Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲမဖြစ်သည့် မြို့ရွာများ ဗုံးကြဲနေသည့် စစ်ကောင်စီလုပ်ရပ်အား ဟန့်တားပေးရန် တရုတ်နိုင်ငံအား ညီနောင်သုံးဖွဲ့ အကူအညီတောင်း

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြို့ရွာများအား စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေမှုကို တားဆီး ဟန့်တားပေးရန် တရုတ်နိုင်ငံအား အဓိကထားပြီး နိုင်ငံတကာ မိသားစုများအားလုံးကို အားကိုးစွာဖြင့် တောင်းဆိုကြောင်း တအာင်း(TNLA)၊ ကိုးကန့်(MNDAA)၊ ရက္ခိုင်(AA) ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။

ဟန်နွေ/People’s Spring

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြို့ရွာများအား စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေမှုကို တားဆီး ဟန့်တားပေးရန် တရုတ်နိုင်ငံအား အဓိကထားပြီး နိုင်ငံတကာ မိသားစုများအားလုံးကို အားကိုးစွာဖြင့် တောင်းဆိုကြောင်း တအာင်း(TNLA)၊ ကိုးကန့်(MNDAA)၊ ရက္ခိုင်(AA) ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီသည် ပေါင် ၅၀၀ ဗုံးအပါအဝင် ဖျက်အားပြင်းဗုံးများသုံးပြီးညီနောင်မဟာမိတ် သုံးဖွဲ့ ထိန်းချုပ်ထားသော မြို့နယ်များရှိ ဒေသခံ ပြည်သူလူထု သွားလာနေထိုင်ရာ နေရာများကို လေကြောင်း တိုက်ခိုက်နေခြင်းအပေါ် ယခုကဲ့သို့တောင်းဆိုခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားခြင်းမရှိသော မြို့ရွာများရှိ စျေး၊ စာသင်ကျောင်း၊ ဆေးရုံအစရှိသော လူထုအဆောက်အအုံများကို တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး တိုင်းရင်းသားပြည်သူများကို သတ်ဖြတ်နေသော စစ်ကောင်စီ၏ ရာဇဝတ်မှုကျူးလွန်ခြင်းများကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်းလည်း ဖော်ပြထားသည်။

ရှမ်းမြောက်၌ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် အခြေအနေမှာ တရုတ်နိုင်ငံ၏ ပယောဂမကင်းကြောင်း အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကသြဂုတ် ၅ရက်က ပြောသည့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

မြန်မာ – တရုတ်နယ်စပ်ရှိ EAO နယ်မြေအချို့တွင် လက်နက်စက်ရုံများတည်ထောင်နိုင်ရန်အတွက် ငွေကြေးနှင့် နည်းပညာ အင်အားများကို မည်သည့်နေရာမှ ထောက်ပံ့နေသည်ကို ဆန်းစစ်ရမည်ဟု မင်းအောင်လှိုင်က ဆိုသည်။

“တရုတ်-မြန်မာ နယ်စပ်မှာရှိတဲ့ EAO နယ်မြေအချို့မှာ လက်နက်ခဲယမ်းမီးကျောက်စက်ရုံများ တည်ထောင်ထားပြီး လက်နက်များ၊ ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်နေတာကိုလည်း သိရှိရပါတယ်။ အဲ့ဒီ လက်နက်စက်ရုံတွေက ထုတ်လုပ်တဲ့ လက်နက်ခဲယမ်းတွေကို PDF အမည်ခံ အကြမ်းဖက်သမားတွေနဲ့ အခြား EAO အဖွဲ့တွေကို ထောက်ပံ့တာတွေ၊ ရောင်းချတာတွေ ပြုလုပ်နေတာကိုလည်း တွေ့ရှိရပါတယ်။ လုံခြုံ

ရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိတဲ့ လက်နက်တွေ၊ ခဲယမ်းအများစုဟာလည်း အဲ့ဒီစက်ရုံများက ထုတ်လုပ်တဲ့ လက်နက်ခဲယမ်းများ ဖြစ်တာကိုလည်း တွေ့ရှိရပါတယ်။ ဒီလို လက်နက်ခဲယမ်းမီးကျောက်စက်ရုံတွေ တည်ထောင်နိုင်ဖို့ဆိုတာ သာမန်အခြေအနေနဲ့ မရနိုင်ပါဘူး။ ငွေကြေးအင်အားနဲ့ နည်းပညာ အင်အားများ များစွာလိုအပ်တာ ဖြစ်တာကြောင့် ဒီစက်ရုံတွေ လည်ပတ်ဖို့ ငွေကြေးနဲ့ နည်းပညာအင်အား ဘယ်နေရာက ရရှိတာလဲဆိုတာကိုလည်း ဆန်းစစ်သွားရမှလည်း ဖြစ်ပါတယ်”ဟု မင်းအောင်လှိုင်က ပြောသည်။

စစ်ကောင်စီသည် ယခုလပိုင်းများအတွင်း TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်၊နမ့်ဆန်မြို့နယ်များ၊ MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်၊ သိန္နီမြို့နယ်များနှင့် AA ထိန်းချုပ်ထားသည့် မြောက်ဦး မြို့များကို လေကြောင်းတိုက်ခိုက်ခဲ့၍ အရပ်သားသေဆုံးထိခိုက်မှုများ ရှိခဲ့ပြီး နေအိမ်အဆောက်အဦး ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ လုံး၀ ကင်းစင်သွားပြီဖြစ်သော ညီနောင်သုံးဖွဲ့ထိန်းချုပ်ထားသည့် နယ်မြေများ ရှိ ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု များမှ ကင်းဝေးစေရန် အတွက် ညီနောင်သုံးဖွဲ့လမ်းညွှန်ထားသည့်အတိုင်း နေထိုင်သွားလာကြရန် နှင့် ပူးပေါင်းဆောင်ရွက်ရန် လည်း မေတ္တာရပ်ခံထားသည်။

TNLA၊ MNDAA၊ AA ညီနောင်သုံးဖွဲ့နှင့် မဟာမိတ်များ၏ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနှင့် ဒုတိယ ပိုင်းအတွင်း ရှမ်းမြောက်၊ ရက္ခိုင်ဒေသများရှိ မြို့ပေါင်း ၃၀ကျော်ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်သည်။

ဆက်စပ်သတင်းများ