Connect with us

Hi, what are you looking for?

သတင်း

စစ်ခုံရုံးပေါ်ကဗိုလ်မှူးချုပ်၏ ​ တော်လှန်​​ရေးတပ်များအပေါ်အ​ကြောက်တရား

မိုးကုတ်မြို့သိမ်းတိုက်ပွဲ၌ ထွက်ပြေးသွားသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်အောင်လွင်က စစ်ကောင်စီမြေပြင်တပ်များသည် PDFများနှင့်​တော်လှန်​ရေးတပ်များကို ယှဉ်မတိုက်ခိုက်နိုင်ခဲ့ကြောင်း နှင့်အင်အားမရှိဘဲ စစ်မြေသို့လွှတ်နေသည့် အထက်အရာရှိများအကြောင်းကို တိုင်းစစ်ဌာနချုပ်စစ်ကြောရေး၌ ထွက်ဆိုသွားကြောင်း စုံစမ်းသိရှိရသည်။

မိုးကုတ်မြို့သိမ်းတိုက်ပွဲမှ ​​သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-TNLA ၊ Mai A Hein

ယောနသံ/People’s Spring

မိုးကုတ်မြို့သိမ်းတိုက်ပွဲ၌ ထွက်ပြေးသွားသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်အောင်လွင်က စစ်ကောင်စီမြေပြင်တပ်များသည် PDFများနှင့်​တော်လှန်​ရေးတပ်များကို ယှဉ်မတိုက်ခိုက်နိုင်ခဲ့ကြောင်း နှင့်အင်အားမရှိဘဲ စစ်မြေသို့လွှတ်နေသည့် အထက်အရာရှိများအကြောင်းကို တိုင်းစစ်ဌာနချုပ်စစ်ကြောရေး၌ ထွက်ဆိုသွားကြောင်း စုံစမ်းသိရှိရသည်။

ဗိုလ်မှူးချုပ်အောင်လွင်သည် TNLA၊ MDY-PDF ၊ PLA နှင့် ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်ခဲ့သည့် မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် မိုးကုတ်မြို့ဗျူဟာ၌နေ၍ စစ်ဆင်ရေးကို ကွပ်ကဲခဲ့သူဖြစ်သည်။ သို‌သော် မိုးကုတ်မြို့ကျကာနီးတွင် သပိတ်ကျင်းမြို့သို့ ဆုတ်ခွာထွက်ပြေးခဲ့ပြီး ထိုမှတစ်ဆင့် မန္တလေးမြို့ရှိအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)သို့ အထက်အမိန့်မရဘဲ ဆုတ်ခွာခဲ့ခြင်းဟု People’s Spring ၏ နေပြည်တော့စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

” သူက ပါးနပ်တယ်ဗျ။ လူလည်တယ်။ မိုးကုတ်မြို့ကျကာနီးတော့ ထွက်ပြေးပြီး လပခကို ပြန်ဝင်တယ်။ထွက်ပြေးခဲ့တာသူ့အပြစ်မရှိကြောင်း ပြောတာ။ အခုတော့ စစ်ခုံရုံးမှာ” ဟု အဆိုပါသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

ဗိုလ်မှူးချုပ်အောင်လွင်အား ဗိုလ်ချုပ်တစ်ဦး ဦးဆောင်သည့် စစ်ကြောရေးအဖွဲ့က စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့၍ မန္တလေးနန်းတွင်း၌ စစ်ဆေးနေကြောင်း သတင်းရရှိသည်။၎င်းက ကမြေပြင်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားသည် PDFများအား မယှဉ်နိုင်ခဲ့ကြောင်း၊ လေကြောင်းပစ်ကူပေးမှု အများအပြားသည်လည်း ပစ်မှတ်များအားမထိခဲ့ကြောင်းနှင့် အထက်အရာရှိများက အင်အားမလုံလောက်ဘဲ စစ်တိုက်ခိုင်းနေခြင်းဖြစ်​ကြောင်းစသဖြင့်ထုတ်ဖော်ပြောကြားခဲ့ကြောင်း စုံစမ်းသိရသည်။

လပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်​အောင်လွင် မန္တ​လေးနန်းတွင်လပခ တွင်စုံခုံဖွဲ့စစ်​​ဆေးခံ​နေရ​ကြောင်းစ၍ သတင်းတင်ခဲ့​သော CDMဗိုလ်ကြီး ဇင်​ယော်ကလည်း “အခုလက်ရှိက​တော့ တိုင်းမှူးနဲ့ ဒုတိုင်းမှူး​တောင် သိပ်အခြအ​နေမ​ကောင်းဘူးလို့​ပြောတယ် ။ဘာဖြစ်လို့လည်းဆို ​တော့ အင်အားအလုံအ​လောက်မ​ပေးပဲနဲ့ ဒုတိုင်းမှူးကို ဒီတိုင်း သူ့ Crew ​လေးနဲ့ လွတ်လိုက်တဲ့အ​နေအထား​ကြောင့် ၊ဒုတိုင်းမှူးကလည်းမှန်ကန်စွာထွက်ဆိုရန်သတိ​ပေးပြီး​​နောက် ဆိုပြီး​တော့ တည်တွေထွက်တာ​ပေါ့ ။ တည်တွေထွက်​တော့ လူအင်အားမရှိလို့ သူပြန်လာရတယ်ပုံစံမျိုးနဲ့သူ​ပြော​နေတယ်”ဟု​ပြောသည်။ CDM ဗိုလ်ကြီးဇင်​ယော်မှာ စစ်တပ်အာဏာသိမ်းပြီး​နောက် ၂၀၂၁ အ​စောပိုင်းကာလကတည်းက CDM ပြုလုပ်၍ ပြည်သူနှင့်အတူပူး​ပေါင်းကာ၊​​လူထု​တော်လှန်​​ရေးကို ကူညီကာ နိုင်ငံတစ်ဝန်းစစ်​​​ရေးသတင်းများကို ပုံမှန်​ရေးသား၊​ဖြေကြား​ပေးနေသူဖြစ်သည်။

မန္တ​လေးအ​ခြေစိုက် လပခ သည်လည်း မန္တ​လေး PDF ကစဥ့်ကူးတမြို့နယ်လုံးသိမ်းယူပြီး ၊မတ္တရာမြို့နယ်ရှိ စစ်​ကောင်စီစခန်း ၃၀ ​ကျော်ကိုသိမ်းပိုက်ကာ ထိုးစစ်မှာ ပုသိမ်ကြီးမြို့နယ်အစပ်သို့ပင် ​ရောက်လာ၍ လပခကို PDF များဝင်တိုက်​တော့မည်လားဟု စစ်အုပ်စုစိုးရိမ်​​နေရချိိန်လည်းဖြစ်သည်။ထိုအ​ခြေအ​နေတွင် မိုးကုတ်မကျ​အောင်ဆိုကာ ဒုတိုင်းမှူး ကို စစ်ကူ​စေလွှတ်ခဲ့ပြီး မိုးကုတ်ဗျူဟာကျ၍ ဗိုလ်မှူးချုပ်အောင်လွင် ပြန်​ပြေးလာခြင်းဖြစ်သည်။

စစ်ကောင်စီသည် ပြီးသည့်ဇူလိုင်လအတွင်းအလယ်ပိုင်းအတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်အားထုတ်ပယ်ကာ တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းနှင့် အစားထိုးခဲ့သည်။ ယခုအခါ ဗိုလ်မှူးချုပ်အောင်လွင် ထုတ်ဖော်ဝန်ခံချက်နှင့်ဆက်စပ်၍ ဗိုလ်ချုပ်အောင်ခိုင်ဝင်းလည်း စုံစမ်းစစ်ဆေးခံနေရသည်ဟု သတင်းရရှိသည်။

မိုးကုတ်မြို့ကို တအာင်းတပ်မတော်(TNLA) ဦးဆောင်သော ​တော်လှန်​ရေးတပ်များက ဇွန်လ ၂၅ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၂၄ရက် ညနေ ၅နာရီတွင် အပြီးသတ်သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။ ဗိုလ်မှူးချုပ်အောင်လွင်သည် ထိုတိုက်ပွဲ၌ ထွက်ပြေးခဲ့ခြင်းဟု သိရသည်။

လက်ရှိတွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA )၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ဦးဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းနှင့် ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်( မန္တ​လေး) ဦး​ဆောင်​၍ ​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့များ ဖော်ဆောင်နေသည့် ရှမ်း-မန်းစစ်ဆင်‌​ရေး တွင် စစ်ကောင်စီတပ်အထိနာနေပြီး ​တော်လှန်​ရေးတပ်က မြို့ ၆ မြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။

ထို့အပြင် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)သိမ်းတိုက်ပွဲ၌ တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်ကို MNDAAက ဩဂုတ်လ၃ ရက်၌ ဖမ်းဆီးထားသည်။ထို့အပြင် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(၁) ဗိုလ်မှူးချုပ်မျိုးမင်းထွေး၊ ရမခတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးတို့လည်း MNDAAက ဖမ်းဆီနိုင်ခဲ့သည်။

ရမခဒုတိုင်းမှူး ဗိုလ်မှူးချုပ်တင်ထွန်းအောင်မှာမူ လားရှိုး မြို့သိမ်းတိုက်ပွဲမှာပင် ​သေဆုံးသွား​ကြောင်း စစ်ကောင်စီအားတော်လှန်နေသည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် CDM ဗိုလ်ကြီး ဇင်​ယော်တို့က​ပြောသည်။

ဆက်စပ်သတင်းများ