Connect with us

Hi, what are you looking for?

သတင်း

တကောင်းတောင်ပေါ်ရှိ ရဲကင်းအား PDF များ တိုက်ခိုက်သိမ်းပိုက်ပြီး သေနတ် ၁၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရ

သပိတ်ကျင်းမြို့နယ်၊ တကောင်းတောင်ပေါ်ရှိ စစ်ကောင်စီ လက်အောက်ခံ ရဲကင်းအားဇူလိုင်၂၅ရက်တွင် အမှတ် (၁)စစ်ဒေသ၊ မန္တလေးတိုင်း PDF တာဝန်ခံကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် အမှတ် (၃)အထူးတပ်ရင်းနှင့် သပိတ်ကျင်းမြို့နယ် (ပကဖ)တို့က စီးနင်းတိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - MOD

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတောင်ပေါ်ရှိ စစ်ကောင်စီ၏ ရဲကင်းအား ဒေသကာကွယ်ရေးအဖွဲ့များက စီးနင်းသိမ်းပိုက်ခဲ့ရာ သေနတ် ၁၃လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်က ယနေ့(ဇူလိုင်၂၇ရက်)တွင် သတင်းထုတ်ပြန်သည်။

သပိတ်ကျင်းမြို့နယ်၊ တကောင်းတောင်ပေါ်ရှိ စစ်ကောင်စီ လက်အောက်ခံ ရဲကင်းအားဇူလိုင်၂၅ရက်တွင် အမှတ် (၁)စစ်ဒေသ၊ မန္တလေးတိုင်း PDF တာဝန်ခံကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် အမှတ် (၃)အထူးတပ်ရင်းနှင့် သပိတ်ကျင်းမြို့နယ် (ပကဖ)တို့က စီးနင်းတိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သားများထံမှ လက်နက်ငယ် ၁၂လက်၊ ခြောက်လုံးပြူး တစ်လက်၊ ကျည်အိမ် (၂၈) ခုနှင့် ကျည်မျိုးစုံ ၁,၀၀၀ကျော် သိမ်းဆည်းရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်က အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေကို ထုတ်ပြန်ချက်၌ ဖော်ပြထားခြင်း မရှိသေးပေ။

သပိတ်ကျင်းမြို့နယ်အတွင်း စခန်းသိမ်းတိုက်ပွဲများဆင်နွှဲနေပြီး ဇူလိုင် ၂၅ရက်ကပင် တွင်းငယ် ရဲစခန်းကို KIA ၊ KPDF နှင့်ABSDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာလက်နက်ခဲယမ်းများနှင့် ကားများသိမ်းဆည်းရရှိထားသည်။

အလားတူ သပိတ်ကျင်းမြို့နယ်၊ မိုးကုတ်-မန္တလေးလမ်းပေါ်ရှိ ချောင်းကြီးစခန်းကိုလည်း ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ ပြည်သူ ၇ဦးထက်မနည်း သေဆုံးကာ နေအိမ် ၅၀ကျော် ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာ စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ပြင်ဆင်နေပြီး လူငယ် တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေပိုလုပ်နေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook