Hi, what are you looking for?
စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်ကနေ ဝန်းသိုမြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့စစ်တပ်ဟာ နမ့်ခမ်းရွာထဲမှာပဲ ရှိနေပြီး ဒီကနေ့ညပိုင်းအထိ တိုက်ပွဲတွေဖြစ်နေတယ်လို့ တော်လှန် ရေးသတင်းအရင်းမြစ်တချို့က ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ဒီကနေ့တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုတွေကို ဖြိုခွင်းတဲ့ စီမံချက်တွေအတွင်း မြန်မာနိုင်ငံသား ၂၀၀ ကျော်ကို ဖမ်းဆီး ရမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေကပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ စက်တင်ဘာနဲ့အောက်တိုဘာလအတွင်းမှာ အမေရိကန်၊ဩစတြေးလျ၊ တန်ဇန်နီးယား၊ချက် စတဲ့ နိုင်ငံတွေကို သွားရောက်ခဲ့ပြီး အဲဒီခရီးစဉ်အတွင်းမှာမြန်မာ့အရေးကို မမေ့လျော့ဘဲ ဆက်လက်အာရုံစိုက်ဖို့၊ မြန်မာပြည်သူတွေဘက် ရပ်တည်ပေးဖို့ တိုက်တွန်းခဲ့ကြောင်း ဝန်ကြီး ဒေါ်ဇင်မာအောင်က အသိပေးထားပါတယ်။
■မံစီမြို့ရှိ စစ်ကောင်စီလက်ကျန် တပ်ရင်းသုံးရင်းစလုံးကို KIA နှင့်မဟာမိတ်များကသိမ်းပိုက်နိုင်ပြီဟု ကနဦးသတင်းရရှိ အိမ်သွင်၊ ဟန်နွေ /People’s Spring မံစီမြို့နယ်မှ စစ်တပ်လက်ကျန်တပ်ရင်းသုံးရင်းကို KIA နှင့် ပူးပေါင်းတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး တိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်းသေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲစတင်သည့် ဒီဇင်ဘာ၄ရက်တွင် မံစီမြို့အပြင်တွင်ကျန်နေသော ခမရ(၆၀၁)၊...