strong Myanmar ဆိုသည့် စာသားဖြင့် ငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် ဝမ်းနည်းမိကြောင်းနှင့် ထောက်ပံ့ကူညီမှုများ လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း အားပေးစကားဆိုခဲ့သည်။

ပြင်သစ်လိဂ်၏ နာမည်ကျော်ကလပ်အသင်း PSG ကလည်း “မြန်မာနှင့် အရှေ့တောင်အာရှဒေသအတွင်း ငလျင်ကြောင့် ပျော်ဘွယ်မဖြစ်သည့် ကိစ္စများကြုံတွေ့ရသူများအား ကျွန်ုပ်တို့၏ စိတ်နှလုံးအကြည်ညိုဆုံး ခံစားမှုများပေးအပ်လိုက်ပါသည်။ ထိခိုက်ခံရသူများနှင့်အတူ ကျွန်ုပ်တို့ စည်းလုံးညီညွတ်နေပြီး၊ ဒီခက်ခဲသည့် အချိန်ကို ကျော်လွှားနိုင်စေရန် အားထားမှုနှင့် ထောက်ခံမှု ပေးအပ်လိုက်ပါသည်” ဟု ​မြန်မာဘာသာဖြင့် အားပေးစကား ဖော်ပြခဲ့သည်။

ယင်းအသင်းများ၏ ဆု​​တောင်းထားသည့် ပို့စ်အောက်တွင် မြန်မာပြည်သူများကလည်း ကျေးဇူးတင်ကြောင်းနှင့် အားပေးရခြင်းကို ကျေနပ်သည့် အသင်းဖြစ်သည် ဟု ပြန်လည်မှတ်ချက်ပြုခဲ့သည်။

ယမန်နေ့ (မတ် ၂၈) မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အားကြီးငလျင်ဒဏ်ကြောင့် စစ်ကိုင်းနှင့် မန္တလေးတို့တွင် ရေတွက်မရသေးသည့် ရာဂဏန်းရှိ သေဆုံးမှုများနှင့် ကျောက်ဆည်၊ဝမ်းတွင်း၊ပျော်ဘွယ်၊မိတ္ထီလာ၊ရမည်းသင်း၊နေပြည်တော်၊တောင်ငူနှင့် ညောင်ရွှေမြို့နယ်(အင်းလေးဒေသ)တို့တွင်လည်း လူသေဆုံးမှုများရှိနေသည်။

ငလျင်သည် စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်သွားပြီး စစ်ကိုင်း ၊မန္တလေး၊ နေပြည်တော် ၊ တောင်ကြီးနှင့် ပဲခူးတို့တွင် လူသေဆုံးမှုနှင့် ထိခိုက်ပျက်စီးမှုများစွာရှိကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။