Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကြောင့် အိုးဘိုထောင် အဆောင်ပြိုကျ စစ်ကောင်စီသတင်းအမှောင်ချထား

ငလျင်ကြောင့်အိုးဘိုအကျဉ်းထောင် အဆောင်ပြိုကျမှုရှိပြီး စစ်ကောင်စီက သတင်းအမှောင်ချခံထား၍ သတင်းအတိအကျရရှိရန် ခက်ခဲနေကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်သည်။

အိုးဘိုအကျဥ်း​ထောင်ကို Google Earth တွင်​တွေ့ရမှု

“ကျမအမျိုးသားက အိုးဘိုထောင်မှာရှိတာပါ။ အဆောင်တခုပြိုကျတယ်လို့ကြားရပြီးကျန်တာလုံးဝစုံစမ်းလို့မရပါဘူး” -နိုင်ကျဥ်းတဦး၏ဇနီးသည်

ဇော်ရမ်း/People’s Spring

ငလျင်ကြောင့်အိုးဘိုအကျဉ်းထောင် အဆောင်ပြိုကျမှုရှိပြီး စစ်ကောင်စီက သတင်းအမှောင်ချခံထား၍ သတင်းအတိအကျရရှိရန် ခက်ခဲနေကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်သည်။

အိုးဘိုအကျဉ်းထောင် အဆောင်ပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးမှုအခြေအနေများအား စုံစမ်းလျှက်ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

PPNM ဗဟိုကော်မတီဝင်ကိုသိုက်ထွန်းဦးက “မနေ့က လူနာတင်ကား ဆယ်စီးကျော်ဝင်သွားတယ်။ ထိခိုက်သေဆုံးမှုတွေရှိတယ်ဆိုတာပြောနိုင်တယ်။ လက်ရှိမှာအကျဉ်းထောင်ရဲ့အခြေနေကိုသတင်းမှောင်ချထားလို့ ထိခိုက်ဒဏ်ရာရရှိမှုနဲ့အဆောက်အအုံပျက်စီးမှုကို ဒီနေ့နေ့ခင်းထိ ဘာအချက်အလက်မှ ကောင်းကောင်းမရသေးဘူး။ အချက်အလက်တွေရဖို့ ကြိုးစားနေပါတယ်” ဟု ပြောသည်။

မြစ်သားမြို့နယ်မှ နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ အမျိုးသမီးက “ကျမအမျိုးသားက အိုးဘိုထောင်မှာရှိတာပါ။ အဆောင်တခုပြိုကျတယ်လို့ကြားရပြီးကျန်တာလုံးဝစုံစမ်းလို့မရပါဘူး။တွေ့ခွင့်လည်းမရပါဘူး။ဘယ်လိုကြိုးစားကြိုးစားအချိတ်အဆက်မရဘူးဖြစ်နေပါတယ်”ဟုပြောသည်။

ငလျင်ကြောင့်အကျဉ်းထောင်ထိခိုက်မှုများကိုစုံစမ်းရာ ဒိုက်ဦးထောင်၊ညောင်ဦးထောင်၊ပုသိမ်ထောင်၊မိတ္ထီလာထောင်၊သာယာဝတီထောင်၊အင်းစိန်ထောင်၊သရက်ထောင်၊မအူပင်ထောင်၊တောင်ငူထောင်၊ကလေးထောင် တို့တွင် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများအပါအဝင် အကျဉ်းသားအားလုံး ထိခိုက်မှုမရှိကြောင်း ကနဦးသိရှိထားသည်ဟု PPNMက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။