Connect with us

Hi, what are you looking for?

သတင်း

ကွတ်ခိုင်မြို့ လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၆ဦးရှိလာ၊ စျေးဆိုင်ခန်း ၄၀၀ကျော် မီးလောင်

ရှမ်းမြောက် ကွတ်ခိုင်မြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၆ဦးသေဆုံးကာ ၁၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ခဲ့ပြီး စျေးဆိုင်ခန်း ၄၀၀ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု အသိပေးသည်။

ကွတ်ခိုင်မြို့မဈေးအား စစ်ကောင်စီလေကြောင်းတိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

ထားမြတ်/People’s Spring

ရှမ်းမြောက် ကွတ်ခိုင်မြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၆ဦးသေဆုံးကာ ၁၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ခဲ့ပြီး စျေးဆိုင်ခန်း ၄၀၀ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု အသိပေးသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် ကွတ်ခိုင်မြို့ကို ဩဂုတ် ၅ရက် ညနေပိုင်း၌ လေကြောင်း တိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့ပြီး ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ၇လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် ကနဦးတွင် အရပ်သား ၅ဦး သေဆုံးခဲ့ခြင်းဖြစ်ပြီး တစ်ဦးထပ်မံသေဆုံးခဲ့၍ သေဆုံးသူ ၆ဦးထိရှိလာခြင်းဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့မစျေးရှိ ဆိုင်ခန်းပေါင်း ၄၀၁ခန်း မီးလောင်ပျက်စီးခဲ့ပြီး အရပ်သားနေအိမ် ၁၀အိမ်ထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်။

မီးလောင်သွားသည့် မြို့မစျေးတွင် TNLA ၏ ကွတ်ခိုင်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်နိုင်ခဲ့ပြီး စျေးအတွင်းပစ္စည်းများ ခိုးဆိုးလုယက်မှုများ မရှိစေရန်အတွက် TNLA တပ်ဖွဲ့ကလုံခြုံရေးယူထားကြောင်း ထုတ်ပြန်သည်။

TNLAနှင့်မဟာမိတ်တပ်များသည် ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)ကို ဇွန်လ ၂၅ရက်တွင် ပြန်လည်ဆင်နွှဲခဲ့ရာ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်၊ နောင်ချိုမြို့များကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။ ထို့ပြင် ကိုးကန့်တပ်ဖွဲ့ကလည်း လားရှိုး ရမခ စစ်တိုင်းဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့သည်။

ထိုသို့ စစ်ရေးအရအထိနာသည့် စစ်ကောင်စီသည် TNLAထိန်းချုပ်ထားသည့် ကွတ်ခိုင်၊ နမ့်ဆန်မြို့များ၊ MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်၊ သိန္နီမြို့များကို လေကြောင်း တိုက်ခိုက်ခဲ့၍ အရပ်သားသေဆုံးထိခိုက်မှု၊ အိုးအိမ်ပျက်စီးမှုများ ရှိခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားမှုမရှိသည့် မြို့များကိုလေကြောင်း တိုက်ခိုက်သည့် စစ်ကောင်စီ၏ လုပ်ရပ်အား ဟန့်တားပေးရန် တရုတ်အပါအဝင် နိုင်ငံတကာအား TNLA၊ MNDAAနှင့် AAညီနောင်မဟာမိတ် သုံးဖွဲ့က တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

Facebook