Connect with us

Hi, what are you looking for?

သတင်း

ကောလင်းမြို့ကို တော်လှန်ရေးတပ်တွေ ဝန်းရံပိတ်ဆို့ထား၊ စစ်တပ်က မြို့ရဲ့အဓိကနေရာတွေမှာ ခံစစ်ပြင်နေ

ကောလင်းမြို့ဟာ တော်လှန်ရေးတပ်တွေပထမဆုံးသိမ်းယူခဲ့တဲ့ မြို့ဖြစ်ပြီး ၂၀၂၄ခုနှစ်ဖေဖော်ဝါရီလမှာပဲ စစ်ကောင်စီတပ်ကပြန်လည် သိမ်းယူထားတာပါ။

(PDF နှင့် မဟာမိတ်တပ်များ ကောလင်းမြို့ကို သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Kawlin Revolution - KR)
(PDF နှင့် မဟာမိတ်တပ်များ ကောလင်းမြို့ကို သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Kawlin Revolution - KR)

မေ/People’s Spring

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို တော်လှန်ရေးတပ်တွေ ဝန်းရံပိတ်ဆို့ထားဆဲဖြစ်ပြီး မြို့ရဲ့အဓိကနေရာတွေကို စစ်တပ်က ခံစစ်ပြင်တပ်စွဲထားတယ်လို့ ကောလင်းမြို့နယ်တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

စစ်တပ်ကပြန်လည်သိမ်းယူထားတဲ့ကောလင်းမြို့မှာ ပြီးခဲ့တဲ့လကတည်းက တိုက်ပွဲတွေပြန်လည်ငြိမ်သက်နေပြီး တော်လှန်ရေးတပ်တွေလည်းမြို့ကိုဝန်းရံပိတ်ဆို့ထားတယ်လို့ ကောလင်းမြို့နယ်ပကဖအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ပြီးခဲ့တဲ့လက ကုက္ကိုကုန်းမှာဖြစ်တာ နောက်ဆုံးပဲ။စကစဘက်က မြို့ပြင်ထွက်ဖို့ရှေ့တိုးလာရင်ကျွန်တော်တို့တော်လှန်ရေးတပ်တွေက တိုက်ကြတယ်။အဲဒီနောက်သူတို့လည်း ထွက်မလာတော့ဘူး”လို့ မြို့နယ်ပကဖအဖွဲ့ဝင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က ကောလင်းမြို့အတွင်း အထက (၁)၊ဆေးရုံ၊ထွေအုပ်နဲ့ ရဲစခန်းတွေမှာ အဓိကတပ်စွဲထားပြီး မြို့ရဲ့အထက်မြင့်အဆောက်အဦးတချို့မှာလည်း တပ်စွဲထားတယ်လို့ သိရပါတယ်။

ကောလင်းမြို့နယ်ရဲ့ဘေးကပ်လျက်က ကန့်ဘလူမြို့နယ်မှာတော့ ကိုးတောင်ဘို့ပတ်လည်တို့မှာ ဝါသဝစစ်ကြောင်းက စစ်ကြောင်းထိုးမီးရှို့တာတွေတော့ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

ကောလင်းမြို့ဟာ တော်လှန်ရေးတပ်တွေပထမဆုံးသိမ်းယူခဲ့တဲ့ မြို့ဖြစ်ပြီး ၂၀၂၄ခုနှစ်ဖေဖော်ဝါရီလမှာပဲ စစ်ကောင်စီတပ်ကပြန်လည် သိမ်းယူထားတာပါ။

စစ်ကိုင်းတိုင်းအထက်ပိုင်းက ကောလင်းမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်တွေနဲ့ မဟာမိတ်တွေက သိမ်းပိုက်ပြီး ၃လကျော်ကြာ ထိန်းထားပြီးနောက် စစ်ကောင်စီတပ်က အင်အားသုံးစစ်ကြောင်းထိုးလာတာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ရက်မှာ စစ်ကောင်စီက ပြန်သိမ်းခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဝမ်ပေါင်ကြေးနီစီမံကိန်းကနေ ကြေးနီတွေတင်လာပြီးနောက် ချင်းတွင်းမြစ်အတွင်း ရေကြောင်းမှားလို့ သော​င်တင်နေတဲ့ ရေယာဥ်တွေကို ဒေသတွေတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။