Connect with us

Hi, what are you looking for?

သတင်း

ငလျင်လှုပ်အပြီး နောက်တစ်ရက် မန္တလေးမြို့မြင်ကွင်း

ဖျက်အားပြင်း ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုကြီးမားတဲ့ မန္တလေးမြို့မှာ ပြိုကျနေတဲ့ အဆောက်အဦးတွေကြားပိတ်မိနေသူတွေကို ထိရောက်တဲ့ ရှာဖွေကယ်ဆယ်ရေး အပူတပြင်း လုပ်ဆောင်နိုင်တာမရှိတာကို မြို့ခံတွေဆီကသိရပါတယ်။

ဓာတ်ပုံ – KO SI

ဖျက်အားပြင်း ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုကြီးမားတဲ့ မန္တလေးမြို့မှာ ပြိုကျနေတဲ့ အဆောက်အဦးတွေကြားပိတ်မိနေသူတွေကို ထိရောက်တဲ့ ရှာဖွေကယ်ဆယ်ရေး အပူတပြင်း လုပ်ဆောင်နိုင်တာမရှိတာကို မြို့ခံတွေဆီကသိရပါတယ်။

မနေ့ မတ်လ ၂၈ ရက် မွန်းလွဲပိုင်း ၁၂ နာရီ ၅၀ မိနစ်ဝန်းကျင်က ငလျင်လှုပ်ပြီးနောက် ဒီနေ့ မွန်းလွဲပိုင်းအထိ ၂၄ နာရီ ကြာမြင့်လာပေမယ့် အပျက်အစီးတွေကြားပိတ်မိနေသူတွေအများစုဟာ ကူညီကယ်ဆယ်ရေးမရသေးကြပါဘူး။

ငလျင်လှုပ်ပြီးနောက် ဒီနေ့မှာဆိုရင် မန္တလေးမြောက်ပြင်ရပ်မှာ နေအိမ်တွေထဲ နေထိုင်ဖို့ စိုးရွံ့တာကြောင့် ကျုံးမြောက်ဘက််နဲ့ ကျုံးအနောက်ခြမ်းလမ်းဘေးနေရာတွေမှာ မိုးကာတဲထိုးပြီးနေထိုင်နေကြတဲ့ မြို့ခံတွေ လည်းရှိလာပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးမြို့ရဲ့ အနောက်ခြမ်းနဲ့ မြောက်ခြမ်းတွေရှိ အဆောက်အအုံတွေ အများဆုံးထိခိုက်ပြိုကျပျက်ဆီးသွားတာဖြစ်ပါတယ်။ ငလျင်ကြောင့် မန္တလေးမြို့ဟာဆိုရင် မြို့ပျက်ကြီးသဖွယ်ဖြစ်နေတယ်လို့မြို့ခံတွေက ဆိုကြပါတယ်။

စစ်ကောင်စီရဲ့စာရင်းအရတော့ ငလျင်ကြောင့် မန္တလေးတိုင်းမှာ သေဆုံးသူ ၆၉၄ ဦး ၊ ဒဏ်ရာရသူ ၁,၆၇၀ဦးနဲ့ ပျောက်ဆုံးနေသူ ၆၈ဦး ရှိတယ်လို့ ဆိုပါတယ်။

မန္တလေးမြို့ခံတွေကတော့ မြေပြင်က အခြေအနေဟာ စစ်ကောင်စီစာရင်းထက် ကွာဟချက်ကြီးမားတယ်လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook