Hi, what are you looking for?
ပြည့်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဂျပန်နိုင်ငံ အိုကီနာဝါငြိမ်းချမ်းရေးဆု ချီးမြင့်ခံရတဲ့အတွက် မယ်တော်ဆေးခန်း ဦးဆောင်သူ ဒေါက်တာစင်သီယာမောင်အား များစွာဝမ်းမြောက်ဂုဏ်ယူကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၉ရက်မှာ ထုတ်ပြန်ခဲ့ပြီး ဒေါက်တာစင်သီယာမောင်နဲ့ မယ်တော်ဆေးခန်းအဖွဲ့သား အားလုံးအား လှိုက်လှဲစွာ ဂုဏ်ပြုကြောင်းဖော်ပြပါတယ်။
သပိတ်ကျင်းတွင် PDF သိမ်းပိုက်ထားသည့် စစ်ကောင်စီစခန်း သုံးခုရှိလာ ဟန်နွေ၊မိထက်၊ဇေအောင်/People’s Spring မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ တွင်းငယ်ရဲစခန်းနှင့် တကောင်းတောင်ပေါ် ရဲစခန်းအား သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်း နှစ်ဦးနှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း အမှတ်(၁)စစ်ဒေသရုံးက ယနေ့(ဇူလိုင်၂၇ ရက်)ညပိုင်းတွင် ထုတ်ပြန်သည်။ ရဲအုပ်(စခန်းမှူး) ကျော်ဝဏ္ဏထွန်းဦးစီးပြီး ရဲအင်အား (၉)ဦးရှိသော...