Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးမြို့ကို စစ်ကောင်စီရေကြောင်းမှ ထိုးစစ်ဆင်တိုက်ခိုက်သော်လည်း အထိနာ၍ ပြန်ဆုတ်သွား

မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များ တော်လှန်ရေးအသိသတိရှိပေးရန်နှင့် လေးစားလိုက်နာရမည့် ကျင့်ဝတ်စံနှုန်းများနှင့်အညီ ပြုမူနေထိုင်ပေးရန် မန္တလေး PDFတိုက်တွန်း

စဥ့်ကူးမြို့ကိုသိမ်းပိုက်ခဲ့သည့် ဇူလိုင်၁၇ရက်က မန္တလေး PDFမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MDY PDF

ဇေအောင်/People’s Spring

စဉ့်ကူးမြို့ကို စစ်ကောင်စီက ရေကြောင်းမှ တန်ပြန်ထိုးစစ်ဆင်ခဲ့သော်လည်း အထိနာ၍ ပြန်ဆုတ်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ (ဇူလိုင်၂၇ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် နယ်မြေလုံခြုံရေးနှင့် စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်အတွက် ပြင်ဆင်နေကြောင်း မန္တလေး PDFက အသိပေးသည်။

မန္တလေး PDF ဦးဆောင်သည့် ပူးပေါင်းတပ်သည် ဇူလိုင် ၁၇ ရက်တွင် စဥ့်ကူးမြို့အား အပြီးသတ် သိမ်းပိုက်ရရှိခဲ့သည်။သို့သော် ဇူလိုင် ၂၀ ရက်တွင် စစ်ကောင်စီက သင်္ဘော ၅စီးဖြင့်ရေကြောင်းမှတဆင့်တန်ပြန်ထိုးစစ်ဆင်လာ၍ တုံ့ပြန်တိုက်ခိုက်ရာ အထိနာပြီး မြစ်တဘက်ကမ်းသို့ ဆုတ်ခွာသွားကြောင်း မန္တလေး PDFက အသိပေးသည်။

ထို့ကြောင့် စဥ့်ကူးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် အချိန်မရွေးဖြစ်ပေါ်လာနိုင်သည့် စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်အတွက် ပြင်ဆင်မှုများလုပ်ဆောင်နေချိန် ဖြစ်သောကြောင့် ယခုကာလကို ရှုပ်ထွေးသောကာလအဖြစ် သတ်မှတ် နိုင်ကြောင်း မန္တလေး PDFက ထပ်မံအသိပေးသည်။

မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ရေးအသိ၊ စစ်ရေးသတိ မပေါ့လျော့ဘဲ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ကြရန် မန္တလေး PDFက

တိုက်တွန်းသည်။

ထို့အပြင် စစ်ကောင်စီသည် ပြည်သူကိုပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးတိုက်ခိုက်မှုများ ပြုလုပ်၍ စစ်ရာဇဝတ်မှုများ ပေါ်ပေါ်ထင်ထင် ကျူးလွန်နေခချိန်ဖြစ်သောကြောင့် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ပြည်သူလူထု ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် လုပ်ရပ်များနှင့် ပြည်သူကိုမျက်နှာမူခြင်းမရှိသည့် လုပ်ရပ်များကို ရှောင်ရှားကြပါရန် မန္တလေး PDFက ထပ်မံတိုက်တွန်းသည်။

စဥ့်ကူးမြို့နယ်သည် စစ်ဆင်ရေးလုပ်ငန်းများ ဖော်ဆောင်နေဆဲကာလဖြစ်သောကြောင့် မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ဆင်ရေးကာလအတွင်း လေးစားလိုက်နာရမည့် ကျင့်ဝတ်စံနှုန်းများနှင့်အညီ ပြုမူနေထိုင်ပေးကြပါရန် လေးလေးနက်နက်တိုက်တွန်းကြောင်း မန္တလေး PDFက ထုတ်ပြန်ထားသည်။

စဥ့်ကူးမြို့ကို စစ်ကောင်စီက ရေကြောင်းနှင့် ကျောက်မြောင်းတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေ၍ ပြည်သူများမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။

“တောတွေထဲရှိမယ်ထင်ပြီး ကျောက်မြောင်းဘက်ကနေ လက်နက်ကြီးတွေနဲ့ နေ့တိုင်းပစ်နေတာ။”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စဉ့်ကူးမြို့အပါအဝင် ယင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ စခန်းများအားလုံးအားဇူလိုင် ၁၇ရက်တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူသော မြို့အဖြစ် သမိုင်းမှတ်တမ်းဝင်သွားပြီဖြစ် ကြောင်း မန္တလေး PDFက ယမန်နေ့ (ဇူလိုင်၂၀ရက်)တွင် သတင်းထုတ်ပြန်ခဲ့သည်။

စဉ့်ကူးစစ်ဆင်ရေးများတွင် သုံ့ပန်း အများအပြား ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်ရမိခဲ့သည်ဟု မန္တလေး PDF က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)- MDY PDF ၊ အထူးလှုပ်ရှားတပ်မက ဒု-နည်းဗျူဟာမှူးအဆင့်ရှိ ရဲဘော် (၁)ဦး၊ တပ်ရင်းမှူးအဆင့်ရှိ ရဲဘော် (၄)ဦး၊ ရဲဘော် (၅) ဦး နဲ့ ရန်သူ့ထံ လက်နက်ချ အညံ့ခံသွားတဲ့ ရဲဘော်တွေကို ကနဦးအနေနဲ့ အမည်ပျက်စာရင်းတင်သွင်းပြီး ပြစ်မှုအပေါ်မူတည်ပြီး ချမှတ်ထားတဲ့...

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။