Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းရှိ တွင်းငယ်နှင့် တကောင်းတောင်ပေါ် ရဲစခန်းသိမ်းပိုက်မှု အမှတ်(၁)စစ်ဒေသ ထုတ်ပြန်

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - အမှတ် (၁)စစ်ဒေသ
သပိတ်ကျင်းတွင် PDF သိမ်းပိုက်ထားသည့် စစ်ကောင်စီစခန်း သုံးခုရှိလာ

ဟန်နွေ၊မိထက်၊ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ တွင်းငယ်ရဲစခန်းနှင့် တကောင်းတောင်ပေါ် ရဲစခန်းအား သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်း နှစ်ဦးနှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း အမှတ်(၁)စစ်ဒေသရုံးက ယနေ့(ဇူလိုင်၂၇ ရက်)ညပိုင်းတွင် ထုတ်ပြန်သည်။

ရဲအုပ်(စခန်းမှူး) ကျော်ဝဏ္ဏထွန်းဦးစီးပြီး ရဲအင်အား (၉)ဦးရှိသော တွင်းငယ်ရွာရဲစခန်းအား မန္တလေးတိုင်း တာဝန်ခံရုံးကွပ်ကဲ၍ အမှတ် (၅၀၉)တပ်ရင်း၊ ကချင်လွတ်လပ်ရေးတအ်မတော်(KIA)၊KPDF၊ ABSDF ကျောင်းသားတပ်နှင့် သပိတ်ကျင်းမြို့နယ် ပကဖတို့က ယနေ့ (ဇူလိုင်၂၇ရက်)နံနက်ပိုင်းတွင် တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း အမှတ်(၁)စစ်ဒေသရုံးက အသိပေးသည်။

စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးပြီးတစ်ဦး ထိခိုက်ဒဏ်ရာရကာ နှစ်ဦး ဖမ်းဆီးရမိ၊နှစ်ဦး ပျောက်ဆုံးနေကြောင်း အမှတ် (၁)စစ်ဒေသရုံးက ထပ်မံအသိပေးသည်။

Public Service Announcement

Public Service Announcement

“တွင်းငယ်ရဲစခန်းရပါပြီ။ ဒီစခန်းက မိုးမိတ်-မန္တလေးလမ်းပိုင်းမှာရှိတဲ့ အခိုင်အမာတပ်ပါ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

စခန်းသိမ်းပိုက်မှုမှ လက်နက်ငယ် (၉)လက်၊ ကျည်မျိုးစုံ ၁၁၀၃တောင့်၊ လက်ပစ်ဗုံး (၅)လုံး၊ ကျည်အိမ် (၁၉)ခု၊ Equipment (၅)ခုနှင့် အခြားပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ကို အမှတ် (၁) စစ်ဒေသရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဇူလိုင် ၂၅ရက် နံနက်ပိုင်းကလည်း တကောင်းတောင်ပေါ်ရှိ ရဲကင်းစခန်းအား အထူးလှုပ်ရှား တပ်ရင်း(၃)နှင့် သပိတ်ကျင်းမြို့နယ် ပကဖတို့ဝင်ရောက်စီးနင်းသိမ်းပိုက်ရာ ရန်သူ့ထံမှ လက်နက်ငယ် ၁၃လက်၊ ကျည်မျိုးစုံ ၁၀၀၀ ကျော်၊ ကျည်အိမ် ၂၈ခု သိမ်းဆည်းရမိခဲ့ကြောင်း အမှတ်(၁)စစ်ဒေသရုံးက သတင်းထုတ်ပြန်သည်။

ဇူလိုင်၂၁ရက်ကလည်း သပိတ်ကျင်းမြို့နယ်ရှိ အင်းနက်ရွာ စစ်ဆေးရေးဂိတ်နှင့် စခန်းကုန်းအား အထူးလှုပ်ရှား တပ်ရင်း(၃)၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ်/တကောင်းတိုက် နယ် ပကဖ ပူးပေါင်းအဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်က (၈) ဦးသေဆုံးပြီး ဒုအရာဗိုလ်အပါအဝင် (၈) ဦး ဖမ်းဆီးရမိ၍ လက်နက်ငယ် (၂၃) လက်၊ ကျည်မျိုးစုံ ၃,၃၇၉တောင့်၊ လက်ပစ်ဗုံး (၄)လုံး၊ ရှေ့ထွက်မိုင်း တစ်လုံးနှင့် ကျည်အိမ် (၉၉)ခု သိမ်းဆည်းရမိခဲ့သည်။

အလားတူ သပိတ်ကျင်းမြို့နယ်၊ မိုးကုတ်-မန္တလေးလမ်းပေါ်ရှိ ချောင်းကြီးစခန်းကိုလည်း ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ ဒေငခံပြည်သူ ခုနစ်ဦးထက်မနည်းသေဆုံးကာ နေအိမ် ၅၀ကျော်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မေ -၁၆၊၂၀၂၆။မိုမို/People’s Spring တကောင်း၊ ထီးချိုင့်၊ အင်းတော်နဲ့ ကသာ စစ်ဆင်ရေးနယ်မြေတွေအတွင်း ဝင်ရောက်လာတဲ့ စစ်တပ်ကို FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒီကနေ့ မေလ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေနဲ့...

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က တကောင်းမြို့ကို ဦးတည်နေတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်း ၂ကြောင်းခွဲထိုးနေပြီး လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်က တကောင်းမြို့ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ စစ်ရှောင်ပြည်သူ ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဖေဖော်ဝါရီ-၂၇၊၂၀၂‌‌၆၊ရှိန်း/ People Spring’s ​တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ထားတဲ့ တကောင်းမြို့ကို အာဏာသိမ်းစစ်တပ်ကပြန်ထိန်းချုပ်ဖို့ကြိုးစားနေပါတယ်။ ၁၀၂‌‌၇ စစ်ဆင်ရေးပြီးကတည်းက တပ်မတော် တန်းမြှင့် လေ့ကျင့်ရေးသင်တန်းကျောင်း (တတက-၁‌၃)ကနေ တွင်းငယ်ရွာအထိကို ပြန် ထိန်းချုပ်ဖို့ နှစ်ချီကြာခဲ့တဲ့ စစ်တပ်ဟာ ဒီတကြိမ်မှာလည်း ရှေ့တိုးဖို့ သိပ်မလွယ်မှန်းကြိုသိခဲ့ပုံပါ။ မန္တလေး ၊ပြင်ဦးလွင်မြို့ဘက်ကနေ နောင်ချိုတိုက်ပွဲပြန်တပ်တွေပါ တပ်အပြောင်းအလဲများစွာလုပ်ပြီး...