Connect with us

Hi, what are you looking for?

သတင်း

မံစီတိုက်ပွဲတွင်စစ်​ကောင်စီဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်း​​သေဆုံး

(KIA တပ်ဖွဲ့ဝင်များ နှင့် မံစီမြို့ ၊ဗန်း​မော်မြို့ တည်​နေရာပြ​မြေပုံ။ ဓါတ်ပုံ- KIA ၊ CJ)
(KIA တပ်ဖွဲ့ဝင်များ နှင့် မံစီမြို့ ၊ဗန်း​မော်မြို့ တည်​နေရာပြ​မြေပုံ။ ဓါတ်ပုံ- KIA ၊ CJ)

■မံစီမြို့ရှိ စစ်​ကောင်စီလက်ကျန် တပ်ရင်းသုံးရင်းစလုံးကို KIA နှင့်မဟာမိတ်များကသိမ်းပိုက်နိုင်ပြီဟု ကနဦးသတင်းရရှိ

အိမ်သွင်၊ ဟန်​နွေ /People’s Spring

မံစီမြို့နယ်မှ စစ်တပ်လက်ကျန်တပ်ရင်းသုံးရင်းကို KIA နှင့် ပူး​ပေါင်းတပ်များက အပြီးသတ်တိုက်ခိုက်​သိမ်းပိုက်လိုက်ပြီး တိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်း​သေဆုံးခဲ့​ကြောင်း စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲစတင်သည့် ဒီဇင်ဘာ၄ရက်တွင် မံစီမြို့အပြင်တွင်ကျန်​နေ​သော ခမရ(၆၀၁)၊ ခမရ(၃၁၉) တပ်ရင်းနှင့် အ​မြောက်တပ် (၅၂၃)တပ်ရင်း တို့ကိုပါ KIA နှင့် မဟာမိတ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယနေ့ ( ဒီဇင်ဘာ ၂၅ရက်​နေ့) တွင် အဆိုပါတပ်ရင်း သုံးရင်းကို အပြီးသတ်သိမ်းယူနိုင်ခြင်းဖြစ်သည်ဟု ကနဦးသတင်းရရှိ​ကြောင်းစစ်ရေးသတင်းရင်းမြစ်အချို့ကအတည်ပြုသည်။

(KIA တပ်ဖွဲ့ဝင်များ နှင့် မံစီမြို့ ၊ဗန်း​မော်မြို့ တည်​နေရာပြ​မြေပုံ။ ဓါတ်ပုံ- KIA ၊ CJ)
(KIA တပ်ဖွဲ့ဝင်များ နှင့် မံစီမြို့ ၊ဗန်း​မော်မြို့ တည်​နေရာပြ​မြေပုံ။ ဓါတ်ပုံ- KIA ၊ CJ)

ဒီဇင်ဘာလ၂၁ရက်နေ့ကတိုက်ပွဲတွင် မံစီတိုက်ပွဲကို ခုခံနေသည့် ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်း ပါ သေဆုံးခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အပြင် ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်းကို သိသူအချို့က People’s Spring ကို ပြောသည်။

Public Service Announcement

Public Service Announcement

ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်းသည် ပဲခူးတိုင်း၊ ဥသျှစ်ပင်မြို့ဇာတိဖြစ်ပြီး ၎င်း၏မိသားစုသည်ဥသျှစ်ပင်မြို့ ဗိုလ်ချုပ်လမ်းတွင် ရွှေမင်းသမီးအလှပြင်ဆိုင်ဖွင့်ထားသည်ဟု မြို့ခံတဦးကပြောသည်။

“အလောင်းပြန် ရမရမသိဘူး။ သေတာတော့ ဟုတ်တယ်။ အလှပြင်ဆိုင်လည်း ပိတ်ထားတယ်။ သူ့ကို မြို့ခံတော်တော်များများသိကြတော့ မြို့မှာ သတင်းလည်း ပျံ့နေတာ” ဟု ပြည်မြို့ခံတစ်ဦးကပြောသည်။

ဗိုလ်မှူးကြီး​အောင်ငြိမ်းချမ်းသည် တပ်မ ၈၈ ၏ အမှတ် (၁) ဗျူဟာမှူး ဖြစ်​ကြောင်းစုံစမ်းသိရသည်။

အခြားစစ်​ရေးသတင်းရင်းမြစ်တဦးကလည်း”စခထွက်ပြေး နဲ့ အရှင်ဖမ်းမိထားတာအများကြီးရှိနေပြီ”ဟုမံစီတိုက်ပွဲ အခြေအနေပြောသည်။

သို့​သော်တပ်ရင်းအားလုံးမရ​သေးဘဲ အချို့ကျန်​နေပြီး အပြီးသတ်သိမ်းပိုက်ရန် KIA နှင့်ပူး​ပေါင်းတပ်များက အပြင်းအထန်ထိုးစစ်ဆင်​နေ​ကြောင်း၎င်းကဆက်​ပြောသည်။ မည်သည့်တပ်ရင်းကျန်​နေသည်ကို ၎င်းက အ​သေးစိတ်​ပြောကြားခြင်းမရှိ​ပေ။

(KIA တပ်ဖွဲ့ဝင်များ နှင့် မံစီမြို့ ၊ဗန်း​မော်မြို့ တည်​နေရာပြ​မြေပုံ။ ဓါတ်ပုံ- KIA ၊ CJ)
(KIA တပ်ဖွဲ့ဝင်များ နှင့် မံစီမြို့ ၊ဗန်း​မော်မြို့ တည်​နေရာပြ​မြေပုံ။ ဓါတ်ပုံ- KIA ၊ CJ)

KIAသည် ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်တိုက်ခိုက်နေပြီး ဗန်းမော်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ကို လက်နက်ချရန်သတိပေးထားသည်ဟု ​ဒေသခံအချို့က​ပြောသည်။ စကခ(၂၁) စကခမှူးသည် ဗိုလ်မှူးချုပ်တင်မင်းလတ်ဖြစ်သည်။ ဗိုလ်မှူးချုပ်တင်မင်းလတ်သည် ၂၀၁၆နှင့် ၂၀၁၇က ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့်မောင်တောဒေသတွင် ရိုဟင်ဂျာများအား လူမျိုးတုန်းသတ်ဖြတ်မှု၌ အဓိကတာဝန်ရှိသူများအနက်တစ်ဦးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

စကခ (၂၁)အပြင် တပ်မ (၈၈)မှ တပ်ရင်း နှစ်ရင်း ၊ တပ်မ (၉၉)မှတပ်ရင်း နှစ်ရင်းကို​လေ​ကြောင်းမှစစ်ကူပို့၍ စုစု​ပေါင်း တပ်ရင်း ၂၀ ​ကျော်ဖြင့် ခုခံျနသည်။ဗန်းမော်မြို့သို့စစ်​ကောင်စီက စစ်ကူများ​ကို​လေ​ကြောင်းမှ ဆက်တိုက်ဖြည့်တင်း​နေ​သော်လည်း စစ်တပ် တပ်ရင်းနှင့်တပ်စခန်းများကို KIA နှင့် ပူး​ပေါင်းတပ်များက ပိတ်ဆို့ထားသည်။

စစ်တပ်က​လေ​ကြောင်းမှ အဓိကပစ်ကူ​ပေး​နေသည်။ဒီဇင်ဘာ ၂၄ ရက် လေကြောင်းတိုက်ခိုက်မှုတွင် ဒေသခံအချို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယနေ့ (ဒီဇင်ဘာ ၂၅)လည်း လေကြောင်းမှထပ်မံတိုက်ခိုက်နေသည်ဟု ဗန်းမော်ဒေသခံစစ်ဘေးရှောင်များထံမှသတင်းရရှိသည်။

KIA သည် ကချင်ပြည်နယ်တွင် အနည်းဆုံးမြို့ ၁၄ မြို့ကို သိမ်းပိုက်ထားသည်။

●ပြင်ဆင်ချင်- ကနဦးသတင်းတွင် ပြည်မြို့ ၊ဗိုလ်ချုပ်လမ်း ဟုမှားယွင်း​ဖော်ပြမိခဲ့ပါသည်။ အမှန်မှာ ဥသျှစ်ပင်မြို့ ဗိုလ်ချုပ်လမ်းဖြစ်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။