Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့သိမ်းတိုက်ပွဲတွင် ယင်းမာပင်ခရိုင်တပ်ရင်းမှ PDF များပါဝင်တိုက်ခိုက်

Yoma Fighter PDFမှ ရဲဘော်ခင် ​မောင်မောင်(ခ)ချဲလေး တိုက်ပွဲအတွင်းကျဆုံးခဲ့

ယင်းမာပင် ခရိုင် တပ်ရင်း (၃၄)ဖြစ်​သော Yoma Fighter PDF မှ တပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ။ဓါတ်ပုံ-Yoma Fighter PDF

ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်၊လားရှိုးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက် ခိုက်ခဲ့ကြောင်း စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အခြေစိုက် Yoma Fighter PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

“ကျွန်တော်တို့ ဟာ ယင်းမာပင်ခရိုင်တပ်ရင်း ၃၄ NUG ကာကွယ်ရေးဝန်ကြီးဌာန(MOD)ရဲ့ အောက်ကတပ်ရင်းဖြစ်ပါတယ်။MNDAA ကို ရောက်ရတာကတော့ MOD ရဲ့ ချိတ်ဆက်ညွှန်ကြားမှု့နဲ့ တစ်နိုင်ငံလုံးမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် ကျရာနေရာကနေ တာဝန်ထမ်းဆောင်ဖို့အတွက်ဖြစ်ပါတယ်”ဟု အထက်ပါတာဝန်ရှိသူက လားရှိုးမြို့သိမ်းတိုက်ပွဲ၌ ပါဝင်ဖြစ်ခဲ့သည်ကို ရှင်းပြ သည်။

တိုင်းရင်းသားလက်နက်ကိုင် EAO များနှင့် တိုက်ပွဲ အတူဝင်ရောက်ရာမှ အတွေ့အကြုံနှင့်စစ်လက်နက် အထောက်အပံ့များရရှိမည်ဟုလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အ​ရှေ့​မြောက်တိုင်းစစ်ဌာနချုပ် ထိုးစစ်ဆင်သိမ်းပိုက်စဥ်အတွင်း ဟိုယရွာအနီး တိုက်ပွဲ၌ Yoma Fighter PDF အဖွဲ့မှ ရဲဘော်ခင် ​မောင်မောင်(ခ)ချဲလေးမြင့်မြတ်စွာ ကျဆုံးခဲ့သည်ဟု အဖွဲ့မှသိရသည်။

စစ်တပ်၏ တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်​သော ရမခ (လားရှိုး)ကို သြဂုတ် ၃ ရက်တွင် MNDAA ဦး​ဆောင်​သော ပူး​ပေါင်းတပ်များက အပြီးသတ်သိမ်းပိိုက်ခဲ့ရာတွင် စစ်ကောင်စီ၏ ဗိုလ် ချုပ်၊ဗိုလ်မှူးချုပ်အဆင့်ရှိသူများကို ဖမ်းမိခဲ့ပြီး စစ်ကောင်စီ တပ်သား ​ထောင်နှင့် ချီ လက်နက်ချအညံ့ခဲ့သည်။

ရမခ ကျပြီး​နောက် ကစထ (၂) မှူး ဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးအားရာထူးမှ ထုတ်ပယ်ပြီးစစ်​ကောင်စီ ပြည် ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရဲချုပ် တာဝန်ထမ်း​ဆောင်ခဲ့​သောဒုတိဗိုလ်ချုပ်ကြီး နီလင်းအောင်ကိုစစ်​ကောင်စီကခန့်အပ်ထား​ကြောင်းသိရသည်။

ဆက်စပ်သတင်းများ