Connect with us

Hi, what are you looking for?

သတင်း

ဒေသလွတ်မြောက်ရေး အရေးကြီးချိန်စည်းလုံးရန်လိုအပ်ဟု ယောတပ်တော် စစ်ရေးတာဝန်ခံပြော

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ယောဒေသ၊ ကျောက်ထုမြို့နယ်အတွင်းရောက်ရှိနေပြီး အမြောက်တပ်က လက်နက်ကြီးများပစ်ကူပေး၍ လမ်းရှင်းပေးနေကြောင်း ​တော်လှန်​ရေးအဖွဲ့များနှင့် ​ဒေသခံအချို့က​ ပြောသည်။

(တူပီမြို့ ခလရ(၃၀၄)တပ်ရင်း ဆိုင်းဘုတ်ရှေ့၌ အောင်ပွဲခံနေသော ယောတပ်တော်(YA) ရဲဘော်များ။ ဓာတ်ပုံ - YA)
(တူပီမြို့ ခလရ(၃၀၄)တပ်ရင်း ဆိုင်းဘုတ်ရှေ့၌ အောင်ပွဲခံနေသော ယောတပ်တော်(YA) ရဲဘော်များ။ ဓာတ်ပုံ - YA)

ဟန်နွေ/People’s Spring

မကွေးတိုင်းအတွင်းရှိ ယောဒေသလွတ်မြောက်ရေးအတွက် အရေးကြီးချိန်တွင် ဒေသတွင်း တော်လှန်ရေးတပ်များအကြား စည်းလုံးညီညွတ်ရန်လိုအပ်ကြောင်း ယောတပ်တော်(YA) စစ်ရေးတာဝန်ခံ ဗိုလ်ဝေလက ပြောကြားသည်။

ချင်းညီနောင်နှင့်အတူ ချင်းပြည်နယ် မတူပီနှင့် မင်းတပ်မြို့သိမ်းတိုက်ပွဲများအတွင်း ပါဝင်ခဲ့သည့် YA အနေဖြင့် ယောဒေသ လွတ်မြောက်ရေး စစ်ရှိန်မြှင့်မည်ဟု ကြေညာခဲ့ရာ ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်ရန် ရှိမရှိ မေးမြန်းချက်အပေါ် ယခုကဲ့သို့ ဖြေကြားခြင်းဖြစ်သည်။

“ကျနော်တို့ ဒေသအခြေအနေတွေအရ အဖွဲ့တွေ ကွဲနေပေမယ့် ဘုံရည်မှန်းချက် တူသူတွေ တော်လှန်ရေး အစမှာ အတူတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြသူတွေပါ။ခုလို မိမိဒေသ လွတ်မြောက်ရေးအတွက် အရေးကြီးနေချိန်မှာမှ တာဝန်ရှိသူတွေဟာ မစည်းလုံးနိုင်ကြရင် တော်လှန်ရေးတစ်ခုတည်းကို ကြည့်ပြီး ရှေ့ကအသက်တွေ ဘ၀တွေပေးနေတဲ့ ရဲဘော်တွေကို ဘယ်လိုစိတ်နဲ့ မျက်နှာချင်းဆိုင်ကြမလဲ”ဟု ဗိုလ်ဝေလက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တော်လှန်ရေး၊ လွတ်မြောက်ရေးဘက်ဦးတည်ကြရန်မည်ဟုလည်း ၎င်းက တိုက်တွန်းသည်။

ယောတပ်တော်(YA)အနေဖြင့် ချင်းညီနောင်စစ်ဆင်ရေး (မတူပီ၊မင်းတပ်)လွတ်မြောက်ရေးမှသည် ယောဒေသပြည်သူလူထု လွတ်မြောက်ရေး ၊ အဖိနှိပ်ခံပြည်သူလူထု တစ်ရပ်လုံး လွတ်မြောက်ရေး၊လုံခြုံရေးအတွက် ရည်မှန်းချက်တူ မဟာမိတ်တပ်များနှင့် စစ်ရေးအရှိန်တိုးမြှင့် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၄ရက်တွင် ကြေညာခဲ့သည်။

YAသည် အာရက္ခတပ်တော်(AA) ၊ချင်းညီ‌နောင်ကာကွယ်ရေးတပ်များ ၊ယောကာကွယ်ရေးတပ် (YDF) အခြားသော မဟာမိတ်များနှင့်အတူပူးပေါင်းပြီး ခမရ(၃၀၄) ၊ ခလရ (၁၄၀) စသည့် မတူပီအခြေချ စစ်ဗျူဟာ၊ မင်းတပ်မြို့ ခလရ(၂၇၄)နှင့် မင်းတပ်မြို့ရဲစခန်း သိမ်းတိုက်ပွဲများ၌ ပါဝင်အောင်မြင်မှုရရှိထားသည်။

ပထဝီအနေအထားအရ နယ်မြေကျောချင်းကပ်တသားတည်းဖြစ်နေသော အိမ်နီးချင်း ချင်းပြည်နယ် ၏ လွတ်မြောက်မှုသည် ယောဒေသ ပြည်သူလူထုတို့၏ လုံခြုံမှုဖြစ်ပြီး ၊ ယောဒေသ၏ လွတ်မြောက်မှုသည်လည်း အိမ်နီးချင်းမဟာမိတ်များအတွက် လုံခြုံမှုဖြစ်သည်ဟု YAက ထုတ်ပြန်ထားသည်။

ထို့အပြင် မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ယောဒေသ၊ ကျောက်ထုမြို့နယ်အတွင်းရောက်ရှိနေပြီး အမြောက်တပ်က လက်နက်ကြီးများပစ်ကူပေး၍ လမ်းရှင်းပေးနေကြောင်း ​တော်လှန်​ရေးအဖွဲ့များနှင့် ​ဒေသခံအချို့က​ ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ယောဒေသရှိ ထီးလင်းမြို့ကို ထိန်းချုပ်နိုင်ရေးကြိုးပမ်းနေကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းများဖြင့် စုဖွဲ့ထားသည့် ယောဗျူဟာ(အမှတ် ၈၁ ဗျူဟာ) တာဝန်ရှိသူ ကိုပုဂံက ပြောသည်။

သတင်း

မကွေးတိုင်း၊ ယောဒေသရှိ ထီးလင်းနှင့် ကျောက်ထုမြို့တို့ကို စစ်ကောင်စီက လူနှင့်ခဲယမ်း အင်အားဖြည့်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

သတင်း

မကွေးတိုင်း ထီးလင်းမြို့နယ် ရေမျက်နီစခန်းမှပြန်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဂန့်ဂေါခရိုင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ရင်း ၅ရင်းစုပေါင်း တိုက်ခိုက်ခဲ့ကြောင်း ယောတော်လှန်ရေးတပ်(YRA)-ထီးလင်း တာဝန်ရှိသူ သခင်ဇော်က ပြောသည်။

သတင်း

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ(၃၆) နှစ်မြောက် အခမ်းအနား ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) စစ်ကြောင်း(၃)က သတင်းထုတ်ပြန်သည်။